About

Monday, April 28, 2014

Android Jelly Bean နှင့် KitKat တို့တွင် ဖြစ်နေသော Security Flaw အကြောင်း

Unknown | 2:30 PM | | Best Blogger Tips

Jelly Bean- Android Version 4.3 နှင့် Latest Version ဖြစ်သော KitKat- Android Version 4.4 တို့တွင် သံသရဖြစ်ဖွယ် activity များရှိနေသည်ကို Computer Emergency Response Team of India (CERT-In) မှ ထုတ်ပြန် ပြောဆိုခဲ့ပါသည်။




Android Version 4.3 and 4.4 တို့တွင်ရှိနေသော Critical Flaw သည် Secure VPN Communication မှနေ၍ Third Party Server (သို့မဟုတ်) Hijack Unencrypted Communication ဆီသို့ Redirect လုပ်ရန် အတွက် Attacker အား Active VPN Configuration ကို Bypass လုပ်နိုင်ရန် ခွင့်ပြုမည်ဖြစ်ပါသည်။


Virtual Private Network (VPN) Technology ဆိုသည်မှာ Public Internet အပေါ်တွင် Private Network ကို Encrypted Tunnel အဖြစ်အသုံးပြုရန် ဖန်တီးထားခြင်းဖြစ်ပါသည်။ Organization များနှင့် Group များတွင် ၄င်း VPN ကဲ့သို့သော Connection များကို Employee များ (သို့မဟုတ်) Authorized Person များသည် Enterprise Network ကို Remote မှနေ၍ Laptop (သို့မဟုတ်) Desktop (သို့မဟုတ်) Mobile နှင့် Tablet အစရှိသည်တို့ကို အသုံးပြု၍ လုံခြုံမှုရှိသော ချိတ်ဆက်မှု များပြုလုပ်ရာတွင် အသုံးပြုပါသည်။


၎င်း Malicious Application သည် VPN Traffic ကို တခြား Network Address ဆီသို့ လမ်းကြောင်းပြောင်းနိုင်သည့်အပြင် Successful Exploitation ဖြစ်သွားပါက Affected Device မှ Communication Infrastructure အတွင်းရှိ Traffic အားလုံးကို Attacker မှ Capture လုပ်နိုင်ရန်ခွင့်ပြုမည် ဖြစ်ပါသည်။


ထို့အပြင် Network Communication အတွင်းတွင် Encryption Technology အသုံးမပြုသော Application များရှိနေသည့်အတွက် Plain Text များနှင့် ချိတ်ဆက်ပြောဆိုခြင်းများကို Attacker သည် Affected Device မှ နေ၍ Capture ပြုလုပ်နိုင်သဖြင့် Email Addresses, IMEI Number, SMSes ကဲ့သို့သော အရေးကြီးသော သတင်းအချက်လက်များကို ရယူနိုင်မည်ဖြစ်ပါသည်။

Cyber Agency မှ ၄င်း Threat နှင့်ပတ်သက်၍ ပြုလုပ်ရန် အကြံပေးခဲ့သော Countermeasure များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

• Application များအတွက် သင့်တော်သော Update များကို မူလ Equipment Manufacturer မှသာ Update ပြုလုပ်ရန်

• Untrusted Source များမှ Application များကို Download ၊ Install များ မပြုလုပ်ကြရန်

• Updated Mobile Security Solution များနှင့် Anti-Virus Solution များကို Maintain ပြုလုပ်ရန်

• Trusted (သို့မဟုတ်) Untrusted User များထံမှ လက်ခံရရှိသော SMS (သို့မဟုတ်) Email တို့တွင် ပါရှိသော URLs များကို Click မနှိပ်ရန် တို့ဖြစ်ပါသည်။

Reference:

http://timesofindia.indiatimes.com/tech/tech-news/software-services/Security-flaw-in-Android-Jelly-Bean-KitKat-CERT-In/articleshow/31275558.cms


mmCERT
မြောက်ဒဂုံသား

0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here