About

Wednesday, February 26, 2014

Windows7 မှာ services တွေ ကို default setting ပြန်လုပ်နည်း(Windows7 Version အားလုံးအတွက်)

Unknown | 11:53 PM | Best Blogger Tips

ကျွန်တော့်ကွန်ပြူတာ နေ့တိုင်းerror တက်နေတာ စိတ်ညစ်တယ်ဗျာ...ဒါပေမဲ့ တစ်ခုတော့ကောင်းပါတယ်...post ရေးရတာပေါ့...ဘာမှလဲမရေးတတ်တော့ဒီလိုလေးတွေပဲစောင့်နေရတာ(:P)
စစချင်းဖြစ်ပုံကိုပြောပြမယ်.... ကျွန်တော် ကကျွန်တော်တို့နားကADSL လိုင်းလေးကို လပေးလေးနဲ့ယူသုံးတယ်ပေါ့ဗျာ...ကျွန်တော့မှာညီတစ်ယောက်ရှိတယ်ဗျ ကျွန်တော်သုံးတော့သူလဲသုံးချင်တော့သူ့ကို လဲ wifi ပြန်လွှင့်ပေးရတယ်ပေါ့ဗျာ..အရင် နေ့တွေက တော့windowက အဟောင်းဆိုတော့..အဆင်ပြေတယ်ဗျ...window ကနေ wifi လေးပြန်လွှင့်ပီးဇိမ်ကျပေါ့...အဲဟိုနေ့ကတော့ သင်တန်းသွားရင်း window blackedition ခွေလေးအသစ်တွေ့လို့ဝယ်မိပါတယ်ဗျာ...အဲ့ဒါအဲ့ window လေးလဲတင်ပီးရော...ICS ကမရတော့ဘူးဗျို့ ဒါနဲ့ပဲ...ကျွန်တော် လိုက်ကလိတာပေါ့ဗျာ..services တွေ start လုပ်တဲ့ ဟာက လုပ် stop လုပ်တဲ့ဟာကလုပ်နဲ့...နောက် ICS ပြန်ကောင်းလားဆိုတော့မကောင်းဘူးဗျာ..အဲ့ဒါနဲ့ ကျွန်တော်google is my friend စကားကိုလက်ကိုင်ထားလိုက်တယ်ဗျာ..တော်သေးတာပေါ့(google is my wife မဖြစ်လို့)...ကဲကဲ တော်တော်လေးလဲလေရှည်နေပါပီ နည်းလေး ပြောပြတော့မယ်နော်....
ပုံလေးအရင် ကြည့်လိုက်ဦး..

ကုဒ်တွေကို ကျွန်တော် မရေးပြတော့ဘူးဗျာ..တော်တော်များလို့ဘလော့error တက်လို့ပါ
bat fileလေးလုပ်ပေးထားတယ်...စိတ်ချလက်ချသာဆွဲဘာမှမဖြစ်ဘူး..အာမခံတယ်..
Download here   အဲ့ bat ဖိုင်လေးကို run လိုက်ပါ...
သူ ဘာversion သုံးလဲ လာမေးရင် ကိုယ် သုံးနေတဲ့ versionအတိုကောက်လေးရေးလိုက်ပါ...
ကျွန်တော် ကတော့ ultimate သုံးတာဆိုတော့ ult လို့ရေးလိုက်တယ်.အောက်က ပုံလေးကိုကြည့်နော်
ပီးရင် enter ခေါက်လိုက်ပါ...press any key to continue လို့ပေါ်လာလိမ့်မယ်နှိပ်လိုက်ပါ...

သည်းခံပီး ဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ..
 MgminLukaLay
ဒါလေးက ကျွန်တော့နေရာ

0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here