About

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

Showing posts with label Security awareness. Show all posts
Showing posts with label Security awareness. Show all posts

Monday, May 5, 2014

Music and Lights Could Trigger Malware အကြောင်းသိကောင်းစရာများ

Unknown | 11:21 PM | | Best Blogger Tips


 http://images.jagran.com/mobile-malware-b-28-5-2013.jpg

Mobile Smart Phone များတွင် တွေ့ရှိရသော Mobile Malware အကြောင်း သိကောင်းစရာ အချို့ကို စာဖတ်သူများအား ဗဟုသုတ အနေဖြင့် ဖော်ပြမှာ ဖြစ်ပါတယ်။ အဆိုပါ Mobile Malware သည် အသံ နှင့် အလင်း မှတစ်ဆင့် စတင် ဝင်ရောက်နိုင်ပါသည်။ လေ့လာသူများ၏ တွေ့ရှိချက်များ အရ မိမိတို့၏ Smart Phone များကို ရုပ်ရှင်ရုံထဲတွင် သော်လည်းကောင်း၊ အလင်းရောင် (မှိတ်တုတ်မှိတ်တုတ်)များရှိသော အခန်းထဲတွင် သော်လည်းကောင်း စသောနေရာများတွင် ထားရှိခြင်းပင်လျှင် Malware ၀င်ရောက် နိုင်စေရန် လုံလောက်သော အနေအထားကို ဖြစ်ပေါ် စေကြာင်း ရှာဖွေ တွေ့ရှိခဲ့ပါသည်။
Smart Phone များ၌ buit-in ပါသော microphone များ၊ camera များ၊ နှင့် vibrating-sensor ကို သုံးသောအချိန်တွင် Phone အတွင်း ရှိနေသော Hidden Malware များသည် စတင် ပျံ့  နှံ့ ပြီး မလိုလားအပ်သော ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။
University of Alabama မှ လေ့လာသူ များသည် Android version 2.2.3ကို အသုံးပြုလျှက်ရှိသော HTC Evo Phone များ၏ Sensor များမှလည်း အဆိုပါ Malware ကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။ ကင်မရာ၊ စကားပြောစက် များနှင့် Smartphone များတွင် ပါဝင်သော sensor များသည် တုန်ခါခြင်း (သို့) သံလိုက် စက်ကွင်း များကို ရှာဖွေ တွေ့ရှိနိုင်သောကြောင့် အထက်တွင် ဖော်ပြထား သကဲ့သို့ ဖြစ်ပေါ်စေနိုင်ပါသည်။
၎င်း Malware သည် sensor မှနေ၍ radio မှ သီချင်း တစ်ပုဒ် ဖွင့်ခြင်း(သို့မဟုတ်) သတ်မှတ်ထားသော အလင်း (မှိတ်တုတ် မှိတ်တုတ်) ဖြစ်ပေါ်မှုများမှ စတင်နိုင်စေရန် ညွှန်ကြားချက်များ ထည့်သွင်းထားပါသည်။ တစ်ကြိမ် အစပြုပြီးသည့်နောက် malware သည် ၄င်းကိုယ်တိုင်သော်လည်း ကောင်း၊ ထိန်းချုပ်ခံထားရသော mobile devices များတွင် အစိတ်အပိုင်းတစ်ခု အနေဖြင့် လည်ကောင်း attack ကို ဖြစ်စေနိုင်ပါသည်။
Antivirus Software အများစုသည် Smartphone Features များဖြစ်သော camera နှင့် microphone များတွင် application မည်မျှ အသုံးပြုနေသည်ကို စစ်ဆေးပေးနိုင်ခြင်းမရှိသောကြောင့် Malware Program သည် sensor များအတွက် ကြီးမားသော ဘေးအန္တရယ် အဖြစ်ရှိနေကြောင်း Researcher များမှ ပြောကြားခဲ့ပါသည်။

ဖြစ်ပွားစေနိုင်သော Attack များမှာ
ဥပမာအားဖြင့် အသံအချက်ပြ ကိရိယာ များသည် ကြားခံမရှိပဲ အဝေးသို့ ရောက်ရှိနိုင်ပြီး၊ Malware ပြုလုပ်ခံ ထားရသော Smartphone များသည် အသံအချက်ပြမှု စတင် အလုပ်လုပ်ရန် အတွက် ရုပ်ရှင်ရုံ ကဲ့သို့သော နေရာမျိုးတွင် ရှိနေစေရန် လိုအပ်ပါသည်။
သို့သော် လေ့လာသူများ၏ ရှာဖွေတွေ့ရှိချက်အရ malware များသည် စတင်ရန် အချက်ပြမှု များကို ထုတ်လွှင့်ရာတွင် တိုတောင်းသော အကွာအဝေးသာ လိုအပ်ကြောင်း နှင့် နောက်ခံ ဆူညံသံများကို ပင်ကျော်လွှား နိုင်ကြောင်း တွေ့ရှိရပါသည်။
ဥပမာအားဖြင့် လေဆိပ်တစ်ခုထဲတွင် Malware ပြုလုပ်ခံ ထားရသော Smartphone များ ရှိနေခဲ့မည် ဆိုလျှင် Hacker မှနေ၍ ထိန်းချုပ်ခံထားရသော စက် (Mobile device) များကိုသုံး၍ denial-of-service attack ဖြစ်စေရန် (သို့) ၄င်း လေဆိပ် အတွင်းရှိ Wi-Fi ကိုသော်လည်းကောင်း၊ အခြား System ကိုသော်လည်းကောင်း down သွားစေရန် ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

Scouring sensor samples
Microphone ကဲ့သို ကန့်သတ်ထားခြင်းမရှိသော Features များကို Access လုပ်နိုင်ခြင်းနှင့် background တွင် application များ အသုံးပြုခြင်းတို့ကို ခွင့်ပြုပေးထားသောကြောင့် လေ့လာသူ များမှ Android နှင့် ပတ်သက်၍ အထူးအာရုံစူးစိုက်ခဲ့ကြပါသည်။
လေ့လာသူ များသည် အထက်တွင်ဖော်ပြထားသော အားနည်းချက်များကို IOS ပေါ်တွင် မစမ်းသပ် ရသေးသော်လည်း Apple ၏ ကန့်သတ်ထားသော policies များကပိုမို လုံခြုံမှု့ ဖြစ်စေမည်ဟု အကြံပြုခဲ့ပါသည်။ ကာကွယ်နိုင်သော နည်းလမ်း အနေဖြင့် အကြံပြုချက်မှာ anti-malware software ဖြင့် sensor data ကို စစ်ဆေးသင့်ပါသည်။အခြားဖြေရှင်းနည်းတစ်ခုကတော့ လိုအပ်သော Battery ပမာဏ ကိုသိရှိရန် အသုံးပြုရသော application များကိုလေ့လာရန် လိုအပ်ပါသည်။

Reference - MMcERT

http://www.scmagazine.com.au/News/343772,music-could-trigger-mobile-malware.aspx 


မြောက်ဒဂုံသား 

Monday, April 28, 2014

Android Jelly Bean နှင့် KitKat တို့တွင် ဖြစ်နေသော Security Flaw အကြောင်း

Unknown | 2:30 PM | | Best Blogger Tips

Jelly Bean- Android Version 4.3 နှင့် Latest Version ဖြစ်သော KitKat- Android Version 4.4 တို့တွင် သံသရဖြစ်ဖွယ် activity များရှိနေသည်ကို Computer Emergency Response Team of India (CERT-In) မှ ထုတ်ပြန် ပြောဆိုခဲ့ပါသည်။




Android Version 4.3 and 4.4 တို့တွင်ရှိနေသော Critical Flaw သည် Secure VPN Communication မှနေ၍ Third Party Server (သို့မဟုတ်) Hijack Unencrypted Communication ဆီသို့ Redirect လုပ်ရန် အတွက် Attacker အား Active VPN Configuration ကို Bypass လုပ်နိုင်ရန် ခွင့်ပြုမည်ဖြစ်ပါသည်။


Virtual Private Network (VPN) Technology ဆိုသည်မှာ Public Internet အပေါ်တွင် Private Network ကို Encrypted Tunnel အဖြစ်အသုံးပြုရန် ဖန်တီးထားခြင်းဖြစ်ပါသည်။ Organization များနှင့် Group များတွင် ၄င်း VPN ကဲ့သို့သော Connection များကို Employee များ (သို့မဟုတ်) Authorized Person များသည် Enterprise Network ကို Remote မှနေ၍ Laptop (သို့မဟုတ်) Desktop (သို့မဟုတ်) Mobile နှင့် Tablet အစရှိသည်တို့ကို အသုံးပြု၍ လုံခြုံမှုရှိသော ချိတ်ဆက်မှု များပြုလုပ်ရာတွင် အသုံးပြုပါသည်။


၎င်း Malicious Application သည် VPN Traffic ကို တခြား Network Address ဆီသို့ လမ်းကြောင်းပြောင်းနိုင်သည့်အပြင် Successful Exploitation ဖြစ်သွားပါက Affected Device မှ Communication Infrastructure အတွင်းရှိ Traffic အားလုံးကို Attacker မှ Capture လုပ်နိုင်ရန်ခွင့်ပြုမည် ဖြစ်ပါသည်။


ထို့အပြင် Network Communication အတွင်းတွင် Encryption Technology အသုံးမပြုသော Application များရှိနေသည့်အတွက် Plain Text များနှင့် ချိတ်ဆက်ပြောဆိုခြင်းများကို Attacker သည် Affected Device မှ နေ၍ Capture ပြုလုပ်နိုင်သဖြင့် Email Addresses, IMEI Number, SMSes ကဲ့သို့သော အရေးကြီးသော သတင်းအချက်လက်များကို ရယူနိုင်မည်ဖြစ်ပါသည်။

Cyber Agency မှ ၄င်း Threat နှင့်ပတ်သက်၍ ပြုလုပ်ရန် အကြံပေးခဲ့သော Countermeasure များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

• Application များအတွက် သင့်တော်သော Update များကို မူလ Equipment Manufacturer မှသာ Update ပြုလုပ်ရန်

• Untrusted Source များမှ Application များကို Download ၊ Install များ မပြုလုပ်ကြရန်

• Updated Mobile Security Solution များနှင့် Anti-Virus Solution များကို Maintain ပြုလုပ်ရန်

• Trusted (သို့မဟုတ်) Untrusted User များထံမှ လက်ခံရရှိသော SMS (သို့မဟုတ်) Email တို့တွင် ပါရှိသော URLs များကို Click မနှိပ်ရန် တို့ဖြစ်ပါသည်။

Reference:

http://timesofindia.indiatimes.com/tech/tech-news/software-services/Security-flaw-in-Android-Jelly-Bean-KitKat-CERT-In/articleshow/31275558.cms


mmCERT
မြောက်ဒဂုံသား

Friday, April 4, 2014

Svchost.EXE ကို ဘယ်လိုသတ်မလဲ

Unknown | 9:41 PM | | | Best Blogger Tips


http://cms.content.simplitec.com/pics/svchost.exe_10.jpg

SVCHOST.EXE ဟာ Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့ အချိန်မရွေးရောက် နိုင်ပါတယ်..
သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာ စဖွင့်လိုက်တာနဲ့..

1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..
ဒါဆိုရင်တော့ SVCHOST.EXE       ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..
တကယ်တော့ SVCHOST ဆိုတာ System ထဲမှာအမှန်တကယ်အလုပ် လုပ်နေတဲ့ File ပါ..
ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင် မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..
Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..
အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန် တက်လာပါတယ်..
Antivirus ကလည်းသူ့ကိုရှာမတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..
သူ့ကိုသတ်စရာ နည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..
အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..

1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကွန်ပျူတာထဲကို ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်.. မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..
2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ.. ပြီးရင် Tool>Folder Options ကိုသွားပါ... ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ.. နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ.. Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်းပါလိမ့်မယ် Yes ကိုနှိပ်ပါ.. အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်.. ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..
3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်.. Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchost အလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restart ပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ.. စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်...

System တစ်ခုလုံးအားထိန်းချုပ် နိုင်သော Windows Power shell မှ Active Directory ကို မည်သို့ ထိန်းချုပ်မည်နည်း

Unknown | 9:40 PM | Best Blogger Tips


 http://www.bollymovies.ucoz.com/images3/powershell_2.jpg

Windows Power shell ဆိုသည်မှာ Windows ၏ အဓိကကျသော အစိတ်အပိုင်းဖြစ်ပြီး အသုံးပြုရန်ခက်ခဲသော အပိုင်းလည်းဖြစ်သည်။ ၄င်း Power shell မှ system တစ်ခုလုံးကိုထိန်း ချုပ်နိုင်သည်။ ထို့အတူ Active Directory ကိုလည်း ထိန်းချုပ်နိုင်သည်။ သို့သော် ထိုကဲ့သို့ထိန်းချုပ်နိုင်ရန် Active Directory Web Services (ADWS) ကို ထိန်းချုပ်လိုသည့် DC (Domain Controller) ပေါ်တွင် run ထားရမည်ဖြစ်သည်။ ၄င်း DC မှာလည်း Windows Server 2008-R2 နှင့်အထက်ပေါ်တွင် အသုံးပြုရမည်။ADWS ကို အသုံးပြုပြီးလျှင် လိုအပ်သော AD Power shell module ကိုအသုံးပြုနိုင်ပြီဖြစ်သည်။

Client Operation System ဖြစ်သော windows 7 ကို အသုံးပြု လျှင် RSAT(Remote Server Administration Tools ) ကိုအသုံးပြုကာ AD module ကို အသုံးပြုနိုင်သည်။ install ပြုလုပ်ပုံမှာအောက်ပါအတိုင်းဖြစ်သည်။

Control Panel မှTurn Windows Features on or off တွင် RSAT section အောက်မှ Role Administration Tools>AD DA & AD LDS Tools အောက်တွင် Active Directory Module for Windows PowerShell ကို check လုပ်ပြီး OK နိပ်ပါ။


၎င်း AD module မှာ Server 2008-R2 နှင့်အထက် တွင် default အနေနှင့် ပါပြီးဖြစ်သည်။ ထို့နောက် Administrative tools မှ Power Shell ကို ခေါ်ကာ အောက်ပါအတိုင်းရိုက်ကာ Active Directory module ကို import လုပ်ရမည်ဖြစ်သည်။ Import-module ActiveDirectory

User Account အသစ်တခုဖန်တီးခြင်း
New-ADUser -Name "Ron Smith" -Enabled $true -Path 'OU=Marketing,DC=contoso,DC=com' -AccountPassword (Read-Host -AsSecureString "pwd") -ChangePasswordAtLogon $true -HomeDirectory "\\server\home\rsmith" -HomeDrive "H:" အထက်ပါ Command ကို ရိုက်ကာ account သစ်တခု ဖန်တီးနိုင်သည်။

New-ADuser –Name : user ၏နာမည်။


-Enable $true : acc အသစ်အား enable ပြုလုပ်ခြင်းဖြစ်သည်။


-Path : user ၏ domain သတ်မှတ်ခြင်း


-AccountPassword (Read-Host-AsSecureString “pwd”): password ကို command ရိုက်ပြီး မှ ထည့်ရန်ဖြစ်သည်။


-ChangePasswordAtLogon $true : login စဝင်လျှင် password change ခိုင်း ခြင်း


-HomeDirectory : user ၏ home directory သတ်မှတ်ခြင်း


-HomeDrive : user အသုံးပြုမည့် drive သတ်မှတ်ခြင်း

Group Members များအား ရှာဖွေခြင်း

Get-ADGroupMember –Identity “Sales Users” –Recursive အထက်ပါ command ဖြင့် Sale group member များအား ရှာဖွေနိုင်သည်။ Figure 2 တွင် command နောက်တွင် Recursive parameter ထည့်ရိုက်လျှင်ကွာခြားပုံကိုဖော်ပြထားသည်။


အခြား Command များ
Get-ADForest : forest ၏ information များရှာဖွေရန်


get-addefaultdomainpasswordpolicy : password policy များအားကြည့်ရှုခြင်း


Unlock-ADAccount –Identity “rsmith” : account များအား unlock ပြုလုပ်ခြင်း



Thursday, March 20, 2014

ကွန်ပျူတာဗိုင်းရပ်စ်နှင့် သူလျှိစံနစ် အန္တရာယ်များအား လျော့နည်းစေမည့် နည်းလမ်း ငါးမျိုး

Unknown | 11:58 AM | | | | Best Blogger Tips




Virus=ကွန်ပျူတာထဲရှိ အချက်အလက်များ ပျက်စီးမှားယွင်းစေရန် တိုက်ခိုက်သည့် စံနစ် သို့မဟုတ်
ကွန်ပျူတာဗိုင်းရပ်စ်

Spyware=ကွန်ပျူတာထဲရှိကိုယ်ရေးအချက်အလက်များအား ထောက်လှမ်းခိုးယူသည့်စံနစ် သို့မဟုတ် သူလျှိုစံနစ်

ကွန်ပျူတာဗိုင်းရပ်စ်စံနစ်ရဲ့တိုက်ခိုက်မှုခံရတယ်ဆိုရင် အဲဒီတိုက်ခိုက်မှုက သင့်ကွန်ပျူတာကို သင် မသိ လိုက်ပဲ တခြားတယောက်ယောက်က ထိန်းချုပ်ခွင့်ရသွားတာ၊ သင်ဘယ်သူတွေနဲ့ ဆက်သွယ်တယ်၊ ဘာကိစ္စတွေဆက်သွယ်တယ်၊ ဘာတွေလုပ်တယ်ဆိုတာကို စုံစမ်းထောက်လှမ်း ခွင့်ရသွားတာနဲ့ အတူတူပဲဖြစ်ပါတယ်။
သင်ကိုယ်တိုင်သာမက သင့်အသိမိတ်ဆွေတွေကိုပါ လုံခြုံစိတ်ချရအောင် သင့်အမူအကျင့် တွေကို စတင်ပြောင်းလဲပါ။

ခလုတ်မနှိပ်ခင် သေချာစဉ်းစားပါ

အီးမေးလ်နဲ့အတူပါတဲ့ ပူးတွဲဖိုင်လ်တွေ ဒါမှမဟုတ် အီးမေးလ်ထဲမှာပါတဲ့ အင်တာနက် စာမျက်နှာ လိပ်စာလမ်းကြောင်းတွေကို (သေသေချာချာမစစ်ဆေးပဲ) မဖွင့်ပါနဲ့။ သင်သိတဲ့သူ တယောက် ယောက်ထံက သင့်ဆီကိုပို့မယ်လို့ကြိုသိနေတဲ့ ပူးတွဲဖိုင်လ်တွေ အင်တာနက် စာမျက်နှာ လိပ်စာ လမ်းကြောင်း တွေကလွဲရင် ပူးတွဲဖိုင်လ်နဲ့ အင်တာနက်စာမျက်နှာလိပ်စာလမ်းကြောင်း အများစုက ဗိုင်းရပ်စ်တွေ ပါနေပြီး ဖွင့်လိုက်တာနဲ့ သင့်ကွန်ပျူတာကို ဒုက္ခပေးနိုင်တဲ့ အန္တရာယ်ကြီးကြီးမားမား ရှိနေတတ်ပါတယ်။
သင့်အီးမေးလ်ထဲကိုရောက်လာတဲ့ ပူးတွဲပါဖိုင်လ်တွေကို ဗိုင်းရပ်စ်ပါမပါ စစ်ဖို့ scan@virustotal.com ကို SCAN ဆိုတဲ့ခေါင်းစဉ်နဲ့ပို့ပါ (ဒါမှမဟုတ်) VirusTotal.com ကို URL ပို့ပေးပြီး စစ်ခိုင်းပါ။
URL ဆိုတာက Uniform Resource Locator လို့ခေါ်တဲ့ အင်တာနက်ထဲက အချက်အလက်တွေရဲ့ လိပ်စာ လမ်းကြောင်းဖြစ်ပါတယ်။

ပူးတွဲပါဖိုင်လ်တွေနဲ့ ခပ်ဝေးဝေးနေပါ။

အချက်အလက်တွေ ပို့ပေးလို့ရပါတယ်၊ အီးမေးလ်နဲ့တော့မပို့ပါနဲ့။ အီးမေးလ်နဲ့ ပို့မယ့်အစား အောက်ပါ နည်းလမ်းတွေ သုံးလို့ရပါတယ်။
သင်မျှဝေချင်တဲ့အချက်အလက်တွေ ဖိုင်တွေကို Google docs, Dropbox ဒါမှမဟုတ် www.ge.tt တခုခုဆီကိုပို့ပါ။
တယောက်ယောက်က သင့်ဆီကို ပူးတွဲဖိုင်လ်ပါတဲ့ အီးမေးလ်ပို့လာရင် ပူးတွဲပါဖိုင်လ်ကို ကူးယူ သိမ်းဆည်းစရာ မလိုပဲ ကြည့်ဖို့အတွက် “Preview” ခလုတ်ကို အသုံးပြုပါ။
သင့်ကွန်ပျူတာထဲက အချက်အလက်သိမ်းတဲ့ နေရာတွေကို သူများတွေပါသုံးလို့ရအောင် ခွင့်ပြုထားတာမျိုး မျှပေးထားတာမျိုးမလုပ်ပါနဲ့
Drive ဆိုတာက ကွန်ပျူတာထဲမှာ C လို D လို E လို ကွန်ပျူတာစံနစ်တွေ၊ အချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာဖိုင်တွေ သိမ်းဆည်းတဲ့နေရာတွေကို ဆိုလိုတာဖြစ်ပါတယ်။

သင့်ရဲ့ (အချက်အလက်ကူးယူသိုမှီးရာမှာသုံးတဲ့) လက်တဆစ်လောက်သာရှိတဲ့ စတစ်က် (thumb drive, jump drive, USB stick လို့လဲခေါ်ကြပါတယ်) ကို အခြားသူတွေရဲ့ ကွန်ပျူတာတွေမှာ တပ်ဆင် အသုံးပြုတာ သို့မဟုတ် အခြားသူတွေရဲ့ စတစ်က်တွေကို သင့်ကွန်ပျူတာမှာ တပ်ဆင် အသုံးပြုခွင့်ပေးခြင်းအားဖြင့် ဗိုင်းရပ်စ်တွေ သူလျှိုစံနစ်တွေ ပြန့်နှံ့စေပါတယ်။ လူအများသုံးတဲ့ ကွန်ပျူတာ ဒါမှမဟုတ် အင်တာနက်ကဖေးလိုမျိုး ကွန်ပျူတာငှားသုံးလို့ရတဲ့နေရာတွေမှာ အသုံးပြုတဲ့ အခါမျိုးမှာ အဲလိုပြန့်နှံ့မှုက အဆိုးဆုံးဖြစ်ပါတယ်။

ခိုးကူးခွေတွေ စံနစ်တွေ အသုံးမပြုပါနဲ့

အင်တာနက်မှာ အလကားအသုံးပြုခွင့်ပေးတဲ့ Microsoft Windows လိုမျိုး၊ လမ်းဘေးမှာ ရောင်းတဲ့ ကွန်ပျူတာ စံနစ်အခွေတွေလိုမျိုး ခိုးကူးခွေတွေ၊ တရားဝင်မှတ်ပုံတင်မထားတဲ့ အစစ်မဟုတ်တဲ့ ကွန်ပျူတာ စံနစ်တွေအသုံးပြုခြင်းဟာ အင်မတန်အန္တရာယ်ကြီးပါတယ်။ ပြောရမယ်ဆိုရင်တော့ အဲဒီလိုမျိုးအခွေတွေဟာ ပထမဆုံးအနေနဲ့ ကွန်ပျူတာဗိုင်းရ
ပ်စ်တွေထည့်ထားလို့ရအောင် မူရင်းကို ပြုပြင်ထားတာမျိုးဖြစ်တတ်ပြီး ဒုတိယအနေနဲ့ကတော့ ခိုးကူးခွေဖြစ်တဲ့အတွက် မူရင်းကုမ္ပဏီက အဆင့်မြှင့်တာတွေ ပြုပြင်ထားတာတွေလုပ်ထားတာရှိယင် သင်အသုံးပြုနေတဲ့ခိုးကူခွေက အဲဒီ အဆင့်မြှင့်ထားတာတွေကို ရယူသုံးစွဲနိုင်စွမ်းမရှိတာများပါတယ်။ အဲဒီအတွက်ကြောင့် ခိုးကူးခွေတွေ စံနစ်တွေသုံးတဲ့ကွန်ပျူတာတွေအနေနဲ့ အင်တာနက်တိုက်ခိုက်မှုတွေ၊ ဗိုင်းရပ်စ်တွေ၊ သူလျှိုစံနစ်တွေကို ကာကွယ်နိုင်စွမ်းမရှိပဲ ဟာလာဟင်းလင်း ထိလွယ်ခိုက်လွယ် ဖြစ်တတ်ပါတယ်။ အဲဒီလိုခိုးကူးခွေတွေ အသုံးပြုမယ့်အစား အောက်ပါနည်းလမ်းတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
မိုက်ကရိုဆော့ဖ် ၀ဒ်ဖိုင်အစား OpenOffice ဒါမှမဟုတ် LibreOffice လိုမျိုးစံနစ်တွေ၊ Internet Explorer လိုမျိုး အင်တာနက်ဖွင့်တဲ့ စံနစ်အစား Firefox နဲ့ Chrome လိုမျိုးစံနစ်တွေ၊ Microsoft Windows လို ကွန်ပျူတာလည်ပတ်တဲ့စံနစ်အစား Ubantu (http://ubuntu.com) လိုမျိုး တခြား အဆင်ပြေနိုင်မယ့် ပိုက်ဆံလဲပေးစရာမလိုတဲ့ နည်းလမ်းတွေ စမ်းသုံးကြည့်ပါ။
ကွန်ပျူတာလည်ပတ်တဲ့စံနစ်တွေသုံးတဲ့အခါ တရားဝင်ထုတ်ထားတဲ့ စံနစ်အစစ်တွေရယူ သုံးစွဲပါ။

(ခိုးကူးထားတဲ့စံနစ်တွေ မသုံးပါနဲ့)

အကောင်းဆုံး ကွန်ပျူတာ ဗိုင်းရပ်စ် ကာကွယ်ရေးစံနစ်ကတော့ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။
ကွန်ပျူတာကိုတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်စံနစ်အများစုက ခောတ်မီဆန်းပြားတဲ့ စံနစ်အသစ်တွေပါ။ အဲဒါကြောင့် ဗိုင်းရပ်ကာကွယ်ရေးစံနစ်က တချို့ ဗိုင်းရပ်စ်စံနစ်တွေကို ရှာတွေ့ကာကွယ် နိုင်ပေမယ့် အများစုကိုတော့ ကာကွယ်နိုင်ခြင်းမရှိတာတွေ့ရပါတယ်။ အကောင်းဆုံး ကာကွယ်ရေး စံနစ်ကတော့ သင်ကိုယ်တိုင်ရဲ့အမူအကျင့်ကိုပြောင်းပြီး ခလုတ်မနှိပ်ခင် သေချာစဉ်းစားဖို့ပါပဲ။ VirusTotal.com ကို သင်ဗိုင်းရပ်စ်စစ်ချင်တဲ့ ဖိုင်လ်တွေကို ပို့ပေးပြီး စစ်ခိုင်းလို့ရပါတယ်။ သူလျှိုစံနစ်ကာကွယ်ရေး စံနစ်တွေဟာလည်း သင့်ကွန်ပျူတာထဲဝင်ပြီး သင်ဘာလုပ်လဲ၊ ဘယ်သူနဲ့ဆက်သွယ်လဲ၊ ဘာကိစ္စတွေ ဆက်သွယ်လဲဆိုတာ စောင့်ကြည့်ထောက်လှမ်းတဲ့ သူလျှိုဒလန်စံနစ်တွေကို ကာကွယ်တားဆီးရာမှာ အလွန်အသုံးတည့်တဲ့ စံနစ်တွေဖြစ်ပါတယ်။ သူလျှိုစံနစ်ကာကွယ်ရေးစံနစ်ကောင်းတခုကတော့
Spybot: http://www.safer-networking.org/en/home/index.html စံနစ်ပဲဖြစ်ပါတယ်။


နောက်ဆုံးတင်ထားတာလေးတွေ

get this widget here