ဘင်္ဂါလီအမတ်ဦးရွှေမောင်းကို ဒီဗွီဘီ အင်တာဗျူးမှာ နိုင်ငံတော်နှင့် မြန်မာ့ရဲတပ်ဖွဲ့ကို အသရေပျက်စေတဲ့ မဟုတ်မမှန်လုပ်ကြံတဲ့စကားတွေကို ပြောဆိုခဲ့ခြင်း၊ ပဋိပက္ခများဖြစ်ပွားစေရန် မမှန်သောစကားများဖြင့် သွေးထိုးလှုံ့ဆော်ခဲ့ခြင်းတို့ကြောင့် စစ်ဆေး မေးမြန်းရန် နှင့် ဥပဒေအတိုင်း အရေးယူဆောင်ရွက်ရန် နိုင်ငံတော်သမ္မတကြီးက ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဆီ သ၀ဏ်လွှာပို့ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတကြီးက သံဃာတော်အရှင်မြတ်များ၊ မိဘပြည်သူများရဲ့ ဆန္ဒနဲ့အညီ အမျိုးသားရေးကိုဦးထိပ်ထားပြီး ဒီကိစ္စကို ပြတ်ပြတ်သားသား အရေးယူဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌဆီ သ၀ဏ်လွှာပို့ခဲ့ခြင်းဖြစ်ပါသည်။






















