About

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

Tuesday, June 24, 2014

C8816 - C8816D Bootloader Code မတောင်းဘဲRoot နည်း

Thiha Htike | 11:46 AM | Best Blogger Tips

 


C8816 ကို  Root လုပ်ဖို့လိုတဲ့ သူငယ်ချင်းများ အတွက် Bootloader Unlock မလုပ်ဘဲ Root လုပ်လို့ရအောင်  ပို့စ်တစ်အနေနဲ့တင်ပေးလိုက်ပါတယ် ကျွန်တော်ကိုယ်တိုင် စမ်းသပ်ထားတာမဟုတ်ပေမဲ့ အဆင်ပြေနေတဲ့ ဘော်ဒါများကိုတွေ့နေရပါတယ် အဲ့ဒါကြောင့် ပို့စ်တင်လိုက်ရတာပါ ကဲ အောက်မှလုပ်ပုံလုပ်နည်းလေးကိုကြည့်ပါအုံး ဒါနဲ့ ဒီနည်း က Baseband Version နိမ့်တဲ့ ဖုန်းတွေရမှာမဟုတ်ပါဘူး B183 ဆိုရပါတယ် စမ်းထားတဲ့ အလုံးလေးပါ ..
 
လိုအပ်တာအောက်မှာဒေါင်းပါ 


 RootTools.zip



ဒေါင်းလို့ရလာတဲ့ ဖိုင်ထဲက towelroot_1.0.apk ရယ် SuperSU_1.94.apk ကို Install လုပ်ပါ



make it ra 1n ဆိုတာကို တစ်ချက်နှိပ်ပေးပါ 

15 sec  လောက်စောင့်ပေးပါ 

reboot ကျသွားပါလိမ့်မယ် 

ပြီးရင် superuser ကိုဖွင့်ပါ contine ကိုနှိပ်ပေးပါ ကယ် Root ရပါပြီ 

ပြီးရင် မိမိ နှစ်သက်တဲ့ Font Changer နဲပြောင်းပါ 

 Credit ပေးသင့်သူများကို ပေးပါတယ်ဗျာ


Thiha Htike

 


Wednesday, June 18, 2014

Porn Movie မှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ Jackie Chan

Black Magic | 9:30 PM | | Best Blogger Tips

http://image.tmdb.org/t/p/w500/mnte4hupu5cPYiRehdSplbbWsRj.jpg
ကမ္ဘာကျော် ကွန်ဖူး မင်းသား Jackie Chan ဟာ ကွန်ဖူး မင်းသားမဖြစ်ခင်က ဖူး မင်းသား ဖြစ်ဖူးသေးတယ်ဆိုရင် နဲနဲများ အံသြသွားမလား မသိဘူး..၊
၁၉၇၅ ခုနှစ်က All in the Family (Hua fei man cheng chun) ဆိုတဲ့ Porn Movie တစ်ခုမှာ ဝင်ပြီး သရုပ်ဆောင်ခဲ့ဖူးပါတယ်..၊
ပြီးတော့ အဲဒီကားက သူရိုက်ခဲ့တဲ့ထဲမှာ Fighting မပါတဲ့ တစ်ခုထဲသော ဇာတ်ကားပါ..၊

အဲ့တုန်းက Jackie Chan အသက်က ၂၀ ဝန်းကျင်ပဲ ရှိပါသေးတယ်။ အနုပညာ လောကမှာ နာမည်သိပ်မရသေးတော့ Porn movie မှာ ပါဝင်သရုပ် ဆောင်ဖို့ လက်ခံလိုက်ခြင်း ဖြစ်ပါတယ်။ အဲလို သရုပ်ဆောင်ခဲ့ဖူးတာနဲ့ ပက်သက်လို့ Jackie Chan က အင်တာဗျူးတစ်ခုမှာ နောင်တမရကြောင်း ဖြေကြားခဲ့ပါသေးတယ်။
File:Jackie Chan All in Family1.jpg

"ဟောင်ကောင်မှာ အဲ့ဒီအချိန်တုန်းက ခေတ်အစားဆုံးက Porn Movie ပဲဗျ။ မင်းသား တစ်ယောက်ဖြစ်ဖို့ဆိုတာ ရွေးနေလို့ မရဘူးလေ။ Marlon Brando လို မင်းသားတစ်ယောက်လုံး ပါလို့ နာမည်ကြီးမယ့် Porn ဖြစ်ရင်တောင် ကျွန်တော်ဒါကို အလေးထားမှာမဟုတ်ဘူး။ ဒီအတွက် ကျွန်တော် နောင်တ လုံးဝမရပါဘူး"

Jackie Chan အနေနဲ့ ရုပ်ရှင်လောကရောက်လာဖို့ ကြိုးပမ်းရာမှာ အဲဒီ Porn Movie ကလည်း အထောက်အပံ့တစ်ခု ဖြစ်ခဲ့ပါတယ်။ ဟောင်ကောင် ရုပ်ရှင် လောကမှာ အခြေခံဆုံးဘဝက စလို့ ကြိုးစားလာရာ ယနေ့ အချိန်မှာ ကမ္ဘာကျော် ကွန်ဖူးမင်းသားလို့ လူသိများစေခဲ့ပါတယ်။

Jackie Chan ပါခဲ့တဲ့ All in the Family ရုပ်ရှင်အကြောင်းကို တော့ အောက်က Link တွေမှာ လေ့လာနိုင်ပါတယ်..၊

http://en.wikipedia.org/wiki/All_in_the_Family_%28film%29
http://www.imdb.com/title/tt0080897/

အမြည်းကြည့်ချင်တယ်ဆိုရင်တော့ Youtube
18+ တွေ စ-ဆုံး ကြည့်ချင်တယ်ဆိုရင်တော့ http://archive.today/oXl6w

Tuesday, June 17, 2014

မဟာဗုဒ္ဓ၀င် For Android (135.25 MB)

Black Magic | 9:42 PM | Best Blogger Tips



File Size တော့နဲနဲကြီးပါတယ်..၊ File Size ကြီးသလို တော်တော်လေးလည်း ပြည့်ပြည့်စုံစုံပါပါတယ်..။

P Cloud
Goolge Drive

  

ငရဲကြီး ၈ ထပ် နှင့် ၃၁ ဘုံ For Android (7.87 MB)

Black Magic | 9:25 AM | Best Blogger Tips








မောင် မင်း လူ က လေး ... ဘယ်အထပ်နေချင်လည်း... ??  ဟီး... စတာနော် .. စိတ်မဆိုးကြေး.. :)
ငရဲ ၊ တိစ္ဆာန် ၊ ပြိတ္တာာ ၊ အသူရကာယ် ဘုံတွေအကြောင်းကို ပုံလေတွေနဲ့ ရှင်းပြပေးထားတဲ့ Application လေးပါ... ။


Download (My Cloud App)
Download (P Cloud)
___

Saturday, June 7, 2014

ံHTC One (M8) နှင့် Desire 816 ဖုန်းမော်ဒယ်နှစ်မျိုး ဈေးကွက်ဝင်

Thiha Htike | 5:15 PM | Best Blogger Tips

one 


 FROM: Internal Journal

 HTC ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းမော်ဒယ်နှစ်မျိုးဖြစ်တဲ့ HTC One (M8) နဲ့ Desire 816 ဖုန်းတွေကို ပြည်တွင်းဈေးကွက်မှာ ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။ HTC One (M8) ကို ကန်ဒေါ်လာ 699 ၊ Desire 815 ကို ကန်ဒေါ်လာ 395 နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ကမ္ဘာပထမဆုံးသတ္တုကိုယ်ထည်ကို အသုံးပြုထုတ်လုပ်ထားတဲ့ HTC One (M8) မှာ Selfie ရိုက်ကူးမှုအတွက် အထောက်အကူပြု ကင်မရာလုပ်ဆောင်ချက်တွေ၊ အရေးပေါ်အသုံးပြုနိုင်ဖို့အတွက် ဘက်ထရီပါဝါကို ကြာရှည်ခံအောင် ပြုလုပ်ပေးတဲ့လုပ်ဆောင်ချက်သစ်တွေ၊ ဗီဒီယိုနဲ့ သီချင်းနားထောင်ခြင်းအတွက် စတူဒီယိုအသံထွက်ကို ရရှိနိုင်ခံစားနိုင်မယ့် စကရင်ထိပ်ဖက်မျက်နှာပြင်နဲ့ အောက်ဘက်မျက်နှာပြင်တွေမှာ စပီကာစနစ်ပါဝင်မှာဖြစ်ပါတယ်။ Desire 816 ကတော့ တန်ဖိုးနည်းနည်းနဲ့ များပြားလှစွာသော လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မယ့် စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး စကရင်ကြီးကြီး၊ ပါးလွှာတဲ့ဒီဇိုင်း၊ စတူဒီယိုအသံထွက်နဲ့ ဖန်စီကာလာနှစ်သက်သူတွေ အကြိုက်တွေ့စေမယ့် ဖုန်းအမျိုးအစားပဲဖြစ်ပါတယ်။



Thiha Htike


REF&Credit: Internal Journal

တယ်လီနောဆင်းမ်ကတ်များ ၁၅၀၀ကျပ်ဖြင့် စက်တင်ဘာလတွင် စတင်ရောင်းမည်

Thiha Htike | 5:13 PM | Best Blogger Tips

t 


တယ်လီနောမြန်မာကုမ္ပဏီမှ မိုဘိုင်းဆင်းမ်ကတ်များကို စက်တင်ဘာလတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး အသက်အရွယ်ကန့်သတ်ချက်မရှိဘဲ မှတ်ပုံတင်ရှိသူတိုင်း မိုဘိုင်းဆင်းမ်ကတ်များ လိုသလောက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 ဆင်းမ်ကတ်များဝယ်ယူရန်အတွက် ကြိုတင်စာရင်းပေးသွင်းခြင်းမျိုးမရှိဘဲ ဆင်းမ်ကတ်များကို ၁,၅၀၀ကျပ်အတိဖြင့် ရောင်းချသွားမည်ဖြစ်ရာ စိတ်ဝင်စားဖွယ်အရောင်းမြှင့်တင်မှုအစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီက ထုတ်ပြန်သည်။ တယ်လီနောမိုဘိုင်းဆင်းမ်ကတ်ဝယ်ယူပြီးသည်နှင့် တစ်ပြိုင်နက် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး အင်တာနက်ပါ တစ်ပါတည်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း ဇွန်လ ၂ရက်က ပြုလုပ်ခဲ့သည့် Net Monday ပွဲတွင်တယ်လီနောမြန်မာအမှုဆောင်အရာရှိချုပ်Mr.Petter Furbergက ပြောသည်။ 

မိုဘိုင်းဆင်းမ်ကတ်များကို 2G နှင့် 3Gနှစ်မျိုးရောင်းချပေးမည်ဖြစ်ပြီး မြို့ကြီးများတွင် 3Gမိုဘိုင်း ဆင်းမ်ကတ်များကို စတင်ရောင်းချပေးမည်ဖြစ်သည် ဈေးကွက်တွင် TLE(Long-Term Evolution)ပါဝင်သော မိုဘိုင်းဖုန်းအသုံးပြုမှု လုံလောက်သည့်အခါမှသာ တယ်လီနောက 4GLTE၀န်ဆောင်မှုကို ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် တယ်လီနောက ဆက်သွယ်ရေးစခန်း တစ်ထောင်တည်ဆောက်ပြီးဖြစ်ကြောင်းထုတ်ပြန်ခဲ့ပြီး တစ်လလျှင်စခန်း ပေါင်းသုံးရာမှ လေးရာအထိ တည်ဆောက်သွားနိုင်မည်ဖြစ်သည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်ဖြန့်ကြက်မှုကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေးစခန်းပေါင်းရှစ်ထောင်ကျော်တည် ဆောက်သွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သိရသည်။ တယ်လီနောမြန်မာကုမ္ပဏီက ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင်Data Center များတည်ဆောက်ပြီး ဗီဒီယိုနှင့် အသံခေါ်ဆိုမှုများကို စမ်းသပ်ပြီးဖြစ်ရာ စက်တင်ဘာလတွင် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် အဓိကထား၍ 3G မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



Thiha Htike


Ref:&Credit: 7Day News Journal

Sunday, June 1, 2014

DOTA 2

Black Magic | 2:16 AM | Best Blogger Tips

Internet Journal မှာပါတဲ့ ဆောင်းပါးကို ..၊ ကိုမျိုး (လွမ်းမပြေသုတရပ်ဝန်း) မှာတင်ထားတာတွေ့လို့ ဗဟုသုတ အနေနဲ့ တင်ပေးလိုက်တယ်ဗျာ..၊ နောက်နေ့မှ Software အလန်းတွေတင်ပေးမယ်..၊
Magic




ကမ္ဘာကြီး တိုးတက်ပြောင်းလဲ လာတာနဲ့အမျှ အဆင့်မြင့် ဗီဒီယိုဂိမ်း အမျိုးအစားပေါင်း များစွာဟာလည်း အချိန်နဲ့ တစ်ပြေးညီ အသစ်အသစ်တွေ ထွက်ရှိလျက်ရှိပါတယ်။ အဆိုပါအချက်ကို အကြောင်းပြုပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ လူကြီးလူငယ်မရွေး ဂိမ်းကို အပျော်ကစားရုံ သက်သက် မဟုတ်တော့ဘဲ Esport အားကစားတစ်ခု အနေနဲ့ အတည်တကျ သတ်မှတ်ပြီး Professional ဆန်ဆန်ကစားခဲ့ကြတာ ဆယ်စုနှစ်တစ်ခုခန့် ရှိခဲ့ပါပြီ။ ဂိမ်းအမျိုးအစားပေါင်းများစွာရှိတဲ့အနက် ကျွန်တော်တို့မြန်မာနိုင်ငံမှာ လက်ရှိအောင်မြင်ကျော်ကြားလျက်ရှိတဲ့ DotA 2 (Defense of the Ancient 2) ဆိုတဲ့ Online Multiplayer Game ဟာလည်း အအောင်မြင်ဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ DotA 2 ဟာ MOBA (Multiplayer Online Battle Arena) ဂိမ်းအမျိုး အစားဖြစ်ပြီး Valve Corporation က မူပိုင်ခွင့်ရ ယူ၍ ရေးဆွဲထုတ်လုပ်လျက်ရှိပါတယ်။ ၂၀၁၁ ခုနှစ်မှာ Beta Verson ကို လွှင့်တင်ခဲ့ပြီးနောက် ၂၀၁၃ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှာတော့ "Free to Play" ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာနှင့်အဝန်းကို တရားဝင်ဖြန့်ချိခဲ့ ပါတယ်။ လက်ရှိအချိန်မှာတော့ Microsoft Windows, Linux နဲ့ OS X တို့မှာ ထည့်သွင်းဆော့ကစား လို့ရနေပါပြီ။

Gameplay အနေနဲ့ကတော့ ကစားပွဲတစ်ခုတိုင်းဆီမှာ ဆန့်ကျင်ဘက်အသင်း ၂ သင်းပါဝင်ကာ တစ်ဖက် ကို ကစားသမား ၅ ယောက်နှုန်းနဲ့ စတင်ရမှာဖြစ်ပြီးတော့ မြေပုံရဲ့အစွန်းတစ်ဖက်တစ်ချက်ဆီမှာ "Radiant" နဲ့ "Dire" လို့ ခေါ်တဲ့ ကိုယ့်အသင်းနဲ့သက်ဆိုင်တဲ့ ခံတပ်တစ်ခုဆီ ပါဝင်မှာဖြစ်ပါတယ်။ ကစားသမားတွေ ဟာ ရန်သူ့အသင်းရဲ့ခံတပ်အတွင်းမှာရှိတဲ့ "Ancient" လို့ခေါ်တဲ့ အဓိက အဆောက်အအုံကို ဖျက်ဆီးပစ် ရမှာက DotA 2 ရဲ့အဓိက Gameplay ဖြစ်ပါတယ်။ "Defense of the Ancient" ဆိုတဲ့ နာမည်အတိုင်း မိမိဘက်က Ancient ကို ကာကွယ်ရင်း ရန်သူ့အသင်းဘက်မှာရှိတဲ့ "Ancient" ကို ချိုးဖျက်ဖို့အတွက် အသင်းသား ၅ ယောက်ဟာ Teamwork ကို အဓိကအသုံးချပြီး တစ်ဖက်နှင့်တစ်ဖက် အားပြိုင်ကာ ကစားရတဲ့ Strategy Game တစ်ခုဖြစ်ပါတယ်။ ကစားသမားတစ်ဦးဆီဟာ "Hero" လို့ခေါ်တဲ့ Player Control unit တစ်ခုဆီကို ကိုင်တွယ်ကာကစားရမှာဖြစ်ပြီး ကစားပွဲတစ်လျှောက် level နဲ့ gold များ ရရှိအောင် Lane creep, Jungle Creep များနဲ့ ရန်သူ့ Hero များကို တိုက်ခိုက်သတ်ဖြတ်၍ ရှာဖွေရ မှာဖြစ်ပြီး မိမိရဲ့ "Hero" ကို ပိုမိုကြံ့ခိုင်လာစေဖို့ Item များကို အဆင့်မြှင့်တင်ကာ အနိုင်ရရှိအောင် ဆော့ ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။ ကစားပွဲတစ်ခုအတွက် အနည်းဆုံးကစားသမား ၂ ဦးကနေ ၁၀ ဦးအထိ ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။

DotA 2 ကစားပွဲတစ်ပွဲ၌ ပျမ်းမျှကြာချိန်ဟာ မိနစ် ၄၀ ခန့်ဖြစ်ပြီး အဓိကအားသာချက်ကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ Gameplay ပုံစံပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ DotA 2 မှာ မတူညီတဲ့ Hero အရေအတွက် (၁၀၇) ကောင်ပါဝင်ပြီး Item အမျိုးအစားပေါင်း (၁၃၉) မျိုးရှိတဲ့အတွက် ကစားပွဲတစ်ပွဲတိုင်းဆီမှာ မတူ ညီနိုင်တဲ့ Hero ရွေးချယ်မှုတွေအပြင် မတူညီနိုင်တဲ့ Item တည်ဆောက်ပုံတွေ ကွဲပြားနိုင်ပြီး မတူညီတဲ့ နည်းဗျူဟာတွေနဲ့ ကစားရမှာဖြစ်တဲ့အတွက် DotA 2 ဟာ လက်ရှိကမ္ဘာကျော် Video Game တစ်ခုအဖြစ် တည်ရှိနေခြင်းဖြစ်ပါတယ်။ DotA ဟာ သာမန်ဂိမ်းတွေလိုမျိုး တစ်ခါနိုင်ပြီးသွားရင် အခွေကို သေတ္တာထဲ
ထည့်သိမ်းထားလိုက်ရတဲ့ ပုံစံမျိုးမဟုတ်ဘဲ အချိန်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့ မိမိရဲ့အရည်အသွေးပေါ် မူတည်တဲ့ ဂိမ်းမျိုးဖြစ်လို့ မရိုးသွားနိုင်၊ မပျင်းသွားနိုင်ဘဲ ထပ်ခါထပ်ခါ ကစားချင်အောင် ဆွဲဆောင်နိုင်တဲ့ အဆင့်မြင့်ဂိမ်း အမျိုးအစားတစ်ခု ဖြစ်တယ်ဆိုတာ DotA ကစားဖူးသူတိုင်းသာ သိရှိနားလည်နိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ DotA ကစားသမားအများစုဟာ DotA နဲ့ DotA 2 ကို မတူညီဘူးလို့ ထင်မြင်နေကြပါ တယ်။ တကယ်တော့ DotA နဲ့ DotA 2 ဟာ ၉၅ ရာခိုင်နှုန်းခန့် တူညီပြီးသား Gameplay တစ်ခုပဲ ဖြစ်ပါ တယ်။ ကျန်တဲ့ ၅ ရာခိုင်နှုန်းဟာ နာမည်အခေါ်အဝေါ်အချို့တစ်ဝက်နဲ့ ပိုမိုကောင်းမွန်သွားတဲ့ ရုပ်ထွက် အရည်အသွေးသာဖြစ်တယ်ဆိုတာကိုတော့ DotA 2 ဆော့ကစားဖူးသူတိုင်း သိတဲ့အချက်ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ဂိမ်းရဲ့အဓိကအရသာတွေကို လုံးဝမထိခိုက်ဘဲ သတ်သတ်မှတ်မှတ် ဆော့ကစားနိုင်အောင် Valve Corporation က အဆင့်မြှင့်တင်ပေးခဲ့တာ ဖြစ်ပါတယ်။ အများစုသော လူငယ်တွေက ဂိမ်းလို့ပြောလိုက်ရင် DotA တစ်မျိုးတည်းကိုပဲ ဂိမ်းလို့ထင်လောက်တဲ့အထိကို DotA ဟာ မြန်မာနိုင်ငံပေါ်မှာ လွှမ်းမိုးထားပါ တယ်။ မြန်မာနိုင်ငံဟာ DotA တစ်မျိုးတည်း ထွန်းကားတဲ့အလျောက် Online Multiplayer Game တွေ အမြောက်အမြားရှိပေမယ့် တခြားနိုင်ငံတွေလိုမျိုး League of Legend, HoN, CSGO, Diablo, Star Craft လိုမျိုး ဂိမ်းတွေသိပ်မထွန်းကားဘဲ DotA ကိုသာ လူစိတ်ဝင်စားမှု အများဆုံးဖြစ်ပါတယ်။ ဒီလိုကမ္ဘာကျော် ဂိမ်းတစ်ခုဖြစ်တဲ့ DotA 2 ဟာ DotA နဲ့ ရာနှုန်းပြည့်နီးပါး တူညီနေတယ်ဆိုတဲ့အချက်ကို DotA ဖြစ်ပေါ် လာပုံ သမိုင်းကြောင်းအဆင့်ဆင့်ကို လေ့လာခြင်းအားဖြင့် သိနိုင်ပါတယ်။

DotA မပေါ်ပေါက်ခင် ၂၀ ရာစု အစောပိုင်းကာလများတုန်းက StarCraft ဆိုတဲ့ ဂိမ်းမှာ နာမည်ကြီး Aeon of Strife ဆိုတဲ့ Custom Map တစ်ခု ထွက်ရှိခဲ့ပါတယ်။ အဆိုပါမြေပုံရဲ့ Gameplay ပုံစံကတော့ အသင်း ၂ သင်းပါရှိပြီး အဲ့ဒီအသင်း ၂ သင်းမှာ ကိုယ်ပိုင်ခံတပ်တွေ ရှိပါတယ်။ တစ်ဖက်ကို ကစားသမား ၄ ယောက် ခန့် ပါဝင်ကစားရပြီး ခံတပ် ၂ တပ်ကို ဆက်သွယ်ထားတဲ့ လမ်း ၄ လမ်းပေါ်မှာ အဆုံးမသတ်နိုင်တဲ့ creep အုပ်တွေနဲ့အတူ ရန်သူရဲ့ခံတပ်တစ်ခုလုံးကို တိုက်ခိုက်ရတဲ့ Aeon of Strife ဆိုတဲ့ StarCraft ထဲက Map တစ်ခုဟာ နာမည်ကြီးဂိမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ Warcraft 3 : Reign of Chaos ထွက်ရှိခဲ့တဲ့ ၂၀၀၂ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့မှာ ထူးခြားစွာပဲ ကစားသမားတွေဟာ ကိုယ်ပိုင်စိတ်ကြိုက်မြေပုံ ရေးဆွဲနိုင်တဲ့ World Editor ကို Blizzard Entertainment က ထည့်သွင်းပေးခဲ့ပြီး အဆိုပါ World Editor ကို အသုံးပြုပြီး Aeon of Strife ရဲ့ အကြံဉာဏ်အချို့တစ်ဝက်ကို မှီငြမ်းကာ "Eul" ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ "Defense of the Ancient" (DotA) ဆိုတဲ့ Custom Map တစ်ခုကို တီထွင် ရေးဆွဲပြီး Warcraft ရဲ့ Battle.net မှာ လွှင့်တင်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာကျော် DotA Game စတင်ဖြစ်ပေါ်လာတဲ့ ပထမဆုံးခြေ လှမ်းပဲ ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မှာတော့ Warcraft 3 : The Frozen Throne ဆိုတဲ့ Version အသစ်ကို ထုတ်လုပ်လိုက်တဲ့အခါမှာ "Eul" ဟာ သူ့ရဲ့ DotA ကို အနည်းငယ်ပြောင်းလဲပြီး "DotA 2 : Thirst for Gamma" ဆိုတဲ့ Custom Map တစ်ခုကို အသစ်ရေးဆွဲပြီး လွှင့်တင်လိုက်ပါတယ်။ The Frozen Throne အရောက် ထင်သလောက် အောင်မြင်မှုမရရှိတဲ့နောက်မှာ "Eul" ဟာ သူ့ရဲ့ DotA မြေပုံကို Open Code-Source အနေနဲ့ ရေးသားခွင့်ပေးခဲ့ပြီးနောက် လုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီ့နောက်ပိုင်း မှာတော့ မြေပုံဆွဲသမား အမြောက်အမြားဟာ အောင်မြင်စပြုနေတဲ့ DotA ရဲ့နာမည်ကို အခြေခံပြီး DotA မြေပုံအသစ်အသစ်တွေကို သူ့ထက်ငါ အပြိုင်ရေးဆွဲခဲ့ကြပါတယ်။ အဆိုပါခေတ်ကာလများတုန်း ကတော့ DotA ရဲ့အခေါ်အဝေါ်တွေဟာ "DotA DX Series", "DotA Unforgiven", "DotA Outland" အစရှိသဖြင့် အမျိုးမျိုးထွက်ပေါ်လာခဲ့ပေမယ့် နောက်ဆုံးမှာတော့ အအောင်မြင်အကျော်ကြားဆုံး "DotA Allstar" ဆိုတဲ့ Series တစ်ခု ထွက်ရှိလာပါတော့တယ်။ ဒီလိုအပြိုင်အဆိုင် DotA မြေပုံတွေ ထွက်ပေါ် ခဲ့ခြင်းဟာ Warcraft ရဲ့ Battle.net ပေါ်မှာ DotA ကို အောင်မြင်လာစေတဲ့ သမိုင်းကြောင်းကောင်း တစ်ရပ် ဖြစ်ခဲ့ပါတယ်။ အဆင့်ဆင့် Version တွေ တိုးတက်ပြောင်းလဲလာခဲ့ရင်း DotA Allstar v3.0d ဆိုတဲ့မြေပုံကို အရောက်မှာတော့ လက်ရှိ DotA အားလုံးရဲ့အောင်မြင်မှုကို တီထွင်ခဲ့တဲ့ "Guinsoo" ဆိုတဲ့ ပါရမီရှင်ဟာ DotA Allstar သမိုင်းကြောင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။

Steve "Guinsoo" Feak ဟာ v3.0d မြေပုံကို ၂၀၀၄ ခုနှစ်၊ မတ်လအတွင်းမှာ လွှင့်တင်ခဲ့ပြီး တစ်လခန့် အကြာမှာတော့ v4.0a ကို ထပ်မံလွှင့်တင်လိုက်ပါတယ်။ အဆိုပါမြေပုံဟာ ကျွန်တော်တို့ DotA ထဲက အဓိကဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ "Roshan" ကြီး ပါဝင်လာခဲ့တဲ့ ပထမဆုံးမြေပုံလည်း ဖြစ်ပါ တယ်။ နောက်ပိုင်း v4.xx မြေပုံများကို အမွေဆက်ခံပြီး v5.0a ကို Hero အသစ်များနဲ့ Item အသစ် အမြောက်အမြားကို မိတ်ဆက်ပြီးလွှင့်တင်လိုက်တဲ့ အချိန်မှာတော့ DotA ကစားသမား အသစ်များ အစုလိုက်အပြုံလိုက် ပေါ်ထွက်လာပါတော့တယ်။ အောင်မြင်မှု အမြောက်အမြားကို ရရှိခဲ့ပြီးနောက် "Guinsoo" ဟာ သူတစ်ဦးတည်း ရေးဆွဲနေရာကနေ ၂၀၀၄ အောက်တိုဘာလအရောက်မှာတော့ အဆိုပါအချိန်က နာမည်ကြီး DotA Clan တစ်ခုအနေနဲ့ ရပ်တည်နေတဲ့ TDA (Team Dota Allstar) ရဲ့ အဓိကကစားသမား ၂ ဦးဖြစ်တဲ့ Neichus နဲ့ "IceFrog" ကို သူ့ရဲ့မြေပုံဆွဲသမားအသင်းထဲကို ထည့်သွင်း ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံး လက်ရှိဆော့ကစားနေတဲ့ DotA နဲ့ DotA 2 ကို ရေးဆွဲပေးနေတဲ့ "IceFrog" ဆိုတဲ့ပုဂ္ဂိုလ် ပေါ်ထွက်လာခဲ့တဲ့ သမိုင်းကြောင်းဖြစ်ပါတယ်။

ဧပြီလ ၂၀၀၄ ခုနှစ်မှာ ကမ္ဘာ့ပထမဦးဆုံး DotA Clan ဖြစ်တဲ့ TDA (Team DotA Allstar) ကို ဖွဲ့စည်းခဲ့ တာဖြစ်ပြီး အဆိုပါ Clan ကပဲ ကမ္ဘာ့ပထမဦးဆုံးတရားဝင် DotA website တစ်ခုဖြစ်တဲ့ DotA-Allstar.com ကို ၂၀၀၄ ခုနှစ် အောက်တိုဘာလမှာ ဖွဲ့စည်းတည်ဆောက်ခဲ့ပါတယ်။ အဆိုပါ website မှာ လစဉ် Register ပြုလုပ်သူ ၁ သန်းခန့်ရှိခဲ့ပြီး နေ့စဉ် website အတွင်း ဝင်ရောက်ကြည့်ရှုသူ ၁ သန်းခန့် ရှိလောက်အောင်ကို အောင်မြင်မှုကြီးမားခဲ့ပါတယ်။ ထိုအချက်ကြောင့်ပဲ DotA-Allstar website ဟာ မထိန်းသိမ်းနိုင်တော့ဘဲ ပျက်စီးခဲ့ပြီး တရားဝင် DotA မြေပုံတွေ လွှင့်တင်ပေးဖို့ www.playdota.com ဆိုတဲ့ Website ကို အသစ်တည်ဆောက်လိုက်ရပါတော့တယ်။ ဒါကြောင့် DotA Allstar ဆိုတဲ့ အခေါ် အဝေါ်ကနေ "Allstar" ဆိုတဲ့ စကားလုံးကို ချန်လှပ်ပြီး "DotA" လို့သာ ခေါ်ဝေါ်ခဲ့ကြခြင်း ဖြစ်ပါတော့တယ်။ ၂၀၀၄ ခုနှစ်ကနေ စတင်ပြီး အပြည်ပြည်ဆိုင်ရာ DotA ပြိုင်ပွဲတစ်ခုအနေနဲ့ IGS (International Gaming Syndicate) ကို စတင်ခဲ့ပြီး စစချင်းမှာ အသင်းပေါင်း ၂၀ ခန့် ပါဝင်ခဲ့ပါတယ်။ ဒုတိယရာသီမှာတော့ ၄၅ သင်းအထိ တိုးတက်ပါဝင်ခဲ့ပါတယ်။ ဒီလိုအောင်မြင်ကျော်ကြားလာခဲ့တဲ့ DotA ကို ပထမဆုံးစွန့်ဦး တီထွင်ခဲ့တဲ့ "Eul" ကို ဂုဏ်ပြုတဲ့အနေနဲ့ "Eulś Scepter of Divinity" နဲ့ DotA ကို ပိုမိုအောင်မြင်တဲ့ လမ်းကြောင်းပေါ် ဆွဲတင်ပေးခဲ့တဲ့ "Guinsoo" ကို ဂုဏ်ပြု ပြီး "Guinsooś Scythe of Vyse" ဆိုတဲ့ Item 2 ခုကို DotA ကစားသမားတိုင်း မမေ့နိုင်စေရန် ရည်ရွယ်ပြီး IceFrog က ထည့်သွင်းရေးဆွဲပေးခဲ့ခြင်း ဖြစ် ပါတယ်။

DotA Allstar v6.01 မြေပုံကို လွှင့်တင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်၂၀၀၅ ခုနှစ်မှာတော့ "Guinsoo" ဟာ လက်ရှိ DotA တာဝန်တွေကို Neichus နဲ့ IceFrog ကို လွှဲပြောင်းပေးခဲ့ပြီး မြေပုံရေးဆွဲတဲ့ ဘဝကနေ တရားဝင် အနားယူကြောင်း ကြေညာခဲ့ပါတယ်။ ထို့နောက် Neichus ဟာ သူကိုယ်တိုင်ဦးဆောင်ပြီး Earthshaker, Tiny, Stealth Assassin, Phantom Lancer, Enchantress, Enigma, Axe, Shadow Fiend, Visage, Nerubian Weaver, Bloodseeker နဲ့ Dazzle အစရှိတဲ့ Hero သစ် အမြောက်အမြားကို v6.01 version မြေပုံအတွက် ထည့်သွင်းလိုက်တဲ့အခါမှာ အပြောင်းအလဲကို လက်မခံတဲ့ ကစားသမား အများစုဟာ v6.01 အသစ်ကို ဆက်မကစားဘဲ နာမည်ကြီးအောင်မြင်ခဲ့တဲ့ v5.84c ကိုပဲ ဆက်လက် ကစားခဲ့ပြီး Neichus ရဲ့အသစ်ရေးဆွဲမှုကို လက်မခံကြောင်း ပြသခဲ့ကြပါတယ်။ ဒါကြောင့် Neichus ဟာ DotA Allstar ရဲ့ အဓိကမြေပုံရေးဆွဲသူရာထူးကို IceFrog ထံသို့ လွှဲပြောင်းပေးခဲ့ပြီး အနားယူသွားခဲ့ပြန် ပါတယ်။

IceFrog ဟာ ကြီးလေးတဲ့တာဝန်တွေကို ဦးဆောင်ခဲ့ပြီး v6.10 မြေပုံအတွက် တိုးတက်မှုအသစ်တွေ နဲ့ ပြင်ဆင်ရေးသားမှုမြောက်မြားစွာကို ရေးဆွဲခဲ့ပါတယ်။ Faceless Void ကို အကောင်း ဆုံးဖြစ်အောင် ပြန်လည်ရေးသားခဲ့တဲ့အပြင် Scourge Hero အသစ်တစ်ကောင်အနေနဲ့ Invoker ကို ထည့်သွင်းရေးသားခဲ့ပါတယ်။ (အဆိုပါအချိန်က Invoker ဟာ skill စုစုပေါင်း ၃၁ ခုအထိ ပါဝင်ခဲ့ တာကြောင့် အများစုရဲ့ ဝေဖန်မှုကို အပြင်းအထန်ခံခဲ့ရတဲ့အတွက် IceFrog ဟာ version အသစ်အတွက် အပြင်းအထန် ပြင်ဆင်ခဲ့ရပါတယ်။) နောက်ပိုင်းမှာသာ IceFrog ဟာ Imbalance ဖြစ်နေတဲ့ အချက်များစွာ ကို ပြု ပြင်ရေးဆွဲခဲ့ပြီး v6.12 ကို ထုတ်လွှင့်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ Heintje ဆိုတဲ့ တရုတ်ကစား သမားတစ်ယောက်က v6.12 ကို တရုတ်ဘာသာသို့ပြန်ဆိုပြီး Chinese Version အဖြစ် ကူညီရေးဆွဲခဲ့တဲ့ အတွက် v6.12 ဟာ တရုတ်ကစားသမားများ လက်ခံတဲ့ မြေပုံတစ်ခုဖြစ်လာပါတော့တယ်။ အဲဒီနောက်ပိုင်း မှာတော့ version အသစ်ကို လူအများလက်ခံလာခဲ့ပြီး IceFrog ဟာလည်း မြေပုံအသစ်တွေကို ဆက် လက်ပြီးရေးဆွဲ ခဲ့ပါတယ်။ IceFrog ဟာ v6.12 မှ စတင်ပြီး v6.27 အထိ အထူးသဖြင့် Imbalance ဖြစ်ခြင်းများကို လျှော့ချခဲ့ပါတယ်။ IceFrog ရဲ့ ခေတ်အဆက်ဆက် ပြောင်းလဲခဲ့တဲ့ Changelogs များပေါ် မူတည်ပြီး v6.27 မှာ Medusa + Divine + Aegis ကစားကွက်၊ v6.32 မှာတော့ Crystal Maiden + Shadow Shaman, Enigma + Lich ပေါင်းပြီး ပွဲထုတ်တဲ့ AOE ကစားကွက်၊ v6.37 မှာ Chen နဲ့ Enchantress ကို အဓိကအသုံးပြုတဲ့ Early Pushing ကစားကွက်၊ v6.41 မှစတင်ပြီး Tri Lane ကစားကွက်၊ v6.43 မှစ၍ Ganker အများစုကို Blink Dagger သုံးပြီး အမြန်ဆုံး တိုက်ခိုက်တဲ့ ကစားကွက် အစရှိသဖြင့် အသစ်အသစ်သောကစားကွက်များ တိုးတက်လာခဲ့ပြီး v6.48 မှစ၍ ပုံသေ ကစားကွက်မရှိတော့ဘဲ မိမိတို့အသင်းကို တစ်ဖက်က တွက်ချက်မရအောင် စဉ်းစား၍ ကစားကွက်များ ဖန်တီးလာခဲ့သည်မှာ ယခုလက်ရှိနောက်ဆုံး ထွက်ထားသော v6.81 အထိပါပဲ။

Professional ကစားသမားများရဲ့ ပထမဆုံးမျိုးဆက်အဖြစ် col, JMC, GL, HUST, IFNT, Mage နဲ့ EDU Clan တို့ဟာ ၂၀၀၅ ခုနှစ် ဝန်းကျင်မှာ နာမည်ကျော်ကြားခဲ့ပြီး Fear အစရှိတဲ့ နာမည်ကြီး ကစားသမားများ ကို မွေးထုတ်ပေးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ MYM, tPD, Say Plz အစရှိတဲ့ အသင်းများထွက်ပေါ် ခဲ့ပြီးနောက် လက်ရှိနာမည်ကျော်ကစားသမားများဖြစ်တဲ့ Lod (A) နဲ့ Akke ဟာ MYM ကနေထွက်ခွာပြီး T_T (Team_Team) ဆိုတဲ့ အသင်းကို တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ၂၀၀၉ ခုနှစ်မတိုင်ခင်အထိ ကမ္ဘာနှင့်အဝှမ်း Professional Clan များနဲ့ Professional Player အမြောက်အမြား ထွက်ပေါ်လာခဲ့ပါတယ်။ ezy, Merlini, Fear, Art- Style, Lod(A), Misery, Vigoss, Jolie, 820, Drayich, GK, 2009 တို့ဟာ DotA လောကကို တိုးတက်အောင် ဦးဆောင်ပေးခဲ့တဲ့ စီနီယာကစားသမားများဖြစ်ပြီး CPL, ASUS, WCG အစရှိတဲ့ ပြိုင်ပွဲကြီးများဟာလည်း DotA ကို ကမ္ဘာကျော်အောင် ပျိုးထောင်ပေးခဲ့ကြတဲ့ အဓိကဇာတ်ကောင် များပဲ ဖြစ်ပါတယ်။ အဆိုပါအချိန်ကာလများဟာ DotA ကို ဂိမ်းတစ်ခုမဟုတ်ဘဲ Esport တစ်ခုအနေနဲ့ လူအများလက်ခံလာအောင် အဆင့်အတန်းမြင့်မားလာခဲ့ပြီး ရုရှား၊ ယူကရိန်း၊ တရုတ်နှင့် တောင်ကိုရီးယား အပါအဝင် အရှေ့တောင်အာရှနိုင်ငံ များအားလုံးမှာ DotA ဟာ အောင်မြင်မှုကြီးမားစွာ ရရှိခဲ့ပါတယ်။

ဒီလိုနှစ်ပေါင်းများစွာ DotA ရဲ့အောင်မြင်မှုကို သိရှိထားမှသာ DotA ဖြစ်ပေါ်လာပုံကို လက်ခံနိုင်မှာဖြစ် ပါတယ်။ ထိုသို့ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာပြီးနောက် DotA ရဲ့အောင်မြင်မှုနဲ့ လက်ရှိခေတ် ကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ အလွန်ကွာခြားသွားတဲ့ အချက်တစ်ချက်ကို Valve Corporation ရဲ့ Director ဖြစ်သူ Erik Johnson က သတိထားမိခဲ့ပါတယ်။ အဆိုပါအချက်ကတော့ ၂၀၀၂ ခုနှစ်က အသုံးပြုခဲ့တဲ့ Graphic Design နဲ့လက်ရှိ ၂၁ ရာစုအောင်မြင်နေတဲ့ Game တွေရဲ့ Graphic Design ကွာခြားချက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာနှင့်အဝှမ်း လူသန်းပေါင်းများစွာ ကစားလျက်ရှိတဲ့ DotA Game ကို ခေတ်နှင့်အညီ အဆင့်မြှင့်တင်ရုံမက Warcraft ရဲ့ မူပိုင်ခွင့်ပြဿ နာမှ ကင်းလွတ်ပြီး DotA ကို ကိုယ်ပိုင် Platform တစ်ခုအနေနဲ့ သတ်သတ်မှတ်မှတ်ရှိအောင် တည်ထောင်ရန်အတွက် ခေတ်အဆက်ဆက် DotA Developer တစ်ယောက်ဖြစ်တဲ့ IceFrog နဲ့ ၂၀၀၉ ခုနှစ်မှာ တရားဝင်ဆွေးနွေးခဲ့ပါတယ်။ ထို့နောက် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလမှာတော့ Valve Corporation ဟာ IceFrog ကို တရားဝင်ငှားရမ်းပြီး DotA 2 Game ကို ထုတ်လွှင့်မှာဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ သိန်းပေါင်းရာနဲ့ချီပြီးရှိနေတဲ့ DotA ကစားသမားတွေရဲ့ဆန္ဒကို ဆန့်ကျင်လို့မရတဲ့အတွက် DotA 2 ဟာ DotA နဲ့ ရာနှုန်းပြည့်နီးပါး တူညီအောင်ရေးဆွဲခွင့် IceFrog ကို ပေးခဲ့ပါတယ်။ Warcraft ရဲ့ မူပိုင်ခွင့်ပြဿ နာနဲ့ ကင်းလွတ်ဖို့ အတွက်တော့ မပြောလောက်တဲ့ အပြောင်းအလဲလေးတွေတော့ ရှိပါတယ်။ ဥပမာ Tauren Chieftain ဆိုတဲ့နာမည်ဟာ Warcraft ထဲက Race တစ်မျိုးဖြစ်တဲ့ Tauren မျိုးနွယ်ရဲ့ ကိုယ်ပိုင်နာမည်ဖြစ်တဲ့အတွက် Elder Titan ဆို၍လည်းကောင်း၊ Orb Effect ဆိုတဲ့စာသားကို Unique Attack Modifier ဟူ၍ လည်းကောင်း၊ Lothar Edge ဆိုတဲ့ Item အမည်ကို Shadow Blade ဟူ၍လည်းကောင်း ပြောင်းလဲခေါ် ဆိုတဲ့ မဖြစ်စလောက် ကွဲပြားမှုလေးတွေတော့ ရှိနေမှာဖြစ်ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံး အတိုင်းအတာ အရ လက်ခံနိုင်တဲ့ အပြောင်းအလဲလေးတွေဖြစ်တာကြောင့် DotA ကစားသမားများဟာ ခေတ်နဲ့အညီ DotA 2 ကို ပြောင်းလဲကစားဖို့ ဝန်မလေးတော့ပါဘူး။ Valve Corporation ကလည်း အမြတ်အစွန်းအနေနဲ့ အမြင်အာရုံအတွက်အသားပေးပြီး In-game အကျိုးသက်ရောက်မှုမရှိတဲ့ Item Set များ၊ Tournament Ticket များ၊ Key များကို ရောင်းချလျက်ရှိတဲ့အတွက် ကစားသမားများအနေနဲ့ လက်ရှိမှာ Skill ပိုင်းဆိုင်ရာ အပြင် Visual ပိုင်းဆိုင်ရာအတွက်ပါ အပြိုင်အဆိုင် အပြင်းအထန် ယှဉ်ပြိုင်လျက် ရှိပါတော့တယ်။ ဒါ့အပြင် DotA 2 ကစားခြင်းဖြင့် မိမိရဲ့အိမ်က ကွန်ပျူ တာရှေ့မှာ ထိုင်နေရုံနဲ့ ကမ္ဘာအနှံ့အပြားက DotA Gamer များနဲ့ ချိတ်ဆက်နိုင်ပြီး အချိန်နဲ့တစ်ပြေးညီ DotA အသစ်ဖန်တီးမှုများစွာကို မျက်ခြည်မပြတ် စီးမျော ခံစား ကစားနိုင်မှာ ဖြစ်ပါတယ်။

တကယ်တော့ DotA 2 ဟာ DotA ရဲ့အောင်မြင်မှုအပေါ် အခြေခံပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် အဆင့်မြှင့်တင်လိုက်တဲ့ DotA Game တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့်သင်ဟာ DotA ကစားသမား တစ်ဦးဖြစ်ခဲ့မယ်ဆိုရင် DotA နဲ့ DotA 2 ကို ခွဲခြားမသတ်မှတ်ဘဲ ကစားနိုင်မှာပါ။ DotA ဟာ DotA ပါပဲ။ သင်က DotA ကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် DotA 2 ဖြစ်ဖြစ်၊ DotA ဖြစ်ဖြစ် အသက်အရွယ် အပိုင်းအခြားမရွေး ရူးသွပ်စွာ ဆော့ကစားနေကြတဲ့ DotA ဟာ သာမန်ကာလျှံကာ Game အမျိုးအစား တစ်ခုမဟုတ်ကြောင်းကို သူ့ရဲ့ဖြတ်သန်းလာတဲ့ သမိုင်းကြောင်းက သက်သေပြလျက် ရှိပါတယ်။

လာမယ့်အပတ်မှစပြီး DotA 2 နဲ့ပတ်သက်တဲ့ Hero, Item, Know-ledge, Strategy, Pro Players, News အစရှိတဲ့ ခေါင်းစဉ်များကို အလျဉ်းသင့်သလို Internet Journal မှတစ်ဆင့် အပတ်စဉ် ဖော်ပြပေး သွားမှာဖြစ်ပါတယ်။ နောက်အပတ်မှာတော့ DotA ခေတ်အဆက်ဆက်မှ ယနေ့တိုင် DotA 2 အထိ လူ ၁၀၀ မှာ ၉၀ လောက်ကြိုက်နှစ်သက်တဲ့ Hero တစ်ကောင်ဖြစ်တဲ့ Pudge (Butcher) နဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ Build တွေအကြောင်းကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

yahooyeeha
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

Dota Commands

Black Magic | 2:03 AM | Best Blogger Tips

ကျွန်တော် မှတ်ထားသလောက် Command လေးတွေပါ..၊ :)


Normal Mode => Team Pick

-allpick / -ap => All Pick

-allrandom / -ar => All Random

-teamrandom / -tr => Team Random

-moderandom / -mr => Mode Random

-leaguemode / -lm => League Mode

-randomdraft / -rd => Random Draft

-voterandom / -vr => Vote Random

-extendedleague / -xl => Extended League

-singledraft / -sd => Single Draft

-captainsmode / -cm => Captains Mode

-CaptainsDraft / -cd => Captain Draft

-deathmatch / -dm => Death Match

-reverse / -rv => Reverse Mode

-mirrormatch / -mm => Mirror Match

-duplicatemode / -du => Duplicate Mode

-shuffleplayers / -sp => Shuffle Players

-samehero / -sh => Same Hero

-allagility / -aa => All Agility

-allintelligence / -ai => All Intelligence

-allstrength / -as => All Strength

-itemdrop / -id => Item Drop

-easymode / -em => Easy Mode

-nopowerups / -np => No Powerups

-supercreeps / -sc => Super Creeps

-onlymid / -om => Only Mid

-notop / -nt => No Top

-nobot / -nb => No Bottom

-nomid / -nm => No Middle

-rangeonly / -ro => Range Only

-meleeonly / -mo => Melee Only

-noswap / -ns => No Swap

-norepick / -nr => No Repick

-capturepoint / -cp => Capture Point

-terrainsnow / -ts => Terrain Snow

-poolingmode / -pm => Pooling Mode

-observerinfo / -oi => Observer Info

-miniheroes / -mi => Mini Heroes

-fastrespawn / -fr => Fast Respawn

-matchup / -ma => Display matchup

-movespeed / -ms => Display movespeed

-creepstats / -cs => Display creep stats

-cson => Show Creep Stats scoreboard

-csoff => Hide Creep Stats scoreboard

-disablehelp => Disable Help

-enablehelp => Enable Help

-unstuck => Unstuck

-recreate => Recreate

-hidemsg => Hide hero death messages

-showdeny => Show deny notification

-hidedeny => Hide deny notification

-weather rain/snow/moonlight/wind/random/off => Weather effects Makes the desired weather.

-weather off => weather off

-denyinfo / -di => Show deny info

-deathon / -don => Show Death Timer board

-deathoff / -doff => Hide Death Timer board

-roll # => Roll

-rollhero / -rh => Randomly display a heroname.

-hideheronames / -hhn => Hide hero names

-mute => Mute kill sounds

-random => Random

-random Intelligence/Strength/Agility

-repick => Repick

-gameinfo => Game info

-afk => AFK Info

-apm => Actions Per Minute

-kickafk # => Kick AFK players

-clear => Clear screen

-invokelist => List Invoker's spells

-rollon => Roll text on

-rolloff => Roll text off

-music # => Play music

-water red/blue/green/random/default => Water color Customizes water color for local player.

-quote #/random => Play hero quote

-rickroll => Rick Roll

-bonus => Show bonus XP and gold

-tips => Show tips

-swaphero / -swap => Display hero's numbers

-swap 1/2/3/4/5 => Swap

-swapcancel => Cancel swap requests

-swapall => Swap All

-fleshstr / -fs => Flesh Heap Strength

-ha => Hook Accuracy

-mines => Land Mine Counter

-aa => Arrow Accuracy

-gg => Goblins Greed

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here