About

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

Tuesday, April 8, 2014

GSM, WCDMA, CDMA, MEC (အင်တာနက် Setting များ)

Thiha Htike | 9:10 PM | Best Blogger Tips

mobiles1 



မြန်မာနိုင်ငံ၏ GSM, WCDMA, CDMA, MEC ဖုန်းကိုင်ဆောင်သူတိုင်းအတွက်  အင်တာနက်ချိတ်ဆက်လိုက်ပြီဆိုတာ နဲ့  အင်တာနက် Setting ထည့်ပေးရမှာ မလွဲဧကန်ပါ။ အဲ့လိုအချိန်ကြရင် မိမိ ကိုင်တိုင် လက်ဆောင်နိုင်အောင်တင်ပေးလိုက်ပါတယ် … လိုင်း sim card တွေရဲ့ အင်တာနက် setting တွေအပြင် ဖုန်းအမျိုးအစားအလိုက် iphone, Samsung, HTC, Sony, Huawei, Blackbarry, Mobile Windows 7, Mobile Windows 8, Nokia တို့ရဲ့ Internet Setting ထည့်နည်းလေးများကိုလဲ ဖော်ပြထားပေးပါတယ် …
Mec (1500) Card Internet Setting
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။

Name – Mectel (or) Card
APN  -  #777
Proxy – ဘာမှ မထည့်ပါနဲ့။
Port – ဘာမှ မထည့်ပါနဲ့။
Username – mectel@c800.mm (or) card@c800.mm
Password – 123 (or) 12345 (or) card
Server – ဘာမှ မထည့်ပါနဲ့။
MMSC – ဘာမှ မထည့်ပါနဲ့။
MMS Proxy – ဘာမှ မထည့်ပါနဲ့။
MMS Port – ဘာမှ မထည့်ပါနဲ့။
MCC – 460
MNC – 03
Authentication type – PAP or CHAP (or) CHAP
APN type – ပုံမှန်အားဖြင့် မလိုအပ်ပါဘူး။(Default ကိုသာ ထည့်ပေးပါမယ်။)
Data bearer – မလိုပါ။
Prompt password  -  #777
APN မပါသော သူများကတော့ PPP Digit မှာ #777 ထည့်ပါမယ်။Connection name တောင်းခဲ့ရင် mectel ပါနော်။
ကဲ…….ဒီလောက်ဆိုရင်တော့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျ။အခက်အခဲ တစ်စုံတစ်ရာရှိခဲ့ရင်လဲ  Comment ပေးပြီး မှာထားခဲ့လို့ရပါတယ်ဗျာ။

GSM, WCDMA Network သုံး Mobile Phone တွေအတွက်
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။

Name – မိမိနှစ်သက်ရာနာမည် တစ်ခုခုရိုက်ထည့်လိုက်ပါ။
APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port – ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP
APN type – default, supl (ရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
အပေါ်က ဖြည့်ခိုင်းထားတာတွေ အားလုံးပြီးသွားရင်တော့ Menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်လိုက်ပါ။မပြီးသေးပါဘူးဗျာ။အောက်မှာ တစ်ဆင့် ကျန်ပါသေးတယ်။

1.မိမိ Mobile Phone ရဲ့ Setting ထဲကို ပြန်ဝင်ပါ။
2.Wireless & Networks ထဲကို ထပ်ဝင်လိုက်ပါ။
3.Mobile Networks ထဲကို ၀င်လိုက်ပါဦးဗျာ။
4.Data Enable ဆိုတာလေးကို အမှန်ခြစ်လိုက်ပါ။
ဒါဆိုရင် ကျွန်တော်တို့ Mobile Phone ရဲ့ Notification Bar အပေါ်နေရာလေးမှာ အပေါ်တက်အောက်ဆင်းပုံစံမျိုး Icon မြှားလေးတစ်ခုပေါ်လာပါလိမ့်မယ်။ဒါဆိုရင်တော့ ကျွန်တော်တို့ GSM Network သုံး Mobile Phone တွေမှာ Internet စတင် အသုံးပြုလို့ရပါပြီဗျာ။(မှတ်ချက် – ဒီ Setting အတိုင်းချိန်လိုက်ရင်လိုင်းဆွဲအားကောင်းမွန်တဲ့ 3G Network ကိုလဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်ဗျာ။

CDMA Network သုံး Mobile Phone တွေအတွက်
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.CTNET နဲ့ CTWAP ကိုတွေ့ပါလိမ့်မယ်။
6.CTNET ထဲကို ၀င်လိုက်ပါ။ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။

Name – CTNET
APN – #777
Proxy – ဘာမှ မထည့်ပါနဲ့။
Port – ဘာမှ မထည့်ပါနဲ့
Username – Yekyawphyo@c800.mm (Yekyawphyo ဆိုတဲ့နေရာမှာ မိမိကြိုက်တာရိုက်ပါ။)
Password – မိမိ စိတ်ကြိုက် လျို့ဝှက်နံပါတ်တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။
Server – ဘာမှ မထည့်ပါနဲ့။
Authentication type – PAP or CHAP
APN type – Default
APN protocol – IPv4
APN Roaming protocol – IPv4
Bearer – Unspecified
Data Bearer – Package Data
Prompt password – #777

ဒါဆို အားလုံး အဆင်ပြေသွားပါပြီ။အဲ……ကျွန်တော် တစ်ခု သတိပေးချင်တာကတော့ ဖုန်းတွေက အမျိုးအစားတွေ အများကြီးဆိုတော့ ကျွန်တော် ပြောတဲ့နည်းတွေနဲ့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ဒါပေမဲ့ စိတ်မပျက်ဘဲ ကိုယ့်မှာ ရှိတဲ့ ဥာဏ်စွမ်း ဥာဏ်စလေးတွေနဲ့ ဖြည့်တွေးပြီး ကလိကြပေါ့ဗျာ။ဘာပဲဖြစ်ဖြစ် Internet Setting စတင် ချိန်မယ် ဆိုပါကသမရိုးကျနည်းအတိုင်းပဲ စပါမယ်။ Data Enable ကို On ထားပါမယ်။ထိုနောက် Wireless and Network Settings>Mobile networks>Access Point Names ကို ၀င်ပါမယ်။Menu key ( မျဉ်းလေးကြောင်းထပ် ပုံကလေးပေါ့) ကို နှိပ်ပြီး New APN ကို ရွေးပါမယ်။ ထို့နောက် Name, APN, usernameနှင့် Prompt password ကိုသာ ထည့်၍ Save လုပ်ပါ။ Restart ချပေးပါ။
ပြန်တက်လာလျှင် Internet သုံးလို့ ရပါပြီ။အားလုံးပဲ အဆင်ပြေကြပါစေနော်။

For Android
Name: MM – MPT Web
APN: mptnet
Proxy:
Port:
Username: mptnet
Password: mptnet
Server:
MMSC:
MMS Proxy:
MMS Port:
MMS Protocol: WAP 2.0
MCC: 414
MNC: 01
Authentication Type: PAP
APN Type: default, supl

For IOS
- Select Settings.
- Select General.
- Select Network or Cellular
- Select Cellular Data Network.

- Under Cellular Data Option
APN: mptnet
Username: mptnet
Password: mptnet

For Blackberry
The method to do this may be different . If you have better instructions please contact me.
1.    From the home screen click on the Blackberry Menu button
2.    Then select “Options” – it usually has a spanner icon.
3.    Then “Device Settings”.
4.    Then select “Advanced Sysem Settings”.
5.    Select “TCP/IP” from the list.
6.    Here you will find your “APN Settings”. Make sure the tick-box next to “APN Settings Enabled” is ticked.
7.    Once you have done that, just below this you will see “APN:”. This is where you will need to type in a setting.  Set the Following APN

APN: mptnet
USERNAME:  mptnet
PASSWORD: mptnet

8.    Click the menu button and select “Save”
For Mobile Windows 7

If you have better instructions please let me know….
Click the Start (menu) button
Choose Settings from the program list
Scroll down and click Cellular
Click on the Edit APN Button

Set: APN: mptnet
USERNAME:  mptnet
PASSWORD: mptnet

For Mobile Windows 8
In the App list Click Settings
Tap Cellular

Delete any existing APN Settings..
Tap “Add Internet APN”
Tap APN and type in mptnet
Tap Username and type in mptnet
Tap Password and type in mptnet
Tap Save

Tap “Add MMS APN”
Tap APN an type in
Tap Username and type in
Tap Password and type in
Tap WAP gateway (URL) and type in
Tap WAP gateway port and type in
Tap MMSC (URL) and type in
Tap MMSC Port and type in
Tap Max MMS Size and type in
Tap IP Type and select: IPv4v6
Tap Save







Credit-MMAS

ပထမဆုံး မြန်မာစာ Build-in ပါဝင်တဲ့ Huawei စမတ်ဖုန်း Huawei Ascend G6

Thiha Htike | 9:09 PM | Best Blogger Tips

 



USD 250 Around ( ခန့်မှန်း ၂၅၀,၀၀၀ ကျပ်ဝန်းကျင်)
Huawei Showroom
၀၉-၃၁၅ ၉၇၇ ၇၀

Ascend G6 ဟာ မြန်မာနိုင်ငံကို မကြာခင်ရောက်ရှိလာတော့မယ့် ဖုန်းတစ်လုံးပါ။ Huawei စမတ်ဖုန်းတွေထဲ မြန်မာစာ Build-in ပထမဆုံး အသုံးပြုထားတဲ့ ဖုန်းပေါ့။ ပြည်တွင်းဈေးကွက်ထဲကိုတော့ ဧပြီလအတွင်းမှာ စတင်ရောင်းချသွားပါ လိမ့်မယ်။ G6 အကြောင်းပြောရမယ် ဆိုရင် သူဟာ P6 နဲ့ ညီအစ်ကိုလိုပါပဲ။ P6 နဲ့ ဒီဇိုင်းအသွင်အပြင် တထေရာတည်းတူညီပြီး ပါးလွှာမှု အပိုင်းမှာလည်း နှိုင်းယှဉ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ P6 လောက် အရွယ်အစားမကြီးပေမယ့် အသုံးပြုနိုင်တဲ့ Feature တွေက P6 ထက်တောင် ပိုနေပါသေးတယ်။ G6 ကို ကိုယ်တိုင်စမ်းသပ်ကြည့် လိုက်တော့…….


မြန်မာစာ Build-in ပါဝင်
မိုဘိုင်းဖုန်းမှာ မြန်မာစာသုံးနိုင်ဖို့ ဆိုတာ အရေးကြီးတဲ့ အချက်တစ်ခု
ဖြစ်လာပါတယ်။ ဒါကို Huawei က အလေးထားပါတယ်။ ဒါ့ကြောင့်
မြန်မာစာ Build-in ပါတဲ့ စမတ်ဖုန်းတစ်လုံးကို ဖန်တီးပေးလိုက်တာပါ။
မြန်မာစာ Build-in ပါလာတဲ့အတွက်ကြောင့် ဖုန်းရဲ့ App တွေ၊ Setting တွေ၊ Network ချိတ်ဆက်မှုတွေကအစ မြန်မာဘာသာ
စကားတွေနဲ့ မြင်တွေ့ရပါပြီ။ အားသာချက်က မြန်မာစာဖော်ပြမှုတွေဟာ ပိုမိုရှင်းလင်းပြီး နားလည်ရလွယ်ကူတဲ့ စာသားတွေမြင်တွေ့ရခြင်းပါ။

ရှေ့ကင်မရာကို အလေးပေးထား
G6 မှာ ရှေ့ကင်မရာစွမ်းရည်ကို ပိုအလေးပေးထားတာ တွေ့ရပါတယ်။
ရှေ့ကင်မရာကို 5MP အထိတောင် သုံးပေးထားပါတယ်။ မနည်းလှတဲ့ Pixels အရည်အသွေးပါ။ 88° Wide-Angle ရိုက်ကူးနိုင်မယ့် စွမ်းရည်တွေ ရှိနေပါတယ်။ အသံနဲ့ခိုင်းစေ ရိုက်ကူးနိုင်တဲ့ Voice System လည်း ပါဝင်ပါတယ်။

နောက်ဘက်မှာတော့ Auto Focus လုပ်ပေးနိုင်တဲ့ 8 MP BSI ကင်မရာ တစ်လုံးကို တပ်ဆင်ထားပါတယ်။ အဲဒီကင်မရာမှာ 5P Lens တွေ တပ်ဆင်ထားပြီး F2.0 Aperture စွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်။ အလင်းပြန်မှု အရမ်းများနေတဲ့ ပတ်ဝန်းကျင်မှာ အဆင်ပြေပြေ ဓာတ်ပုံရိုက်ယူနိုင်အောင် စီစဉ်ပေးမယ့် Blue Glass Infrared Filter တွေကိုလည်း တပ်ဆင်ထားတယ်။ HDR စနစ်တွေ၊ မြင်ကွင်းကျယ် Panorama စနစ်တွေ၊ အလှဓာတ်ပုံရိုက်နိုင်မယ့် Beaty Level စနစ်တွေ သုံးနိုင်ပါသေးတယ်။ ထူးခြားချက်တစ်ခုက ဓာတ်ပုံရိုက်ရာမှာ အသံပါဖမ်းယူပေးမယ့် Sound & Shot စနစ်တစ်ခုပါဝင်လာပါတယ်။ Sound & Shot စနစ်က သင့်ရဲ့အမှတ်တရ ဓာတ်ပုံတွေကို ပိုပြီး အမှတ်တရ ရှိသွားစေတာပေါ့။
ဓာတ်ပုံတွေကို တိုက်ရိုက်ပြုပြင်နိုင်
ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို Effect အမျိုးမျိုးသုံးပြီး အလန်းစား ဓာတ်ပုံတွေအဖြစ် ပြုပြင်နိုင်ပါတယ်။ ဘယ် ကင်မရာ App ကိုမှ သုံးနေဖို့မလိုပါဘူး။ G6 ရဲ့ကိုယ်ပိုင်ကင်မရာမှာပဲ တိုက်ရိုက်ပြုပြင်
နိုင်ပါတယ်။ ဓာတ်ပုံတွေကို လိုအပ်တဲ့အတိုင်းအတာအထိ Cropping
ဖြတ်နိုင်ပြီး အလင်းအမှောင်ချိန်ညှိခြင်း၊ ဓာတ်ပုံဖရိန်ထည့်ခြင်းတွေကို လုပ်ဆောင်နိုင်ပါတယ်။ Effect အမျိုးမျိုးလည်း ပါဝင်ပါတယ်။

Emotion UI 2.0
P6 မှာသုံးထားတဲ့ UI ထက်ဗားရှင်းပိုမြင့်တဲ့ Emotion UI 2.0ကိုသုံးထားတာ
ပါ။ P6 ထက် UI က ပိုပြီးလန်းလာပါတယ်။ Home Screen ကနေ
နှစ်သက်ရာ App တွေကို အလွယ်တကူ အသုံးပြုနိုင်ခြင်းက Emotion UI ရဲ့အားသာချက်တွေပါ။

စွမ်းဆောင်ရည်
G6 မှာ ၄.၅ လက်မရှိတဲ့ qHD မျက်နှာပြင်ကို သုံးထားတာပါ။ P6 ထက်တော့ အရွယ်အစား သေးပါတယ်။ 4 GB Storage နဲ့ 1 GB RAM ကို သုံးထားပါ
တယ်။ 1.2 GHz မြန်နှုန်းရှိတဲ့ Quad-core Processor ကိုသုံးထား
ပါတယ်။ မြန်ဆန်သွက်လက်မှုကို မြင့်မားစွာ စွမ်းဆောင်နိုင်တဲ့ ဖုန်းတစ်လုံးပါပဲ။ Android ဗားရှင်း 4.2 (Jelly Bean) ကိုသုံးထားပါတယ်။ ကြာရှည်အသုံးခံနိုင်မယ့် Li-Ion 2000 mAh ဘတ်ထရီကို တပ်ဆင်ထား
ပါတယ်။

သုံးသပ်ချက်
လက်ရှိပြည်တွင်းကို ဝင်ရောက်လာမယ့် G6 ဗားရှင်းက 3G Network သုံး GSM ဆင်းကဒ် သီးသန့်ထည့်သုံးနိုင်တဲ့ ဗားရှင်းပါ။ နောက်ပိုင်းမှာ CDMA အတွက်ရော၊ ဆင်းကဒ်နှစ်ကဒ်အတွက်ရော ဗားရှင်းအသစ်တွေ ထပ်ထုတ်မယ်လို့ သိရပါတယ်။ CDMA ကိုင်ဆောင်သူတွေ စိတ်မပျက်ရတော့ဘူးပေါ့။
Specifications
- 4.5 inches qHD Display
- GSM 3G Network
- 4 GB Storage, 1 GB RAM
- 8MP Back & 5MP Front Camera
- Android OS, v4.2 (Jelly Bean)
- Quad-core 1.2 GHz Processor
- Li-Ion 2000 mAh Battery

—————————————
 
 
 
 
 
 
 
 
 
 
 
Ref & Credit to TechSpace Journal

Sunday, April 6, 2014

Clean Master_v.5.2.0 (For Android)

Thiha Htike | 4:37 PM | Best Blogger Tips

7405652-1373273436790 




Android OS အသုံးပြုသူများ အနေဖြင့် မိမိတို့ ဖုန်းမှာ.. အင်တာနက်သုံးတာနှေးနေလား၊ C8813 တွေမှာ လိုမျိုး  Viber သုံး ရင်း Call  မရတာလား၊ ဖုန်းထဲ မှာ အရမ်းလေးနေလား ၊ဖုန်းကို ပေါ့ပေါ့ပါးပါးနဲ့ ယုံကြည်ချက်အပြည့်နဲ့ အသုံးပြုချင်တယ်ဆိုရင်တော့  ဒီဆော့ဝဲလ်လေးကို အသုံးပြုလိုက်ပါနော် ကျွန်တော်လည်း ဒီကောင်လေးကိုပဲ အားကိုးနေရတာဗျ.. အဲ ဒါနဲ့ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ပေါ့ အကိုအမ တို့က မကြိုက်ရင်တော့ ကျွန်တော် အတင်းမသုံးခိုင်းပါဘူးနော်.. အောက်မှာဒေါင်းလိုက်ပါအုံးး  




http://www.mediafire.com/download/k8hwfwzry4s6m28/Clean_Master_v.5.2.0.apk



Thihahtike



မန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကာလ အထူးအစီအစဉ်

Thiha Htike | 4:35 PM | Best Blogger Tips

bonus 



ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်း သုံးစွဲသူ မိဘပြည်သူများ အတွက် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော် ကာလ အထူးအစီအစဉ်အဖြစ် သင်္ကြန်ရုံးပိတ်ရက် များတွင် အပိုငွေ ထပ်ဆောင်း ဖြည့်စွက်ပေးရန် အစီအစဉ် ပြုလုပ်ထားပါကြောင်း အသိပေး တင်ပြ အပ်ပါသည်။
 
မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကာလ အထူးအစီအစဉ်

၁။      မဟာသင်္ကြန် ရုံးပိတ်ရက်ကာလ  (၁၂.၄.၂၀၁၄) နေ့မှ  (၂၁.၄.၂၀၁၄)  နေ့ အတွင်း ကြိုတင် ငွေဖြည့်သော  (GSM / WCDMA / CDMA ) မိုဘိုင်းတယ်လီဖုန်းများ အတွက် ငွေဖြည့်ကတ် တန်ဖိုး၏ (၂၀%)  ကို လက်ဆောင် (Bonus)  အဖြစ် ထပ်ဆောင်းဖြည့်ပေး မည် ဖြစ်ပါသည်။

၂။      မိုဘိုင်းဖုန်း သုံးစွဲသူအတွက် ရရှိသော (Bonus)  ငွေပမာဏ ကို  Bonus Account တစ်ခု ထပ်မံ ဖွင့်လှစ်ထိန်းသိမ်း ပေးသွားမည် ဖြစ်ပြီး အဆိုပါ Account ရှိ ငွေများကို နောက်ဆုံး ငွေဖြည့်သည့် ရက်မှစ၍ နောက်ထပ် (၁၀)ရက် အတွင်း ပြည်တွင်း Call ခေါ်ဆိုမှု များအတွက် သုံးစွဲနိုင်မည် ဖြစ်ပါသည်။

၃။      ထို့ကြောင့် နောက်အကျဆုံး  (၂၁.၄.၂၀၁၄) ရက်နေ့တွင်  ငွေဖြည့်သော မိုဘိုင်းဖုန်းများ၏ Bonus Account ရှိ Balance ငွေကို (၃၀.၄.၂၀၁၄) ရက်နေ့ (၂၄:၀၀) နာရီအထိ သုံးစွဲ နိုင်မည်ဖြစ်ပြီး ကျန်ရှိသော Bonus Account Balance ငွေလက်ကျန် များသည် (၁.၅.၂၀၁၄) ရက်နေ့ တွင်ပိတ်သိမ်း သွားမည် ဖြစ်ပါသည်။





မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း






iTunes (For All Windows)

Thiha Htike | 4:33 PM | Best Blogger Tips

features_store_gallery2









 Apple IOS အသုံးပြုသူ တော်တော် များများ ကတော့ I tune ကို အသုံးပြုကြမှာပါပဲ .. ဒါလေးက Update လေးပါ ဒါလေးကို အသုံးပြုပြီး Back up , Restore လုပ်နိုင် Upgrade ,Down grade  လုပ်နိုင် ပြီးတော့ iTunes Store ကနေ Video တွေနဲ့ Music တွေ ဒေါင်းနိုင်ပါတယ်နော်.. ကဲအောက်မှာ ဒေါင်းလိုက်ကြပါအုံးနော်..






Windows Xp, 7, 8, Vista – iTunes – 32bit

Windows Xp,7,8,Vista – iTunes – 64bit

Mac Windows – iTunes – Mac











Saturday, April 5, 2014

Ultimate Web Recon (YGN Ethical Hacker Group)

Unknown | 9:20 PM | Best Blogger Tips

http://yehg.net/lab/1m4g35/2_slice.gif 



YGN Ethical Hacker Group က ဖန်တီးထားတဲ့ Ultimate Web Recon ဆော့ဝဲလ်လေး တင်ပေးလိုက်ပါတယ်ခဗျာ၊
ကျွန်တော်တို့  မြန်မာနိုင်ငံရဲ့  နာမည်ကြီး ဟက်ကာ ဂရုက ထွက်တဲ့ 
ဆော့ဝဲလ်တွေဆိုတော့ ပြောစရာ မလိုအောင် ကောင်းပါတယ်၊ exploit လုပ်ဖို့ အတွက်တော့
အဖိုးတန် ရတနာ တစ်ခုလို တန်ဖိုးရှိတဲ့ ဆော့ဝဲလ်ဖြစ်ပါတယ်ဗျာ၊
 တစ်ခုတော့ရှိတယ်နော် ။ ဒီဆော့ဝဲလ်ကို အသုံးပြုဖို့  အတွက်
စက်ထဲမှာ Microsoft .NET Framework 4+ အထက် ရှိရပါမယ်ခဗျာ၊

Ultimate Web Recon  


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEhUfwaLHRMlpYpypaWvR1SM8xFlx29pB0ymIsxScxN2ND3rHLetLq6hIYRTOI9vPsXr8CyRNC02Qh5nvSPqga1uKYT4RAaKKLCVHU5WvMFDIQx5kEgGRIbjbzft6RaGVhwa0WfvKlCjzR/s1600/Screenshot-0.png


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBiwW7BBLn49M935JtnhQL9_rKWHyNqgOvHxXU6fvP0Kbn6N5sCEVysuwTUE8TWP0X45oiM8YnpHu0UNTqDFqWqfmp9pcSYcUOGTpBU6mcmCJEj2beL1kCCnpvN-LX-ivU2nQH7z4VC88u/s1600/Screenshot-1.png 


UltimateWebRecon :: Intro

With the prevalence of frame-busting scripts or X-Frame-Options header,  our web-based  Recon page is likely to be unusable soon in the future. So, we've coded a small Windows-based application that does the same.

UltimateWebRecon :: Minimum System Requirement


UltimateWebRecon :: Database Update

- Select Help > Update Database.

UltimateWebRecon :: Program Update

- The application should detect automatically at next launch after database update.

UltimateWebRecon :: Database Structure

The application uses an XML data file reconDb.xml which contains a list of common web resources that we use in our daily penetration testing projects.   You can examine the file's XML tag and attribute structure to add your own favorite URLs under classified categories.  An example goes like this:

<link name="Shodan" value="http://www.shodanhq.com/?q=%s" compatible="yes" ontextfield="" />

compatible (yes|no)  -  If it's set to 'Yes', it means the site is compatible with the IE rendering engine of the  application. And the application will load the site.

ontextfield (string) - text field input ID or name of site page. Once the page is loaded, Query text value of the application will be copied into the site page text field input so that you do not need type it.  This is applicable for those sites that allows only HTTP POST request.  This feature may not be reliable at all times due to time out triggered by long loading time of multiple page elements like js, css, ...etc.all - fill query string in all input text fields.  We may update the application to support POST-based request in the future but not for now.

UltimateWebRecon :: License

Ultimate Web Recon is under Freeware license. Permission is granted for use at your own risk.

UltimateWebRecon :: Legality

To comply with each web site's Terms of Service, the program does not/will not have automated query feature. It is designed to assist in human's manual research and analysis of information to be gathered.
 








Friday, April 4, 2014

IObit Driver Booster PRO v1.3.0.173(incl. serials) ကိုဒေါင်းရန်။

Anonymous | 11:17 PM | Best Blogger Tips

ဒီ Software ကိုသိတဲ့သူတွေလဲရှိမယ် မသိတဲ့သူတွေလဲရှိမယ်လိုထင်ပါတယ် ဒီ Software ကကိုယ် Computer မှာမရှိမဖြစ်လိုအပ်နေတဲ့ Computer လေးပါအရမ်းကိုကောင်းပါတယ် ။ ကိုယ် PC မှာရှိနေ
တဲ Driver တွေကို Update ပေးတယ်လိုနေတဲ့ Driver တွေကိုဒေါင်းပေးပါတယ် ။ Driver တွေမှာပြသ
နာတစ်ခုခုဖြစ်နေရင်တော့ဒီ Software လေးက Error ဖြစ်နေတဲ့ဟာကိုပြင်ပေးပါတယ် ဒီလိုမျီုး Software
ကိုကိုယ့် Computer မှာဆောင်ထားသင့်ပါတယ် ။



Svchost.EXE ကို ဘယ်လိုသတ်မလဲ

Unknown | 9:41 PM | | | Best Blogger Tips


http://cms.content.simplitec.com/pics/svchost.exe_10.jpg

SVCHOST.EXE ဟာ Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့ အချိန်မရွေးရောက် နိုင်ပါတယ်..
သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာ စဖွင့်လိုက်တာနဲ့..

1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..
ဒါဆိုရင်တော့ SVCHOST.EXE       ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..
တကယ်တော့ SVCHOST ဆိုတာ System ထဲမှာအမှန်တကယ်အလုပ် လုပ်နေတဲ့ File ပါ..
ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင် မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..
Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..
အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန် တက်လာပါတယ်..
Antivirus ကလည်းသူ့ကိုရှာမတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..
သူ့ကိုသတ်စရာ နည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..
အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..

1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကွန်ပျူတာထဲကို ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်.. မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..
2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ.. ပြီးရင် Tool>Folder Options ကိုသွားပါ... ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ.. နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ.. Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်းပါလိမ့်မယ် Yes ကိုနှိပ်ပါ.. အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်.. ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..
3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်.. Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchost အလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restart ပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ.. စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်...

System တစ်ခုလုံးအားထိန်းချုပ် နိုင်သော Windows Power shell မှ Active Directory ကို မည်သို့ ထိန်းချုပ်မည်နည်း

Unknown | 9:40 PM | Best Blogger Tips


 http://www.bollymovies.ucoz.com/images3/powershell_2.jpg

Windows Power shell ဆိုသည်မှာ Windows ၏ အဓိကကျသော အစိတ်အပိုင်းဖြစ်ပြီး အသုံးပြုရန်ခက်ခဲသော အပိုင်းလည်းဖြစ်သည်။ ၄င်း Power shell မှ system တစ်ခုလုံးကိုထိန်း ချုပ်နိုင်သည်။ ထို့အတူ Active Directory ကိုလည်း ထိန်းချုပ်နိုင်သည်။ သို့သော် ထိုကဲ့သို့ထိန်းချုပ်နိုင်ရန် Active Directory Web Services (ADWS) ကို ထိန်းချုပ်လိုသည့် DC (Domain Controller) ပေါ်တွင် run ထားရမည်ဖြစ်သည်။ ၄င်း DC မှာလည်း Windows Server 2008-R2 နှင့်အထက်ပေါ်တွင် အသုံးပြုရမည်။ADWS ကို အသုံးပြုပြီးလျှင် လိုအပ်သော AD Power shell module ကိုအသုံးပြုနိုင်ပြီဖြစ်သည်။

Client Operation System ဖြစ်သော windows 7 ကို အသုံးပြု လျှင် RSAT(Remote Server Administration Tools ) ကိုအသုံးပြုကာ AD module ကို အသုံးပြုနိုင်သည်။ install ပြုလုပ်ပုံမှာအောက်ပါအတိုင်းဖြစ်သည်။

Control Panel မှTurn Windows Features on or off တွင် RSAT section အောက်မှ Role Administration Tools>AD DA & AD LDS Tools အောက်တွင် Active Directory Module for Windows PowerShell ကို check လုပ်ပြီး OK နိပ်ပါ။


၎င်း AD module မှာ Server 2008-R2 နှင့်အထက် တွင် default အနေနှင့် ပါပြီးဖြစ်သည်။ ထို့နောက် Administrative tools မှ Power Shell ကို ခေါ်ကာ အောက်ပါအတိုင်းရိုက်ကာ Active Directory module ကို import လုပ်ရမည်ဖြစ်သည်။ Import-module ActiveDirectory

User Account အသစ်တခုဖန်တီးခြင်း
New-ADUser -Name "Ron Smith" -Enabled $true -Path 'OU=Marketing,DC=contoso,DC=com' -AccountPassword (Read-Host -AsSecureString "pwd") -ChangePasswordAtLogon $true -HomeDirectory "\\server\home\rsmith" -HomeDrive "H:" အထက်ပါ Command ကို ရိုက်ကာ account သစ်တခု ဖန်တီးနိုင်သည်။

New-ADuser –Name : user ၏နာမည်။


-Enable $true : acc အသစ်အား enable ပြုလုပ်ခြင်းဖြစ်သည်။


-Path : user ၏ domain သတ်မှတ်ခြင်း


-AccountPassword (Read-Host-AsSecureString “pwd”): password ကို command ရိုက်ပြီး မှ ထည့်ရန်ဖြစ်သည်။


-ChangePasswordAtLogon $true : login စဝင်လျှင် password change ခိုင်း ခြင်း


-HomeDirectory : user ၏ home directory သတ်မှတ်ခြင်း


-HomeDrive : user အသုံးပြုမည့် drive သတ်မှတ်ခြင်း

Group Members များအား ရှာဖွေခြင်း

Get-ADGroupMember –Identity “Sales Users” –Recursive အထက်ပါ command ဖြင့် Sale group member များအား ရှာဖွေနိုင်သည်။ Figure 2 တွင် command နောက်တွင် Recursive parameter ထည့်ရိုက်လျှင်ကွာခြားပုံကိုဖော်ပြထားသည်။


အခြား Command များ
Get-ADForest : forest ၏ information များရှာဖွေရန်


get-addefaultdomainpasswordpolicy : password policy များအားကြည့်ရှုခြင်း


Unlock-ADAccount –Identity “rsmith” : account များအား unlock ပြုလုပ်ခြင်း



ဖုန်းနံပါတ်မလိုပဲ Facebook ကို 100% အလွယ်ဖွင့်နည်း

Thiha Htike | 2:26 PM | Best Blogger Tips

facebook 





ဒီနည်းလေးကတော့ Android ဖုန်းတစ်လုံးရှိရုံနဲ့ အကောင့်လွယ်လွယ်ဖွင့်လို့ ရပါတယ်၊
တကယ်လည်းဖုန်းနံပါတ်မတောင်းပါဘူး။တစ်ဆင့်ချင်းရှင်းပြပါမယ်။စိတ်ရှည်ဖို့ တော့လိုမယ်နော်။

လိုအပ်တဲ့ apk ကိုအောက်မှာဒေါင်းလိုက်ပါ။

Direct Download l Dropbox

အခုဖွင့်မဲ့နည်းက gmail နဲ့ ဟုတ်ဘူးနော်။အာ့ကြောင့် mail အသစ်လုပ်ဖို့  apk ဒေါင်းခိုင်းတာပါ။
gmail နဲ့ ဆိုရင်တော့ ဖုန်းနံပါတ်တောင်းလိမ့်မယ်။ကဲ…..စကြစို့ နော် :D

၁။အခုဒေါင်းလိုက်တဲ့ apk ကိုဖွင့်လိုက်ပါ။

၂။ကျွန်တော်တို့ က Mail အသစ်လုပ်မှာမလို့  Sign Up ကိုရွေးပါ။



၃။First Name…….စတာတွေဖြည့်ပေးလိုက်ပါ။New E-Mail မှာ ကိုယ်လိုချင်တဲ့လိပ်စာထည့်ပါ။ @mail.ru ကိုနှိပ်လိုက်ပါ။
အဲ့ထဲက ကိုယ်မှတ်လို့ ကောင်းတဲ့ နာမည်ရွေးလို့ ရပါတယ်။ကျွန်တော်ကတော့ @mail.ru ကိုပဲယူလိုက်ပါပီ။
( အောက်နားလေးက I agree ဘာညာဘာညာဆိုကို အမှန်ခြစ်ပေးလိုက်ပါ)။ပီးရင် Next ကိုနှိပ်ပါ။



၎။နောက်တစ်ဆင့်မှာ Ph no တောင်းပါလိမ့်မယ်။ကျွန်တော်တို့ က ဖုန်းနံပါတ်ကို မထည့်ဘူးဆိုတဲ့အတွက်
“I don’t have cell phone” ကိုရွေးပါမယ်။



၅။ပီးရင် Security Question ကိုထည့်ခိုင်းပါလိမ့်မယ်။အဆင်ပြေရာထည့်ပါ။မှတ်တော့မှတ်ထားဦးနော်။
သူ့ ပုံမှာပေးထားတဲ့ code လေးကိုမှန်အောင်ရိုက်ပေးလိုက်ပါ။ပီးရင် DONE ကိုနှိပ်ပါ။



၆။ဒါဆိုရင် mail အသစ်လုပ်တာပီးပါပီ။Facebook မဖွင့်ခင် အခုဖွင့်ထားတဲ့ mail အကောင့်ကို ပြန်ဝင်ထားပါ။



၇။နောက်တစ်ဆင့်ကတော့ Facebook အကောင့်ဖွင့်ဖို့ ပဲကျန်တော့တယ်။ကဲ…….Facebook app ထဲဝင်လိုက်ပါ။
အသစ်လုပ်မှာဖြစ်တဲ့အတွက် Sign Up ကိုရွေးပါ။



၈။နာမည်ထည့်ခိုင်းပါလိမ့်မယ်။ကိုယ်သုံးချင်တဲ့ နာမည်ထည့်ပေးလိုက်ပါ။ပီးရင် Continue ပေါ့။



၉။Password ပေးလိုက်ပါ။

၁၀။ပီးရင် Profile ပုံတို့ ၊ကျောင်းတို့ ၊နေရပ်လိပ်စာတို့ ထည့်ပေးလိုက်ပါ။

၁၁။ဒီလိုအ၀ိုင်းလေးလည် ပီးလို့ ကိုယ့်ဖေ့ဘွတ်လေးပွင့်သွားရင်တော့ FB အကောင့်လုပ်တာ 80% လောက်တော့ပီးပါပီ။



၁၂။ပီးရင် Mail ထဲကို FB က Code ပို့ ထားပါလိမ့်မယ်။အဲ့ထဲဝင်လိုက်ပါ။
Confirm Your Account ကိုနှိပ်ပါ။ပီးရင် Facebook app ကိုရွေးပေးလိုက်ပါ။ဒါဆို account confirm  လုပ်တာ
ပီးသွားပီဖြစ်တဲ့အတွက် Facebook Account ကိုဖုန်းနံပါတ်မလိုပဲ ၁၀၀% ဖွင့်တာပီးဆုံးသွားပါပီ။
အခုကျွန်တော် သုံးနေတဲ့ထိတော့ ဘာဖုန်းနံပါတ်မှမတောင်းသေးပါဘူး။စိတ်ချတာဖွင့်ပါ။အဆင်ပြေပါစေ။




Thihahtike

Credit-MMAS


Welcome from My blog   

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here