About

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

Showing posts with label Programming. Show all posts
Showing posts with label Programming. Show all posts

Friday, January 24, 2014

BAT file ရေးနည်း အခြေခံလေးပြောပြချင်ပါတယ်

Unknown | 3:01 PM | Best Blogger Tips

bat မှာ ပါဝင်မှုအများဆုံးနဲ့ အခြေခံ အကျဆုံးလေးတွေကို စပြီးဆွေးနွေးကြည့်ရအောင်
အခြေခံအကျဆုံး command ၃ ခုကတော့
(၁) echo
(၂) @echo off/on နဲ့
(၃) pause စတာတွေဘဲဖြစ်ပါတယ်
ပထမဆုံးအနေနဲ့ ဥပမာလေး တစ်ခုရေးကြည့်ပါမယ်
@echo off
echo Hello This is a First Program
pause
အဲဒါလေးကို ဈေးအကြီးဆုံး Windows Tool တစ်ခုဖြစ်တဲ့ notepad မှာ ရေးပြီးတော့ test1.bat ဆိုပြီးသိမ်းလိုက်ပါ။
ပြီးရင်တော့ Run လိုက်ပါ။ အမဲရောင် Screen ထဲမှာ အောက်မှာ ပြထားတဲ့စာသားလေးတွေပေါ်လာပါလိမ့်မယ်။
Hello This is a First Program
Press any key to continue...
ခုနက ဥပမာလေးမှာ echo off အစား echo on သုံးပြီးတော့ ဘာများထူးခြားမလဲဆိုတာ အောက်က Code လေးကိုစမ်းရေးကြည့်ရအောင်
@echo on
echo Hello This is a First Program
pause
ပြီးရင်တော့ ခုနကအတိုင်း notepad မှာ ရေးပြီး test2.bat ဆိုပြီးသိမ်းပြီး ပြန် Run လိုက်ပါ…
အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရပါလိမ့်မယ်။
C:\Documents and Settings\User\Desktop>echo Hello This is a First Program
Hello this is a First Program
C:\Documents and Settings\User\Desktop>pause
Press any key to continue…
အဲလိုမြင်ရပါလိမ့်မယ်။ C:\Documents and Setting\… စတာတွေကတော့ တင်ထားတဲ့ Windows ၊ File ဖွဲ့စည်းပုံတွေပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်။
အခု အပေါ်မှာ ခုနကရေးထားတဲ့ Code လေးတွေကို ရှင်းပြပေးပါ့မယ်
ကျနော်တို့ ဒုတိယရေးလိုက်တဲ့ code မှာဆိုရင် @echo on ကိုသုံးလိုက်တဲ့ အတွက် File ထားရာလမ်းကြောင်းက Program Code တစ်ခါ Run တိုင်းလာပြနေပါတယ်။
အကယ်လို့များ ပထမစစချင်းမှာ ရေးခဲ့တဲ့ @echo off ကို သုံးထားမယ်ဆိုရင်တော့ မည်သည့် လမ်းကြောင်းကိုမျှမပေါ်စေဘဲနဲ့ ကိုယ်လိုချင်တဲ့ စာသားကို ရှင်းလင်းစွာပေါ်စေမှာဖြစ်ပါတယ်။
အဲဒါကိုကြည့်ချင်းအားဖြင့် @echo on နဲ့ off ရဲ့ ခြားနားချက်ကို သိနိုင်ပြီးတော့ @echo off ကို သုံးတာ ပိုကောင်းတယ်ဆိုတာကို နားလည်သွားမယ်ထင်ပါတယ်။
နောက်တစ်ဆင့်အနေနဲ့ echo အကြောင်းရှင်းပြပါ့မယ်
ကျနော်တို့ဟာ ရိုးရိုး စာကြောင်းတစ်ကြောင်းလောက် ကို Program Run တုန်းပြချင်တယ်ဆိုရင် (ဥပမာ ခုနက Program ထဲကလို “Hello this is a First Program” ဆိုတဲ့ simple phrase တစ်ခုလောက်ကိုဘဲ ပြချင်တယ်ဆိုရင်တော့ echo ကို ဖော်ပြချင်တဲ့စာသားရှေ့မှာ ထားပြီးရေးနိုင်ပါတယ်.
အခု pause အကြောင်းရှင်းပြပေးပါမယ်
pause ဆိုတာကတော့ ရပ်တာပါ
batch file ကို run နေရင်းနဲ့ ခဏနားချင်ရင် pause ကို သုံးပါတယ်။ သူ့ကိုသုံးရင် batch file က ကျနော်တို့ ဆီက key တစ်ခုခု မနှိပ်မချင်း အလုပ်မလုပ်တော့ပါဘူး။ key တစ်ခုခုနှိပ်လိုက်မယ်ဆိုရင်တော့ သူလုပ်စရာရှိတာဆက်လုပ်သွားပါလိမ့်မယ်။ ခုနက Program ၂ ခုမှာ ဆိုရင်တော့ pause ပြီးတော့ ဘာမှ ဆက်မရေးထားလို့ ဘာအလုပ်မှ ဆက်လုပ်မှာ မဟုတ်ဘဲ program ကနေ ထွက်သွားမှာဖြစ်ပါတယ်။
pause ကို ထပ်မံနားလည်စေဖို့ အောက်က ဥပမာလေးကို လေ့လာကြည့်ပါမယ်
@echo off
echo Hello Welcome Back
pause
echo I am testing pause function
pause
အဲဒါကို အပေါ်က ဥပမာတွေ အတိုင်း Save ပြီး Run ရင်တော့ အဖြေအတိုင်းဖော်ပြပါလိမ့်မယ်
Hello Welcome Back
Press any key to continue…
I am testing pause function
Press any key to continue…
အဲဒီ့ Program လေးကို စမ်းပြီးရင်တော့ pause ကို နားလည်သွားလောက်ပြီထင်ပါတယ်။
အခုနောက်ထပ် နည်းနည်း အဆင့်မြင့်တဲ့ Command တွေကို လေ့လာကြည့်ရအောင်
msg နဲ့ cls အကြောင်းကို အရင်လေ့လာကြည့်ပါမယ်
အရင်အတိုင်း ဥပမာလေးတွေနဲ့ လေ့လာကြည့်ရအောင်
Notepad ကို ပြန်ဖွင့်ပြီးတော့ အောက်က Code လေးတွေကို ရိုက်ထည့်ကြည့်ပါမယ်….
@echo off
echo Hello I am back
pause
cls
echo I am testing cls and msg commands
msg * Bye Bye
pause
ပြီးရင်တော့ test3.bat နဲ့ သိမ်းပြီး Run လိုက်ပါ
သူ့ အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါလိမ့်မယ်
Hello I am back
Press any key to continue…
(မှတ်ချက်၊၊ ၊၊ ဒီနေရာ ရောက်လို့ အကယ်လို့များ ကျနော်တို့ဟာ သူပြောတဲ့ အတိုင်း key တစ်ခုခုကို နှိပ်လိုက်မယ်ဆိုရင် program က cls ဆိုတဲ့ code ရဲ့ အလုပ်ကို ဆက်လုပ်မှာ ဖြစ်ပါတယ်။
အဲလို လုပ်မယ်ဆိုရင်တော့ ခုနက ပေါ်ခဲ့တဲ့ Hello I am back ဆိုတာကြီးက ပျောက်သွားမှာဖြစ်ပါတယ်။
ပြီးရင် cls ရဲ့ အောက်က echo ဆိုတဲ့ code အတွက် အလုပ်လုပ်ပါလိမ့်မယ်…key တစ်ခုခုကို နှိပ်လိုက်တယ်လို့ သဘောထားပြီး ဆက်ကြည့်ကြရအောင်….အခုဆိုရင်တော့ အောက်မှာ ပြထားတဲ့ စာသားဟာ သင့် ရဲ့ Black Screen ပေါ်ရောက်နေလောက်ပါပြီ…)
I am testing cls and msg commands
(ဒီစာပေါ်ပြီးတာနဲ့ message box တစ်ခုကျလာပါလိမ့်မယ် message box ထဲက စာသားကတော့ )
Bye Bye
(ပါတဲ့ ပြီးရင်တော့ အရင်အတိုင်း)
Press any key to continue…
(ဆိုတာလေးလာမှာပါ)
နားလည်ပါ့မလားတော့မသိဘူး… ကျနော်လည်း ဘယ်လိုရှင်းရမှန်းမသိလို့ ရှင်းလင်းချက်တွေကို ကွင်းစ ကွင်းပိတ် () ထဲထည့်ရေးလိုက်တယ်နော်။
အဲဒီ့တော့ cls နဲ့ msg ကို ဘယ်လိုနားလည်လိုက်ပါသလဲ….
အစ်ကို ၊ အစ်မ တို့ ဘယ်လိုနားလည်လဲတော့မသိဘူး ၊ ကျနော်ပြောပြချင်တာကတော

-cls ဆိုတာရဲ့ အရှည်ကောက်က Clear Screen ပါ (Java သင်ဖူးတဲ့သူအားလုံးသိသလို ၊ ကွန်ပြူတာကိုင်ဖူးရင်တောင် သိပါတယ်) သူက Screen မှာရှိတဲ့ စာသားတွေကို ရှင်းထုတ် (ဖျက်ထုတ်) ပေးရုံသက်သက်ပါ။
-msg ဆိုတာကတော့ Message ရဲ့ အတိုကောက်ဖြစ်ပြီးတော့ သူက User ကို Message Box တစ်ခုချပေးတာဖြစ်ပါတယ်။ GUI လေးနဲ့ပေါ့…
နောက်ထပ် Command တွေ အကြောင်းဆက်လေ့လာလိုက်ရအောင်….
အခုတစ်ခါရှင်းပြချင်တာကတော့ rem နဲ့ start ဆိုတာလေးတွေပါ…
အဲဒါတွေကို စမ်းဖို့အတွက် Folder တစ်ခုကို Test ဆိုတဲ့ နာမည်နဲ့ ဆောက်ပေးပါ…
ပြီးရင် အဲဒီ့ထဲကို စိတ်ကြိုက် ပုံတစ်ပုံထည့်ပြီးတော့ testpic ဆိုတဲ့ နာမည်ပေးလိုက်ပါ…
နောက်တစ်ဆင့်အနေနဲ့ Notepad ကို ဖွင့်ပြီး အောက်မှာရှိတဲ့ Coding တွေကို ရိုက်ထည့်ပေးပါ…
@echo off
echo We are testing start and rem
rem title TEST4
start testpic.jpg
pause
ပြီးရင်တော့ test4.bat ဆိုပြီး ခုနက Test ဆိုတဲ့ Folder ထဲမှာ save ပြီး Run လိုက်ပါ. အောက်မှာ ပြထားတဲ့ အတိုင်းမြင်ရပါလိမ့်မယ်။
We are testing start and rem
Press any key to continue
(key တစ်ခုကို ထပ်နှိပ်လိုက်ရင် ခုနက စိတ်ကြိုက်ရွေးပြီးတော့ ထည့်ထားတဲ့ testpic.jpg ကို မြင်ရမှာပါ။ ပုံရဲ့ extension ကိုကော ရွေးလိုက်တဲ့ပုံပေါ်မူတည်ပြီး .png ၊ .gif စသည်ဖြင့်ကွဲပါလိမ့်မယ်)
အဲဒါဆိုရင်တော့ အပေါ်က Program ကို နားလည်ပြီထင်ပါတယ်။
-start ဆိုတာကတော့ စိတ်ကြိုက် file တစ်ခုကို ခေါ် run ပေးတာဖြစ်ပါတယ်။ သူ့အနောက်မှာ ဘာမှ မပါဘဲနဲ့ start သီးသန့် ရေးခဲ့မိရင်တော့ နောက်ထပ် အမည်းရောင် screen ပေါ်လာမှာဖြစ်ပါတယ်။
-rem ဆိုတာက တကယ်တော့ remark ကို ခေါ်တာပါ. ဒါပေမယ့် သူက bat file run နေတုန်းမှာ မမြင်ရတတ်ပါဘူး. (ဘယ်အချိန်မြင်ရလည်းတော့ ကျနော်လည်းမသိဘူး သိချင်ရင်တော့ ရှာလိုက်ကြပေါ့နော်)
အခု goto ၊ set နဲ့ if ကို ရှင်းပါတော့မယ်…
အခုမှစလေ့လာသူတွေအတွက် ဒီအပိုင်းက နည်းနည်းစပြီးတော့ ရှုပ်လာမှာဖြစ်လို့သေချာလေး လိုက်လုပ်ကြည့်စေချင်ပါတယ်။
အောက်မှာပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရိုက်ထည့်လိုက်ပါ…
@echo off
echo This is a Test
echo If you want to do math type 1 and press enter
echo If you want to see a picture type 2 and press enter
set /p option=
if '%option%'=='1' goto :math
if '%option%'=='2' start testpic.jpg

:math
echo 2 2
pause
ပြီးရင်တော့ ခုနက Folder ထဲမှာဘဲ test5.bat ဆိုပြီး save ပြီးရင် Run ပါမယ်။
Run လိုက်ရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပြပါလိမ့်မယ်…
This is a Test
If you want to do math type 1 and press enter
if you want to see a picture type 2 and press enter
(ဒီအဆင့်ကို ရောက်ရင်တော့ 1 နဲ့ 2 နှစ်ခုထဲက ကြိုက်ရာတစ်ခုကို ရွေးနိုင်ပါတယ်)
(၁ ကိုရွေးမယ်ဆိုရင်တော့ အောက်က 2+2 ဆိုတာကို ပြပေးပါလိမ့်မယ်)
2+2
(၂ ကို ရွေးခဲ့မယ်ဆိုရင်တော့ ထည့်ထားတဲ့ စိတ်ကြိုက်ပုံလေးထွက်လာပါလိမ့်မယ်…)
(ပြီးရင်တော့ ထုံးစံအတိုင်း Press any ….. ပါဗျာ )
Press any key to continue…
နောက်တစ်ခုရေးဦးမယ်နော်
set choice
if ‘%choice%’==’1′ goto :math
ဒါဆိုရင်တော့ အကယ်လို့ ကျနော်တို့က 1 လို့ရိုက်ထည့်ရင် choice ထဲကို 1 ၀င်မယ် ပြီးရင်တော့ Math ဆိုတဲ့ function အလုပ်ကို လုပ်ပါလိမ့်မယ်.(if မှာပါတဲ့ % ဆိုတာတွေကိုတော့ ကျနော်ကိုယ်တိုင်မေ့နေလို့ ချန်လှပ်ထားခဲ့ပါရစေ) အခုက Basic အပိုင်းဆိုတော့ အဲဒါတွေ မသိသေးးလဲ ကိစ္စမရှိသေးပါဘူး….
ဒီလောက်ဆိုရင် if ၊ set နဲ့ goto ကို နားလည်သွားပြီလို့ထင်ပါတယ်
ဟုတ်ပါပြီ အခုအချိန်ထိ ကျနော်ရှင်းလာသမျှအားလုံးဟာ အလွယ်တကာ့ အလွယ်ဆုံး အခြေခံများဖြစ်ပါတယ်..

ဒုတိယပိုင်းအနေနဲ့ နည်းနည်းလေး အဆင့်မြင့်တာတွေ ပြောသွားပါမယ်။ ဒီ Bat File ကို TuT အနေနဲ့ ရေးတာ အားလုံး စုံလင်သွားရင် E-Book အနေနဲ့ ပြုလုပ်ပြီးတော့ ဖိုရမ်ထဲကိုအမြဲ မလာနိုင်တဲ့သူတွေ အဆင်ပြေအောင် လုပ်ပေးပါ့မယ်။
အခု ကျနော် ပထမဆုံး စပြောချင်တာကတော့ call နဲ့ exit တို့ အကြောင်းဖြစ်ပါတယ်။
အရင်တခေါက်ကလိုဘဲ Notepad ထဲသွားပြီးတော့ အောက်မှာ ရှိတဲ့ Code တွေကို ရိုက်ထည့်လိုက်ပါ။
@echo off
echo WoW I know the basics of batch
call call.bat
pause
exit
ပြီးရင်တော့ Folder အသစ်တစ်ခုတည်ဆောက်ပြီး အဲဒါကို adv1.bat ဆိုတဲ့နာမည်နဲ့ သိမ်းလိုက်ပါ။
နောက်တစ်ခါ Notepad ကို ပြန်ဖွင့်ပါ။ ပြီးရင် အောက်မှာ ရှိတဲ့ Code ကို ထပ်ရိုက်ပါ။
@echo off
echo I Love *Y*
pause
ပြီးရင်တော့ ခုနက Save ထားတဲ့ adv1.bat နဲ့ တူတူ Folder ထဲမှာ call.bat ဆိုတဲ့နာမည်နဲ့ Save လိုက်ပါ။
နောက်တစ်ဆင့်အနေနဲ့ ပထမရေးထားတဲ့ adv1.bat ဆိုတာကို Run လိုက်ပါ။
အောက်မှာ ပြထားတဲ့ အတိုင်း Screen မှာ ပေါ်လာပါလိမ့်မယ်။
WoW I know the basics of batch
I Love *Y*
Press any key to continue… (ကြိုက်တဲ့ Key တစ်ချက်နှိပ်လိုက်ပါ)
Press any key to continue… (ဒီစာကြောင်းလေး နောက်တစ်ခါထပ်ပေါ်လာမှာပါ။ နောက်ထပ် ကြိုက်တဲ့ Key ကို နှိပ်မှ Program က ထွက်သွားပါလိမ့်မယ်)
အဲဒါကို ကြည့်ချင်းအားဖြင့် exit က ဘာအလုပ်လုပ်တယ်ဆိုတာ သိမှာပါနော်..
နောက်တစ်ခုအနေနဲ့ call ပါ… call ဆိုတာကတော့ နောက်ထပ် batch file တစ်ခုကို ခေါ်သုံးတာပါ။
ဒီလောက်ဆို call နဲ့ exit အကြောင်းသိလောက်ပြီထင်ပါတယ်။

Wednesday, January 22, 2014

Programming Language များကို အွန်လိုင်းမှာ လေ့လာနိုင်မဲ့ ဆိုဒ်များ...

Unknown | 2:18 PM | Best Blogger Tips

Coding ၀ါသနာ ပါသူများ အနေနဲ့ Coding နဲ့ ပါတ်သတ်ပြီးတော့ လေ့လာလိုံ ရနိုင်တဲ့ ဆိုဒ်တွေကို စုစည်း ပေး
ထားပါတယ်။ tutorial တွေကို အဲ့ဒီ့ ဆိုဒ်တွေမှာ သွားပြီး လေ့လာနိုင်ပါတယ်... ဘယ် Program တွေကို ဘယ်
လို ရေးလဲ ... Game တွေကို ဘယ်လို ရေး သလဲ စသဖြင့်ပေါ့.... Video tut တွေ ပါသလို lecture တွေလည်း
ပါပါတယ် ..... ကိုယ်နဲံ ဘယ် Site ကဖြင့် သင့်တော်မလဲ ဆိုတာ ရွေးပြီးတော့ သာ ကြည့်ကြပါခင်ဗျာ ....။

Coding နဲ့ ပါတ်သက် သူများအနေနဲ့ စုစည်းထားသင့်တဲ့ ဆိုဒ်တွေပါခင်ဗျာ။

(၁) CodecAcademy

ဒီဆိုဒ်မှာတော့ ပထမဆုံး လိုအပ်တာ အကောင့် ဖောက်ဖို့ ဖြစ်ပါတယ်...အကောင့်ကလည်း Free ဖြစ်ပါတယ်။
အကောင့် ဖောက်ပြီးရင်တော့ အဲ့ဒီ့ ဆိုဒ်မှာ သင်ပေးတဲ့ Language တွေကို လေ့လာခွင့် ရမှာဖြစ်ပါတယ် .... ။
ဘာတွေ သင်လို့ ရသလဲ ဆိုရင်တော့ JavaScript, HTML, CSS, Python, Ruby, PHP စတာတွေကို သင်
လို့ရမှာဖြစ်ပါတယ်... အဲ့ဒီ့ဆိုဒ်မှာ အခုဆိုရင် လူ ပေါင်း ၄ သိန်း ကျော် ရှိနေပြီ ဖြစ်ပါတယ်....။

(၂) Google Code University

ဒီဆိုဒ်ကတော့ ကျွန်တော်တို့ အင်တာနက် သုံးနေတဲ့ သူတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဂုရုကြီး Google ဖြစ်ပါ
တယ်၊ အခု ဒီ ဆိုဒ်မှာတော့ အကောင့် ဖောက်စရာမလိုပါဘူး၊ ကိုယ်လိုတာကို ၀င်ကြည့် ၀င်လေ့လာရုံပါပဲ။
အဲ့ဒီ့မှာဆိုရင် Video lecture တွေ အပြင် အဖြစ်များတဲ့ problem တွေ ဖြေရှင်းနည်းတွေ၊ လေ့ကျင့်ခန်းတွေ၊
စာအုပ်တွေ၊ powerpoint slide တွေကို ပါ ရနိုင်မှာ ဖြစ်ပါတယ်။

ဘာတွေ လေ့လာလို့ ရသလိုဆိုရင်တော့
Computer Science,
Programming Languages,
Web Programming,
Web Security,
Google APIs and Tools စသဖြင့် လေ့လာလို့ရပါမယ်။
Programming Language မှာဆိုရင် Python , C++ ,Go နဲ့ JavaScript စတာတွေကို လေ့လာလို့ ရပါမယ်
ခင်ဗျာ....။

(၃) P2PU

Peer to Peer University မှာတော့ Web-based programming တွေကို လေ့လာလို့ ရမှာဖြစ်ပါတယ်.... ။
သူ့မှာတော့ အကောင့် ဖောက်ဖို့ လိုပါတယ်။ အကောင့် ဖောက်ပြီး သူရဲ့ အထဲမှာ ပါတဲ့ Course တစ်ခုခု ကို
ပြီးပြီ ဆိုရင် သူ့ဆိုဒ်က Badge လေးတစ်ခု ရပါတယ် ... ကိုယ့်ရဲ့ Profile မှာ website မှာ အဲ့ဒီ့ Badge လေး
ကို သုံးလို့ ရပါတယ် ... သင်ယူတတ်မြောက်ပြီးကြောင်းပေါ့။

(၄) HTML5 Rocks

ဒီဆိုဒ်မှာလည်း ကိုယ်မေးချင်တာတွေ မေးဖို့ အတွက်ကို အကောင့် ဖောက်ရပါတယ်။ Tutorial တွေကို လည်း
လေ့လာလို့ရပါတယ်။ သင်လို့ ရတာတွေကတော့ web application frameworks, debugging tools, and
compatibility resources စသဖြင့် သင်ယူလို့ ရပါတယ်။

(၆) The Code Player

ဒီဆိုဒ်မှာတော့ HTML5, CSS3, JavaScript တွေကို လေ့လာနိုင်ပါတယ်၊ သူ့ဆီမှာဆိုရင် နမူနာလေး တွေပြ
ထားပြီး အဲ့ဒါလေးတွေကို သဘောကျလို့ ဘယ်လို ရေးထားတယ် ဆိုတာကို လေ့လာ ချင်တယ် ဆိုရင် ဘေး
ဘက်က view code ဆိုတာကလေးကို နှိပ်ပြီးတော့ ကြည့် / လေ့လာလို့ ရပါတယ် .... ။

သိပ်သဘောကျဖို့ ကောင်းတဲ့ ဆိုဒ်ကလေးတစ်ခုပါပဲ။

(၇) Rubykoan

ဒီဆိုဒ်ကတော့ Ruby နဲ့ ပါတ်သတ်လို့ အကုန်လေ့လာလို့ ရပါတယ်၊ Framework တွေကို ဒေါင်းပြီးတော့
လည်း လေ့လာနိုင်ပါတယ် .... Ruby သီးသန့်ပဲဖြစ်ပါတယ်။

(၈) Stack Overflow

ဒီဆိုဒ်ကတော့ Forum တစ်ခုလိုဖြစ်ပါတယ်၊ အဲ့ဒီ့ ဆိုဒ်မှာ ဆရာ့ ဆရာကြီးတွေ အများကြီး ရှိပါတယ်၊ ကိုယ့်
အနေနဲ့ ရေးနေရင်း ပြသနာ တစ်ခုခု ဖြစ်ပြီဆိုရင် သွားမေးလိုက်ပါ၊ သူတို့တွေက ၀ိုင်းဝန်းပြီးတော့ ဖြေရှင်း
နိုင်မယ့် နည်းတွေကို ပြောပြပါလိမ့်မယ်။ လက်တွေ့လုပ်ဆောင်နေတဲ့ သူတွေအတွက်တော့ တကယ်အသုံး
ဝင်တဲ့ ဆိုဒ်တစ်ခုပါ။

(၉) Apple Developer Center

ဒါကတော့ Apple က သူ့ရဲ့ Developer တွေ အတွက် လုပ်ပေးထား တာဖြစ်ပါတယ်။

(၁၀) Android Developer Center

အခု Moblie ဆိုပြီး ပြောလိုက်တာနဲ့ Android ဆိုတာနဲ့ တွဲပြီးတော့ကို မြင်လာတဲ့ အချိန်မှာ Android app
ရေးသူတွေ အတွက် တော့ အသုံးအ၀င်ဆုံး ဆိုဒ်တစ်ခု ဖြစ်ပါလိမ့်မယ်။

(၁၁) Mobiletuts

ဒီနေရာလေး ကတော့ Mobile ဖုန်းတွေ အတွက် App ရေးသား သူတွေ အတွက်ပါပဲ။

Tutorial တွေကိုလည်း စုံအောင် တင်ပေးထားပါတယ် .... Ios , Android နဲ့ window phone တွေအတွက်
ပါ tut တွေ အများကြီးရှိပါတယ်။

(၁၂) Programmr

ဒီနေရာလေး မှာတော့ language တော်တော် များများကို လေ့လာနိုင်ပါတယ်။ Training လုပ်ပေးတာတွေ
ရှိသလို problem တွေကိုလည်း ပြောလို့ ရပါတယ်၊ လေ့လာလို့ ရတာတွေကတော့ C#, Java, PHP, SQL,
C++, Javascript စသဖြင့် တော်တော် စုံပါတယ်။ Java နဲ့ SQL ကိုတော့ ပိုပြီး စုံစုံလင်လင် တွေ့ ရလိမ့်
မယ်လို့ ဆိုပါတယ်။

(၁၃) edX

ဒီဆိုဒ်ကတော့ Harvard တက္ကသိုလ် မန်ဆာချူးဆက် တက္ကသိုလ်နဲ့ Berekley တက္ကသိုလ်တို့ ပေါင်းပြီး
တော့ Computer Science သင်ကြားပေးထားတဲ့ ဆိုဒ်ပဲ ဖြစ်ပါတယ်။

(၁၄) YouTube EDU

ဒါကတော့ ကျွန်တော်တို့ တွေနဲ့ ရင်းနှီးတဲ့ Youtube ပါ၊ အဲ့ဒီ့မှာ ကတော့ Video training တွေ နဲ့ တင်ပြ
ထားပါတယ်၊ ဘာတွေ လေ့လာလို့ ရသလဲဆိုရင်တော့ အများကြီး ရှိပါတယ်၊ ကိုယ် သင်ချင်တာလေးကို
ရွေးပြီးတော့ သက်ဆိုင်ရာ ခေါင်းစဉ်ခွဲ အလိုက်သာ ကြည့်သွားကြပါလို့ တိုက်တွန်းပါတယ်။

(၁၅) Processing

ဒီနေရာလေး မှာတော့ software platform တွေ tutorials တွေ example code တွေ ကို free ဒေါင်းလို့
ရမှာပါ ... ပြီးရင် အခက်အခဲတွေ့တဲ့ အခါမှာ forum မှာသွားပြီးတော့ မေးလို့ရပါတယ်။

(၁၆) Eloquent Javascript

JavaScript ကို လေ့လာမယ် ဆိုရင်တော့ ဒီဆိုဒ်မှာ စုံစုံလင်လင် တွေရမှာဖြစ်ပါတယ်။ tutorial တွေ ကို
လည်း တွေ့ရမှာ ဖြစ်ပါတယ်။

(၁၇) Code Avengers

ဒီနေရာလေး မှာတော့ HTML ၊ CSS နဲ့ Javascript တွေကို လေ့လာလို့ ရမှာဖြစ်ပါတယ် အကောင့်ဖောက်
စရာမလိုပါဘူး။ ပုံမှန်ဝင်ကြည့်လို့ ရပါတယ် phone ကနေပြီးတော့ ဖတ်လို့ ရအောင်အတွက် သူ့ရဲ့ app
လေးလည်း လုပ်ပေးထားပါတယ်။

(၁၈) Code School

ဒီနေရာလေး မှာကတော့ Course တွေ အားလုံးကို သူက free ပေး မထားပါဘူး၊ ဒါပေမယ့် သူ့ဆီမှာ
လေ့လာလို့ရတဲ့ Free ပေးထားတဲ့ Course တွေကတင် တော်တော် ကို အသုံးဝင်တယ်လို့ဆိုပါတယ်။

(၁၉) Hackety Hack

ဒီဆိုဒ်ကတော့ Hacking အတွက် သင်ကြားပေးတဲ့ ဆိုဒ်ဖြစ်ပါတယ်၊

သူကပြောထားတာတော့ Programming အတွေ့အကြုံ Zero level အဆင့် ကနေပြီးတော့ သင်ပေး
တာပါ .... သူသုံးတာကတော့ Ruby ကို သုံးပြီးတော့ သင်ပေးပါတယ်။

(၂၀) Learn Code The Hard Way

ဒီဆိုဒ်မှာကတော့ C ၊ Phython ၊ Ruby ၊ SQL နဲ့ Regex စတာတွေကို အဓိက သင်လို့ ရပါမယ်။

(၂၁) Alice

ဒီဆိုဒ် ကလေးကတော့ Game တွေရေးဖို့ အတွက် အဓိက ထားပြီးတော့ သင်ကြားပေးပါတယ်။

3D နဲ့ ပါတ်သတ်တာတွေ Thinking တွေ Problem solving တွေနဲ့ စုံစုံလင်လင် ရှိတာကို တွေ့ရမှာပါ။

(၂၂) Scratch

ဒီဆိုဒ်ကလေးရဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေ အတွက်ရည်ရွယ်ပြီး လုပ်ထားပါတယ်တဲ့ ဒါပေ
မယ့် တကယ့် Basic ကနေပြီးတော့ သင်ချင်တဲ့ သူတွေ အတွက်လည်း အဆင်ပြေပါတယ်တဲ့။

games တွေ music တွေ art တွေ stories တွေ animations တွေ စသဖြင့် သင်ယူနိုင်မှာပါ။

အပေါ်ကတော့ Free အနေနဲ့ လေ့လာလို့ ရမယ့် ဆိုဒ်တွေ ကို စုစည်းထားတာ ဖြစ်ပါတယ်၊ အခုကတော့
ကျွန်တော်တို့ ဘာကို လေ့လာချင်လဲ၊ လေ့လာမယ် ဆိုရင် Google မှာ ရှာတဲ့ အခါ တိတိကျကျ ရှာဖွေနိုင်
ဖို့ အတွက် ဘယ်လို ရှာရမလဲဆိုတာ သိဖို့အတွက် အချိန် မကုန်စေဖို့အတွက်ပါ။

အခု ကျွန်တော်တို့က Programming Language တစ်ခုကို လေ့လာဖို့ အတွက် ရှာမယ်ဆိုရင်Google မှာ
“learn (insert coding language here)”e.g : learn (phython) ဆိုပြီးတော့ ရှာကြည့်ပါ ကိုယ်ရှာ
ဖွေတာနဲ့ ပါတ်သတ်လို့ တကယ် အသုံးဝင်တာတွေကို ချပြပါလိမ့်မယ်။

inurl:edu "python" ဒီနည်းလေးကတော့ ကိုယ်သင်ချင်တာနဲ့ ပါတ်သတ်ပြီးတော့ Courses တွေ နဲ့
သင်ထားတဲ့ Education ဆိုဒ်တွေကို ရှာဖွေပေးမှာဖြစ်ပါတယ်။

-inurl:htm -inurl:html intitle:"index of" +("/ebooks"|"/book") +(chm|pdf|zip) "python"

ဒီလိုလေး ရှာရင်တော့ ကိုယ်ရှာဖွေတဲ့ language နဲ့ ပါတ်သတ်ပြီးတော့ စာအုပ်တွေကို ရှာဖွေပေးမှာပါ။
အဲ့ဒီ့ အနီလေးနဲ့ ပြထားတဲ့ နေရာမှာ Language တခုခု ဒါမှမဟုတ် ကိုယ်က ဘယ်သူရေးတဲ့ စာအုပ်လို
ချင်တာလဲ အဲ့ဒီ့နေရာမှာ အစားထိုး ပြီးတော့ ရိုက်ပြီးတော့ ရှာကြည့်ပါ တိတိကျကျ ရှာဖွေပေးတာတွေ့ ရ
ပါလိမ့်မယ်။

ဆိုဒ်တွေရဲ့ အကြောင်းကို ရေးထားတာ သိပ်ပြီးတော့ စုံစုံလင်လင် မဟုတ်ပေမယ့် ကိုယ်တကယ်လိုချင်လို့
ရှာတဲ့ အခါကျရင် ဘယ်ဆိုဒ်တွေ ဘယ်လိုရှိတယ် ဆိုတာသိရင် အဆင်ပြေစေဖို့ရယ်၊ ပြီးတော့ Coding နဲ့ ပါတ်သတ်ပြီးတော့ သင်ကြားပေးထားတဲ့ ဆိုဒ်တွေကို စုပေးထားချင်တဲ့ အတွက်ရယ်ကြောင့်ပါ။

Credit to => techspot.com

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here