About

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

Monday, May 5, 2014

Music and Lights Could Trigger Malware အကြောင်းသိကောင်းစရာများ

Unknown | 11:21 PM | | Best Blogger Tips


 http://images.jagran.com/mobile-malware-b-28-5-2013.jpg

Mobile Smart Phone များတွင် တွေ့ရှိရသော Mobile Malware အကြောင်း သိကောင်းစရာ အချို့ကို စာဖတ်သူများအား ဗဟုသုတ အနေဖြင့် ဖော်ပြမှာ ဖြစ်ပါတယ်။ အဆိုပါ Mobile Malware သည် အသံ နှင့် အလင်း မှတစ်ဆင့် စတင် ဝင်ရောက်နိုင်ပါသည်။ လေ့လာသူများ၏ တွေ့ရှိချက်များ အရ မိမိတို့၏ Smart Phone များကို ရုပ်ရှင်ရုံထဲတွင် သော်လည်းကောင်း၊ အလင်းရောင် (မှိတ်တုတ်မှိတ်တုတ်)များရှိသော အခန်းထဲတွင် သော်လည်းကောင်း စသောနေရာများတွင် ထားရှိခြင်းပင်လျှင် Malware ၀င်ရောက် နိုင်စေရန် လုံလောက်သော အနေအထားကို ဖြစ်ပေါ် စေကြာင်း ရှာဖွေ တွေ့ရှိခဲ့ပါသည်။
Smart Phone များ၌ buit-in ပါသော microphone များ၊ camera များ၊ နှင့် vibrating-sensor ကို သုံးသောအချိန်တွင် Phone အတွင်း ရှိနေသော Hidden Malware များသည် စတင် ပျံ့  နှံ့ ပြီး မလိုလားအပ်သော ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။
University of Alabama မှ လေ့လာသူ များသည် Android version 2.2.3ကို အသုံးပြုလျှက်ရှိသော HTC Evo Phone များ၏ Sensor များမှလည်း အဆိုပါ Malware ကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။ ကင်မရာ၊ စကားပြောစက် များနှင့် Smartphone များတွင် ပါဝင်သော sensor များသည် တုန်ခါခြင်း (သို့) သံလိုက် စက်ကွင်း များကို ရှာဖွေ တွေ့ရှိနိုင်သောကြောင့် အထက်တွင် ဖော်ပြထား သကဲ့သို့ ဖြစ်ပေါ်စေနိုင်ပါသည်။
၎င်း Malware သည် sensor မှနေ၍ radio မှ သီချင်း တစ်ပုဒ် ဖွင့်ခြင်း(သို့မဟုတ်) သတ်မှတ်ထားသော အလင်း (မှိတ်တုတ် မှိတ်တုတ်) ဖြစ်ပေါ်မှုများမှ စတင်နိုင်စေရန် ညွှန်ကြားချက်များ ထည့်သွင်းထားပါသည်။ တစ်ကြိမ် အစပြုပြီးသည့်နောက် malware သည် ၄င်းကိုယ်တိုင်သော်လည်း ကောင်း၊ ထိန်းချုပ်ခံထားရသော mobile devices များတွင် အစိတ်အပိုင်းတစ်ခု အနေဖြင့် လည်ကောင်း attack ကို ဖြစ်စေနိုင်ပါသည်။
Antivirus Software အများစုသည် Smartphone Features များဖြစ်သော camera နှင့် microphone များတွင် application မည်မျှ အသုံးပြုနေသည်ကို စစ်ဆေးပေးနိုင်ခြင်းမရှိသောကြောင့် Malware Program သည် sensor များအတွက် ကြီးမားသော ဘေးအန္တရယ် အဖြစ်ရှိနေကြောင်း Researcher များမှ ပြောကြားခဲ့ပါသည်။

ဖြစ်ပွားစေနိုင်သော Attack များမှာ
ဥပမာအားဖြင့် အသံအချက်ပြ ကိရိယာ များသည် ကြားခံမရှိပဲ အဝေးသို့ ရောက်ရှိနိုင်ပြီး၊ Malware ပြုလုပ်ခံ ထားရသော Smartphone များသည် အသံအချက်ပြမှု စတင် အလုပ်လုပ်ရန် အတွက် ရုပ်ရှင်ရုံ ကဲ့သို့သော နေရာမျိုးတွင် ရှိနေစေရန် လိုအပ်ပါသည်။
သို့သော် လေ့လာသူများ၏ ရှာဖွေတွေ့ရှိချက်အရ malware များသည် စတင်ရန် အချက်ပြမှု များကို ထုတ်လွှင့်ရာတွင် တိုတောင်းသော အကွာအဝေးသာ လိုအပ်ကြောင်း နှင့် နောက်ခံ ဆူညံသံများကို ပင်ကျော်လွှား နိုင်ကြောင်း တွေ့ရှိရပါသည်။
ဥပမာအားဖြင့် လေဆိပ်တစ်ခုထဲတွင် Malware ပြုလုပ်ခံ ထားရသော Smartphone များ ရှိနေခဲ့မည် ဆိုလျှင် Hacker မှနေ၍ ထိန်းချုပ်ခံထားရသော စက် (Mobile device) များကိုသုံး၍ denial-of-service attack ဖြစ်စေရန် (သို့) ၄င်း လေဆိပ် အတွင်းရှိ Wi-Fi ကိုသော်လည်းကောင်း၊ အခြား System ကိုသော်လည်းကောင်း down သွားစေရန် ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

Scouring sensor samples
Microphone ကဲ့သို ကန့်သတ်ထားခြင်းမရှိသော Features များကို Access လုပ်နိုင်ခြင်းနှင့် background တွင် application များ အသုံးပြုခြင်းတို့ကို ခွင့်ပြုပေးထားသောကြောင့် လေ့လာသူ များမှ Android နှင့် ပတ်သက်၍ အထူးအာရုံစူးစိုက်ခဲ့ကြပါသည်။
လေ့လာသူ များသည် အထက်တွင်ဖော်ပြထားသော အားနည်းချက်များကို IOS ပေါ်တွင် မစမ်းသပ် ရသေးသော်လည်း Apple ၏ ကန့်သတ်ထားသော policies များကပိုမို လုံခြုံမှု့ ဖြစ်စေမည်ဟု အကြံပြုခဲ့ပါသည်။ ကာကွယ်နိုင်သော နည်းလမ်း အနေဖြင့် အကြံပြုချက်မှာ anti-malware software ဖြင့် sensor data ကို စစ်ဆေးသင့်ပါသည်။အခြားဖြေရှင်းနည်းတစ်ခုကတော့ လိုအပ်သော Battery ပမာဏ ကိုသိရှိရန် အသုံးပြုရသော application များကိုလေ့လာရန် လိုအပ်ပါသည်။

Reference - MMcERT

http://www.scmagazine.com.au/News/343772,music-could-trigger-mobile-malware.aspx 


မြောက်ဒဂုံသား 

Saturday, May 3, 2014

Sim Card v1.6 (For Android) (PUK Code တောင်းခံနေရသူများအတွက်)

Thiha Htike | 3:50 PM | Best Blogger Tips

sim-card-3 




Sim Card တွေမှာ အကြောင်းအမျိုးမျိုးကြောင့် puk code တွေပြန်တောင်းတက်ကြပါတယ် …. များသောအားဖြင့် CDMA ဖုန်းတွေမှာ Puk Code ပြန်တောင်းတာများပါတယ် … အမှန်တကယ်က Puk Code က မိမိဖုန်း Sim Card ဝယ်တုန်းက Sim Card  အခွန်မှာပါပြီးသားပါ … ယခုက Sim Card အခွန်မရှီတော့သော သူများအတွက် ဒီ Application ကို သွင်းပြီး ကြည့်နိုင်ပါတယ် … MPT ကို ပြန်မေးစရာမလိုတော့ဘူးပေါ့ဗျာ … ဘယ်ဖုန်းအမျိုးအစားမဆို ဒီ Android Application ကိုအသုံးပြုလို့ရပါတယ် … ဒီ Application လေးမှာ Puk Code အပြင် တခြား အချက်အလက်တွေလဲကြည့်လို့ရပါသေးတယ် …






Screenshot_2014-05-03-13-15-19












http://www.mediafire.com/download/erjo6sq5afag7t9/Simcard-7-v1.6.apk




Credit to-MMAS (myanmarmobileapp)


Thihahtike

Tuesday, April 29, 2014

Firefox 29 ရောက်လာပါပြီ။

Anonymous | 11:10 PM | Best Blogger Tips

Firefox ကိုတော့မသိတဲ့ သူရှိမှာမဟုတ်ဘူးထင်ပါတယ် အခု Firefox 29 ထွက်ပြီဒါကြောင့်တင်ပေးလိုက်
တာပါ Firefox ကြိုတ်တဲသူငယ်ချင်းများအမြန်လာပြီးတော့ ဒေါင်းနိုင်ရန်။ Firefox အကြောင်းကိုတော့
အများကြီးမပြောတော့ဘူး နောက်မှာ Firefox 29 မှာဘာတွေအသစ်အဆန်းလေးတွေထည့်တစ်လဲ ဆို
တာကိုပြန်ပြီးတော့ Post ပေးလိုက်မယ် အောက်မှာဒေါင်းကြပါ။ ဒေါင်ခြင်တဲ့သူတွေ ဒေါင်းလိုရပါတယ် မဒေါင်ခြင်ရင်တော့ Firefox > About ကိုသွားပြီးတော့ Update လိုရပါတယ်။


Monday, April 28, 2014

Android Jelly Bean နှင့် KitKat တို့တွင် ဖြစ်နေသော Security Flaw အကြောင်း

Unknown | 2:30 PM | | Best Blogger Tips

Jelly Bean- Android Version 4.3 နှင့် Latest Version ဖြစ်သော KitKat- Android Version 4.4 တို့တွင် သံသရဖြစ်ဖွယ် activity များရှိနေသည်ကို Computer Emergency Response Team of India (CERT-In) မှ ထုတ်ပြန် ပြောဆိုခဲ့ပါသည်။




Android Version 4.3 and 4.4 တို့တွင်ရှိနေသော Critical Flaw သည် Secure VPN Communication မှနေ၍ Third Party Server (သို့မဟုတ်) Hijack Unencrypted Communication ဆီသို့ Redirect လုပ်ရန် အတွက် Attacker အား Active VPN Configuration ကို Bypass လုပ်နိုင်ရန် ခွင့်ပြုမည်ဖြစ်ပါသည်။


Virtual Private Network (VPN) Technology ဆိုသည်မှာ Public Internet အပေါ်တွင် Private Network ကို Encrypted Tunnel အဖြစ်အသုံးပြုရန် ဖန်တီးထားခြင်းဖြစ်ပါသည်။ Organization များနှင့် Group များတွင် ၄င်း VPN ကဲ့သို့သော Connection များကို Employee များ (သို့မဟုတ်) Authorized Person များသည် Enterprise Network ကို Remote မှနေ၍ Laptop (သို့မဟုတ်) Desktop (သို့မဟုတ်) Mobile နှင့် Tablet အစရှိသည်တို့ကို အသုံးပြု၍ လုံခြုံမှုရှိသော ချိတ်ဆက်မှု များပြုလုပ်ရာတွင် အသုံးပြုပါသည်။


၎င်း Malicious Application သည် VPN Traffic ကို တခြား Network Address ဆီသို့ လမ်းကြောင်းပြောင်းနိုင်သည့်အပြင် Successful Exploitation ဖြစ်သွားပါက Affected Device မှ Communication Infrastructure အတွင်းရှိ Traffic အားလုံးကို Attacker မှ Capture လုပ်နိုင်ရန်ခွင့်ပြုမည် ဖြစ်ပါသည်။


ထို့အပြင် Network Communication အတွင်းတွင် Encryption Technology အသုံးမပြုသော Application များရှိနေသည့်အတွက် Plain Text များနှင့် ချိတ်ဆက်ပြောဆိုခြင်းများကို Attacker သည် Affected Device မှ နေ၍ Capture ပြုလုပ်နိုင်သဖြင့် Email Addresses, IMEI Number, SMSes ကဲ့သို့သော အရေးကြီးသော သတင်းအချက်လက်များကို ရယူနိုင်မည်ဖြစ်ပါသည်။

Cyber Agency မှ ၄င်း Threat နှင့်ပတ်သက်၍ ပြုလုပ်ရန် အကြံပေးခဲ့သော Countermeasure များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

• Application များအတွက် သင့်တော်သော Update များကို မူလ Equipment Manufacturer မှသာ Update ပြုလုပ်ရန်

• Untrusted Source များမှ Application များကို Download ၊ Install များ မပြုလုပ်ကြရန်

• Updated Mobile Security Solution များနှင့် Anti-Virus Solution များကို Maintain ပြုလုပ်ရန်

• Trusted (သို့မဟုတ်) Untrusted User များထံမှ လက်ခံရရှိသော SMS (သို့မဟုတ်) Email တို့တွင် ပါရှိသော URLs များကို Click မနှိပ်ရန် တို့ဖြစ်ပါသည်။

Reference:

http://timesofindia.indiatimes.com/tech/tech-news/software-services/Security-flaw-in-Android-Jelly-Bean-KitKat-CERT-In/articleshow/31275558.cms


mmCERT
မြောက်ဒဂုံသား

Sunday, April 27, 2014

Windows 8.1 မှာ start button သွင်းနည်း

Unknown | 5:31 AM | Best Blogger Tips

ဒီနည်းလေးကတော့တော်တော်များများလဲသိလိမ့်မယ်လိမ့်မယ်လို့ထင်ပါတယ်ဗျာ.....
အောက်က ပုံလေးတွေပဲလိုက်ကြည့်လိုက်တော့နော်....ကျွန်တော် အိပ်ချင်နေလို့စကား မများတော့ဘူး...

အရင်ဆုံး လိုအပ်တဲ့ဖိုင်ကို  http://www.mediafire.com/download/7hak4lps4241tdo/Dude.rar မှာ အရင်ယူပါ....

ပီးရင် ရလာတဲ့ ဖိုင်တွေထဲက start 8 ဆိုတဲ့ ဖိုင်လေးကို Install အရင် လုပ်ပါ

ပီးရင် patch လုပ်ဖို့သူ့ service တွေ ပိတ်ပေးပါ

ပီးရင် stardock ဆိုတဲ့ ဖိုင်ကို ဖွင့်ပီး patch လုပ်ပါ
ပီးရင် program file ထဲက stardock>start 8 ကို ဖွင့်ပီး.....အောက်ဆုံးက ဖိုင်ကို
finish မဖြစ်မချင်း လုပ်ပါ...can not find ဘာညာ ဆိုပီး ပေါ်လာလည်း ဆက်လုပ်ပါ.....
ဖိုင်လေးတွေက သူ့ဖာသာသူ ပြောင်းနေပါလိမ့်မယ်

ပီးရင် service လေးတွေပြန်ဖွင့်ပေးလိုက်ပါ.....


ပီးရင်တော့ အိုကေသွားပါပီ.........အမှားအယွင်းမှားရှိက ခွင့်လွတ်ကြပါကုန်








Saturday, April 26, 2014

လူ့ကျင်ငယ် ရေမှ ဓာတ်အား ထုတ်ယူ အသုံးပြုမည့် စမတ်ဖုန်း ထွက်ပေါ် လာရေး ဘီလ်ဂိတ် ဖောင်ဒေးရှင်း ရန်ပုံငွေ ထောက်ပံ့

Thiha Htike | 8:54 AM | Best Blogger Tips

 



ရေ အရင်းအမြစ် ရှားပါးသော ဒေသများတွင်ပါ အလွယ်တကူ အသုံး ပြုနိုင်မည့် ဖုန်းဘက်ထရီမျိုး ထွက် ပေါ်လာရေး အတွက်
ဘီလ်ဂိတ် နှင့် ၎င်း၏ဇနီး မလင်ဒါဂိတ် တို့ထူထောင် ထားသည့် ဘီလ်နှင့် မလင်ဒါ
ဂိတ်ဖောင်ဒေးရှင်း က ရန်ပုံငွေထူ ထောင်ပေး ထားပြီဖြစ်ကြောင်း သိရ သည်။ လူက ထွက်သည့် ကျင်ငယ် ရေကို အသုံးပြုမည့် ဘက်ထရီစနစ် ကို စမ်းသပ် တီထွင် နေကြခြင်း ဖြစ်သည်။
လူသားများ ၏ စွန့်ပစ် အညစ် အကြေးများကို အသုံးပြု ကာ လူသားများ အတွက် အကျိုးပြု နိုင်မည့် စွမ်းအင်တစ်မျိုးမျိုး ထုတ်ယူရေး ဟူသော ရည်ရွယ်ချက် ဖြင့် ဘီလ်နှင့် မလင်ဒါဂိတ် ဖောင်ဒေးရှင်းက ရန်ပုံငွေများ ထောက်ပံ့ လျက်ရှိနေသည်။

ရန်ပုံငွေကို အသုံးပြု၍ အင်္ဂလန် ရှိ ဘရစ်စတိုမြို့ ဘရစ်စတို စက်ရုပ် နည်းပညာ သုတေသန စင်တာတွင် စမ်းသပ် ကြိုးပမ်း နေကြခြင်း ဖြစ် သည်။ ထိုစင်တာမှ သုတေသန သမား များသည် လူ့ကျင်ငယ် ရေဖြင့် ဖုန်းများ အားသွင်း နိုင်မည့် စနစ်ကို ဖောင်ဒေးရှင်း သို့ တင်ပြခဲ့ရာ အောင်မြင်မှု ရှိသဖြင့် ဆက်လက် စမ်းသပ် ရန် ရန်ပုံငွေ ရရှိခဲ့ခြင်း ဖြစ်သည်။

ဖုန်းတွင် ထည့်သုံး နိုင်လောက် အောင် သေးသယ် သော ဘက်ထရီ မျိုး ထုတ်လုပ် နိုင်သည် အထိ ကြိုးပမ်း သွားကြမည် ဖြစ်သည်။ ဘက်ထရီ အတွင်း အဏုဇိဝ ပိုးမွှားများ ထည့်သွင်း ထားသည်။ ထိုပိုးမွှားများ သည် လူ၏ ကျင်ငယ်ရေ ထည့်သွင်း ပေးလိုက်ပါက ကျင်ငယ်ရေ ကို ၀ါးမြို ချေဖျက်ကာ စွမ်းအင်ကို ပြန်ထုတ် ပေးသည်။ ထိုစွမ်းအင် ကို လျှပ်စစ် ဓာတ်အား အဖြစ် ပြောင်းယူခြင်း ဖြစ်သည်။ လူသား စွမ်းအင်ကို အပြည့် အ၀ အသုံးချခြင်း ဖြစ်သည်ဟု ဓာတ်ခွဲခန်း သုတေသန အဖွဲ့က ပြောသည်။





Thihahtike



အာရှမှာ ရန်ကုန်ဟာ အွန်လိုင်းမှာ အိမ်ခြံမြေ အရှာခံများဆုံး တတိယမြို့ဖြစ်

Thiha Htike | 8:52 AM | Best Blogger Tips

ssshwe










www.house.com.mm ရဲ့ စစ်တမ်း အရ ထုတ်ပြန်ထားချက် ဖြစ်ပြီး ယင်း ထုတ်ပြန်ချက် အရ အာရှ တိုက်မှာ ရန်ကုန်မြို့ဟာ တတိယမြောက် အွန်လိုင်းမှာ အိမ်ခြံမြေ အရှာခံရဆုံး မြို့ တစ်မြို့ ဖြစ်ကြောင်း သိရ ပါတယ်။
ပထမ နေရာမှာ တည်ရှိ နေတာက ပါကစ္စတန်က ကရာချီ ဖြစ်ပြီးတော့ ဒုတိယက လဟော ဖြစ် ပါတယ်။ ပြီးတော့မှ မြန်မာ နိုင်ငံရဲ့ ရန်ကုန်က တတိယ နေရာမှာ လိုက်နေခြင်း ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ကမ္ဘာတစ်ဝန်း ကနေ ရှာဖွေတဲ့ စစ်တမ်း ဖြစ်ပါတယ်။ အမှန်တော့ ပါကစ္စတန် က မြို့ နှစ်မြို့နဲ့တောင် သိပ်မကွာ ပါဘူး။ ၂၆ ရာခိုင်နှုန်းသော အာရှမှာ Property ရှာဖွေမှုက ကရာချီ၊ ၂၂ ရာခိုင်နှုန်းက လဟော၊ ရန်ကုန် ကတော့ ၂၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒီတော့ ကရာချီနဲ့ ၆ ရာခိုင်နှုန်းသာ ကွာခြားခြင်း ဖြစ်ပါတယ်။

ယင်းဟာ ကမ္ဘာတစ်ဝန်းက ရင်းနှီးမြှုပ်နှံ သူများဟာ မြန်မာပြည်မှာ ဝင်ရောက် လုပ်ကိုင်ဖို့ စိတ်ပါ ဝင်စားမှု အင်မတန် များပြားလာခြင်းကို ဖော်ပြနေတာ ဖြစ်ပါတယ်။ အားလုံး သိထား ကြတဲ့ အတိုင်း ရန်ကုန်ရဲ့ အိမ်ခြံမြေ ဈေး တွေဟာလည်း အဆမတန်ကို တိုးတက်လို့ နေပါတယ်။ အရောင်း ၊ အငှား အားလုံး ရဲ့ ဈေးတွေ အကုန် တက်ပြီးတော့ အိမ်ခြံမြေ မှာ ရင်းနှီးမြှုပ်နှံ သူတို့ ပိုမို စီးပွား ဖြစ်ထွန်း လာကြကြောင်း သိရ ပါတယ်။





Ref&Credit-smart pro journal(smart.com.mm)


Thihahtike


Friday, April 25, 2014

Admin / User များသို့ 'ဖား' ခြင်း

Black Magic | 10:26 PM | Best Blogger Tips

အားလုံးကို  Sorry ပဲဗျို့.. ။ လာဖတ်တဲ့သူတွေရော... ။Admin တွေရော... ၊ Admin တွေရောဆိုတဲ့ အထဲမှာ MgMin LuKaLay ကိုတော့ အားအနာဆုံးပဲဗျာ...၊ Template ပြင်ပေးမယ်ဆိုပြီးတော့လည်း ဘာမှမလုပ်ပေးနိုင်..၊ သူ့ ဆီမှာလည်း အခန့်သား Admin ဝင်လုပ်ပြီးတော့ ဘာမှလည်း မရေးနိုင်ဆိုတော့ Reader တွေကိုရော.. Admin တွေကိုရော ဘယ်လို့ တောင်းပန်ရမလည်းတောင်မသိတော့ဘူး..။
၁၀ ရက်လောက်တော့ ထပ်အချိန်ယူလိုက်ဦးမယ်ဗျာ..၊ နောက်လ လောက်ကစပြီး ကျွန်တော် သိတဲ့ မတောက်တခေါက်လေးတွေကို ပြန်ရေးပေးမယ်ဗျို့.... :)

Tuesday, April 22, 2014

အချက်အလက်တွေသည် ဦးနှောက်ကို ၀န်ပိစေခြင်း

Thiha Htike | 12:52 PM | Best Blogger Tips

Overloaded Man 



ယနေ့ ဒီဂျစ်တယ်ခေတ်ဖြစ်သည့်နဲ့ အညီ ကွန်ပျူတာ၊ စမတ်ဖုန်း အစရှိတဲ့ ခေတ်ပေါ် နည်းပညာကရိယာတွေနဲ့ ဘတ်စ်ကားစောင့်တဲ့ အချိန်ကအစ အလစ်မပေးပဲ နောက်ဆုံးပေါ် သတင်းတွေကို ရယူနေကြတဲ့ ခေတ်မှာ Information overload လို့ခေါ်တဲ့ ဦးနှောက်ကို ရူပ်ထွေးခြင်း (သို့) ဦးနှောက်မှတ်ဥာဏ် ၀န်ပိခြင်း ဆိုတဲ့ အကြောင်းအရာတစ်ရပ်က နေ့စဉ်နေ့တိုင်း လူတိုင်းနီးပါးမှာ ဖြစ်ပေါ်လျက်ရှိလာပါတယ်။

ထို ဖြစ်ရပ်ဟာ သာမန်ကြည့်ရင် ဘာမှမဆိုနိင်ပေမဲ့ စိတ်ဓာတ်ကို ဖိအား သက်ရောက်တဲ့ Stress ပိတဲ့ရောဂါ နဲ့

ဆက်နွယ်ကာ ရောဂါတစ်ခုအဖြစ် တိုးပွားလာလျက် ရှိတဲ့ကဏ္ဍ တစ်ရပ် ဖြစ်လာနေပါတယ်။ အီးမေလ်၊ ဆိုရှယ်မီဒီယာနဲ့ အခြား လူမူကွန်ရက်တွေ ကို ခေတ်နဲ့ အပြိုင် သုံးစွဲလာကြတာနဲ့ အမျှ အချက်အလက်တွေ၊ သတင်းအစိတ်အပိုင်းတွေ၊
ကို ဦးနှောက်တစ်ခုရဲ့ မှတ်နိင်အားထက်ပိုတဲ့ အနေအထားတစ်ခုနဲ့ မှတ်သားလာရပါတယ်။ Log in ၀င်ဖို့ Password ကအစပေါ့။

( မနက်ကတောင် ရုံးက ကောင်မလေးတစ်ယောက် သင်္ကြန်လည်းပြီးရော ရုံးပြန်တက်တာ ကွန်ပျူတာ Log in ၀င်တဲ့ Password မေ့သွားလို့တဲ့ ရုံးမှာ ဟိုလိုဒီလို ဖြစ်နေလေရဲ့။
ဒီနေရာမှာ အကြုံပေးမူအနေနဲ့ လက်စွဲတော်တွေဖြစ်တဲ့ မိမိ လက်ကိုင်ဖုန်းမှာ ကိုယ်မေ့တတ်တာလေးတွေကို Notepad မှာ ရိုက်ပြီး သိမ်းထားပေးပါလို့ ဆိုတာပါပဲ )

စိတ်ဆိုတဲ့ သဘောတရားဟာ စိတ်ငြိမ်နေတဲ့ အချိန်မှာ ဘယ်အရာကို မဆို အေးအေးဆေးဆေးဖြေရှင်းနိင်ပေမဲ့ အခြား စိုးရိမ်မူတွေရှိတဲ့အချိန်မှာဆိုရင်တော့
ပုံမှန် သိလေ့လုပ်လေ့ရှိတဲ့ အရာတွေကို ပူထူပြီး မေ့ပျောက်လေ့ရှိတာကို လူတိုင်းနီးပါး ဖြစ်ဖူးကြမယ်ထင်ပါတယ်။ ထိုနေရာတွေ အချို့သော် လူတော်တော်များများက ရိုးရာ နည်းတစ်ခုဖြစ်တဲ့ တရားထိုင်ခြင်းနဲ့ သူတို့ရဲ့ ရပ်တည်မူကို စီမံဖို့ ပြုလုပ်ကြပါတယ်။ စိတ်ငြိမ်နေမှ အရာအားလုံးကို အချက်ကျကျ အောင်အောင်မြင်မြင် နဲ့ စီမံခန့်ခွဲ့နိင်မှာ ဆိုတာ ပြောစရာတောင်လိုမယ် မထင်မိပါဘူး။ ဒါကြောင့် စိတ်ငြိမ်စေနိင်ဖို့က အရေးပါလှပြီး ထိုသို့ဆောင်ရွက်ခြင်းတွေ အပြင် မိမိရဲ့ နေ့စဉ်နေထိုင်မူပုံစံကိုလည်း အနည်းငယ်ပြောင်းလဲ ကျင့်ကြံဖို့ လိုအပ်ပါတယ်လို့ အကြုံပြုမူ အချို့ က ယခုလို လမ်းညွှန်ထားပါတယ်။

ဒါကတော့ အလုပ်တစ်ခုမလုပ်ခင် နှစ်ကြိမ်ပြန်လည် စစ်ဆေးတာပါပဲ။ လန်ဒန်မှာ ရှိတဲ့ ကုမ္ပဏီတစ်ခုဟာ သူတို့ရဲ့ဝန်ထမ်းတွေဆီကို မေးလ်မပို့ခင် အမြဲတမ်း နှစ်ကြိမ်စစ်ဆေးပြီးမှ မေးလ်ပို့ပြီး ထို့သို့ပြုလုပ်ခြင်းဖြင့် ရလဒ်မှာ တစ်နှစ်ကို အလုပ်ချိန် ၁၁၀၀၀ သက်သာစေတယ်လို့ လေ့လာမူတွေ အရသိရပါတယ်။ အလုပ်တွေ ရူပ်တဲ့ အချိန်၊ အရူပ်တွေလုပ်တဲ့ အချိန်မှာ စိတ်တွေမြန်ဆန် ရူပ်ယှက်ခတ်နေတဲ့ အချိန်မှာ တစ်ခေါက်လောက်နဲ့ က မှားသွားနိင်ပြီး အချိန်တွေပိုကုန်လာနိင်တတ်လို့ပါပဲ။

နောက်တစ်ခုက စိတ်ရူပ်စရာ ဖိအားဖြစ်စေမဲ့အရာပါတဲ့ အီးမေးလ်တစ်ခုကို ပြန်စာ ပြန်လည် မပို့မီ အသက် (၃) ခါလောက် ပြင်းပြင်း
ရူပြီးမှ ပို့ခြင်းတွေလည်းပါဝင်ပါတယ်။ ဒါဟာ စိတ်ကို မရူပ်စေရန် ကြိုတင်ပြင်ဆင်ကာ အသိပေးတဲ့ စိတ်ပိုင်းဆိုင်ရာ psychological effect တစ်မျိုးလည်းဖြစ်ပါတယ်။




Ref&Credit-smart pro Journal(www.smart.com.mm)

Thihahtike


Sunday, April 20, 2014

Cyberlink PowerDVD Ultra 14.0.3917.58 ကိုဒေါင်းရန်။

Anonymous | 9:48 AM | Best Blogger Tips

ဒီဟာလေးကိုတော့အာလုံးသိကြမယ်လိုတင်ပါတယ် ဒီ Software လေးကတော့ HD Video တွေကြည့်တဲ့
အခါမှာဒီ Video Player ကအရမ်းကိုကောင်းပါတယ် ။ Movie ချစ်တဲသူတွေဒီ Software လေးကဘယ်
လောက်ကောင်းတယ်ဆိုတာကိုတော့ အကုန်းလုံးသိကြမယ်ထင်ပါတယ် ဒီ Software ကိုမသုံးဖူးသေးတဲ
သူငယ်ချင်းများရှိရင်တော့ စမ်းကြည့်လိုက်ပါ ပလိုခြင်ရင်တော့ပြန်ပြီးတော့ Uninstall လုပ်လိုက်ယုံပါဘဲ
ဘာမှမခတ်ခဲပါဘူး လိုခြင်တဲသူများရှိရင်တော့အောက်မှာဒေါင်းလိုက်ပါ Patch နှဲ့ တစ်ခါထဲထည့်ပေးလိုက်
ပါတယ် ။

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here