About

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

လာရောက်လည်ပတ်သူများကိုလေးစားလျက်

လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ

Thursday, March 20, 2014

ကွန်ပျူတာဗိုင်းရပ်စ်နှင့် သူလျှိစံနစ် အန္တရာယ်များအား လျော့နည်းစေမည့် နည်းလမ်း ငါးမျိုး

Unknown | 11:58 AM | | | | Best Blogger Tips




Virus=ကွန်ပျူတာထဲရှိ အချက်အလက်များ ပျက်စီးမှားယွင်းစေရန် တိုက်ခိုက်သည့် စံနစ် သို့မဟုတ်
ကွန်ပျူတာဗိုင်းရပ်စ်

Spyware=ကွန်ပျူတာထဲရှိကိုယ်ရေးအချက်အလက်များအား ထောက်လှမ်းခိုးယူသည့်စံနစ် သို့မဟုတ် သူလျှိုစံနစ်

ကွန်ပျူတာဗိုင်းရပ်စ်စံနစ်ရဲ့တိုက်ခိုက်မှုခံရတယ်ဆိုရင် အဲဒီတိုက်ခိုက်မှုက သင့်ကွန်ပျူတာကို သင် မသိ လိုက်ပဲ တခြားတယောက်ယောက်က ထိန်းချုပ်ခွင့်ရသွားတာ၊ သင်ဘယ်သူတွေနဲ့ ဆက်သွယ်တယ်၊ ဘာကိစ္စတွေဆက်သွယ်တယ်၊ ဘာတွေလုပ်တယ်ဆိုတာကို စုံစမ်းထောက်လှမ်း ခွင့်ရသွားတာနဲ့ အတူတူပဲဖြစ်ပါတယ်။
သင်ကိုယ်တိုင်သာမက သင့်အသိမိတ်ဆွေတွေကိုပါ လုံခြုံစိတ်ချရအောင် သင့်အမူအကျင့် တွေကို စတင်ပြောင်းလဲပါ။

ခလုတ်မနှိပ်ခင် သေချာစဉ်းစားပါ

အီးမေးလ်နဲ့အတူပါတဲ့ ပူးတွဲဖိုင်လ်တွေ ဒါမှမဟုတ် အီးမေးလ်ထဲမှာပါတဲ့ အင်တာနက် စာမျက်နှာ လိပ်စာလမ်းကြောင်းတွေကို (သေသေချာချာမစစ်ဆေးပဲ) မဖွင့်ပါနဲ့။ သင်သိတဲ့သူ တယောက် ယောက်ထံက သင့်ဆီကိုပို့မယ်လို့ကြိုသိနေတဲ့ ပူးတွဲဖိုင်လ်တွေ အင်တာနက် စာမျက်နှာ လိပ်စာ လမ်းကြောင်း တွေကလွဲရင် ပူးတွဲဖိုင်လ်နဲ့ အင်တာနက်စာမျက်နှာလိပ်စာလမ်းကြောင်း အများစုက ဗိုင်းရပ်စ်တွေ ပါနေပြီး ဖွင့်လိုက်တာနဲ့ သင့်ကွန်ပျူတာကို ဒုက္ခပေးနိုင်တဲ့ အန္တရာယ်ကြီးကြီးမားမား ရှိနေတတ်ပါတယ်။
သင့်အီးမေးလ်ထဲကိုရောက်လာတဲ့ ပူးတွဲပါဖိုင်လ်တွေကို ဗိုင်းရပ်စ်ပါမပါ စစ်ဖို့ scan@virustotal.com ကို SCAN ဆိုတဲ့ခေါင်းစဉ်နဲ့ပို့ပါ (ဒါမှမဟုတ်) VirusTotal.com ကို URL ပို့ပေးပြီး စစ်ခိုင်းပါ။
URL ဆိုတာက Uniform Resource Locator လို့ခေါ်တဲ့ အင်တာနက်ထဲက အချက်အလက်တွေရဲ့ လိပ်စာ လမ်းကြောင်းဖြစ်ပါတယ်။

ပူးတွဲပါဖိုင်လ်တွေနဲ့ ခပ်ဝေးဝေးနေပါ။

အချက်အလက်တွေ ပို့ပေးလို့ရပါတယ်၊ အီးမေးလ်နဲ့တော့မပို့ပါနဲ့။ အီးမေးလ်နဲ့ ပို့မယ့်အစား အောက်ပါ နည်းလမ်းတွေ သုံးလို့ရပါတယ်။
သင်မျှဝေချင်တဲ့အချက်အလက်တွေ ဖိုင်တွေကို Google docs, Dropbox ဒါမှမဟုတ် www.ge.tt တခုခုဆီကိုပို့ပါ။
တယောက်ယောက်က သင့်ဆီကို ပူးတွဲဖိုင်လ်ပါတဲ့ အီးမေးလ်ပို့လာရင် ပူးတွဲပါဖိုင်လ်ကို ကူးယူ သိမ်းဆည်းစရာ မလိုပဲ ကြည့်ဖို့အတွက် “Preview” ခလုတ်ကို အသုံးပြုပါ။
သင့်ကွန်ပျူတာထဲက အချက်အလက်သိမ်းတဲ့ နေရာတွေကို သူများတွေပါသုံးလို့ရအောင် ခွင့်ပြုထားတာမျိုး မျှပေးထားတာမျိုးမလုပ်ပါနဲ့
Drive ဆိုတာက ကွန်ပျူတာထဲမှာ C လို D လို E လို ကွန်ပျူတာစံနစ်တွေ၊ အချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာဖိုင်တွေ သိမ်းဆည်းတဲ့နေရာတွေကို ဆိုလိုတာဖြစ်ပါတယ်။

သင့်ရဲ့ (အချက်အလက်ကူးယူသိုမှီးရာမှာသုံးတဲ့) လက်တဆစ်လောက်သာရှိတဲ့ စတစ်က် (thumb drive, jump drive, USB stick လို့လဲခေါ်ကြပါတယ်) ကို အခြားသူတွေရဲ့ ကွန်ပျူတာတွေမှာ တပ်ဆင် အသုံးပြုတာ သို့မဟုတ် အခြားသူတွေရဲ့ စတစ်က်တွေကို သင့်ကွန်ပျူတာမှာ တပ်ဆင် အသုံးပြုခွင့်ပေးခြင်းအားဖြင့် ဗိုင်းရပ်စ်တွေ သူလျှိုစံနစ်တွေ ပြန့်နှံ့စေပါတယ်။ လူအများသုံးတဲ့ ကွန်ပျူတာ ဒါမှမဟုတ် အင်တာနက်ကဖေးလိုမျိုး ကွန်ပျူတာငှားသုံးလို့ရတဲ့နေရာတွေမှာ အသုံးပြုတဲ့ အခါမျိုးမှာ အဲလိုပြန့်နှံ့မှုက အဆိုးဆုံးဖြစ်ပါတယ်။

ခိုးကူးခွေတွေ စံနစ်တွေ အသုံးမပြုပါနဲ့

အင်တာနက်မှာ အလကားအသုံးပြုခွင့်ပေးတဲ့ Microsoft Windows လိုမျိုး၊ လမ်းဘေးမှာ ရောင်းတဲ့ ကွန်ပျူတာ စံနစ်အခွေတွေလိုမျိုး ခိုးကူးခွေတွေ၊ တရားဝင်မှတ်ပုံတင်မထားတဲ့ အစစ်မဟုတ်တဲ့ ကွန်ပျူတာ စံနစ်တွေအသုံးပြုခြင်းဟာ အင်မတန်အန္တရာယ်ကြီးပါတယ်။ ပြောရမယ်ဆိုရင်တော့ အဲဒီလိုမျိုးအခွေတွေဟာ ပထမဆုံးအနေနဲ့ ကွန်ပျူတာဗိုင်းရ
ပ်စ်တွေထည့်ထားလို့ရအောင် မူရင်းကို ပြုပြင်ထားတာမျိုးဖြစ်တတ်ပြီး ဒုတိယအနေနဲ့ကတော့ ခိုးကူးခွေဖြစ်တဲ့အတွက် မူရင်းကုမ္ပဏီက အဆင့်မြှင့်တာတွေ ပြုပြင်ထားတာတွေလုပ်ထားတာရှိယင် သင်အသုံးပြုနေတဲ့ခိုးကူခွေက အဲဒီ အဆင့်မြှင့်ထားတာတွေကို ရယူသုံးစွဲနိုင်စွမ်းမရှိတာများပါတယ်။ အဲဒီအတွက်ကြောင့် ခိုးကူးခွေတွေ စံနစ်တွေသုံးတဲ့ကွန်ပျူတာတွေအနေနဲ့ အင်တာနက်တိုက်ခိုက်မှုတွေ၊ ဗိုင်းရပ်စ်တွေ၊ သူလျှိုစံနစ်တွေကို ကာကွယ်နိုင်စွမ်းမရှိပဲ ဟာလာဟင်းလင်း ထိလွယ်ခိုက်လွယ် ဖြစ်တတ်ပါတယ်။ အဲဒီလိုခိုးကူးခွေတွေ အသုံးပြုမယ့်အစား အောက်ပါနည်းလမ်းတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
မိုက်ကရိုဆော့ဖ် ၀ဒ်ဖိုင်အစား OpenOffice ဒါမှမဟုတ် LibreOffice လိုမျိုးစံနစ်တွေ၊ Internet Explorer လိုမျိုး အင်တာနက်ဖွင့်တဲ့ စံနစ်အစား Firefox နဲ့ Chrome လိုမျိုးစံနစ်တွေ၊ Microsoft Windows လို ကွန်ပျူတာလည်ပတ်တဲ့စံနစ်အစား Ubantu (http://ubuntu.com) လိုမျိုး တခြား အဆင်ပြေနိုင်မယ့် ပိုက်ဆံလဲပေးစရာမလိုတဲ့ နည်းလမ်းတွေ စမ်းသုံးကြည့်ပါ။
ကွန်ပျူတာလည်ပတ်တဲ့စံနစ်တွေသုံးတဲ့အခါ တရားဝင်ထုတ်ထားတဲ့ စံနစ်အစစ်တွေရယူ သုံးစွဲပါ။

(ခိုးကူးထားတဲ့စံနစ်တွေ မသုံးပါနဲ့)

အကောင်းဆုံး ကွန်ပျူတာ ဗိုင်းရပ်စ် ကာကွယ်ရေးစံနစ်ကတော့ သင်ကိုယ်တိုင်ပဲဖြစ်ပါတယ်။
ကွန်ပျူတာကိုတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်စံနစ်အများစုက ခောတ်မီဆန်းပြားတဲ့ စံနစ်အသစ်တွေပါ။ အဲဒါကြောင့် ဗိုင်းရပ်ကာကွယ်ရေးစံနစ်က တချို့ ဗိုင်းရပ်စ်စံနစ်တွေကို ရှာတွေ့ကာကွယ် နိုင်ပေမယ့် အများစုကိုတော့ ကာကွယ်နိုင်ခြင်းမရှိတာတွေ့ရပါတယ်။ အကောင်းဆုံး ကာကွယ်ရေး စံနစ်ကတော့ သင်ကိုယ်တိုင်ရဲ့အမူအကျင့်ကိုပြောင်းပြီး ခလုတ်မနှိပ်ခင် သေချာစဉ်းစားဖို့ပါပဲ။ VirusTotal.com ကို သင်ဗိုင်းရပ်စ်စစ်ချင်တဲ့ ဖိုင်လ်တွေကို ပို့ပေးပြီး စစ်ခိုင်းလို့ရပါတယ်။ သူလျှိုစံနစ်ကာကွယ်ရေး စံနစ်တွေဟာလည်း သင့်ကွန်ပျူတာထဲဝင်ပြီး သင်ဘာလုပ်လဲ၊ ဘယ်သူနဲ့ဆက်သွယ်လဲ၊ ဘာကိစ္စတွေ ဆက်သွယ်လဲဆိုတာ စောင့်ကြည့်ထောက်လှမ်းတဲ့ သူလျှိုဒလန်စံနစ်တွေကို ကာကွယ်တားဆီးရာမှာ အလွန်အသုံးတည့်တဲ့ စံနစ်တွေဖြစ်ပါတယ်။ သူလျှိုစံနစ်ကာကွယ်ရေးစံနစ်ကောင်းတခုကတော့
Spybot: http://www.safer-networking.org/en/home/index.html စံနစ်ပဲဖြစ်ပါတယ်။


Avira Internet Security 2014 Final ကိုဒေါင်းရန်။

Anonymous | 11:25 AM | Best Blogger Tips

ဒီ Software ကိုတော့ပြောစရာမလိုတော့ဘူးထင်ပါတယ် ဘာကြောင့်လဲဆိုတော့ဒီ Software ကို Computer တိုင်လိုလိုသုံးနေတဲ့ Software တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်ပါ ပြီးတော့ဒီ Software လေး
ဟာ Antivirus Software လောကမှာတော့အောင်မြင်နေတဲ့ Software တစ်ခုလဲဖြစ်ပါတယ် ဒီ Software 
ဟာဘာအတွက်အသုံးဝင်တယ် ဆိုဒါကိုတော့ပြောစရာမလိုတော့ဘူးလိုထင်ပါတယ် Computer မကိုယ်တဲ့
သူတွေကသာ ဒီဟာဘာတွေအတွက်အသုံးသလဲ ဆိုဒါသိကြမှာမဟုတ်ဘူး ။ မသိသေးတဲ့သူတွေအတွက်
နဲ့နည်းလောက် ဒီ Software လေးကိုမိတ်ဆက်ပေးခြင်ပါတယ် ဒီ Software ကတော့အထူးတစ်ဖြစ် Computer မှာရှိနေတဲ Virus တွေကိုရှင်းပေးပါတယ် Computer ထဲကိုဝင်လာမည့် Virus တွေကိုလဲကာ
ကွယ်ပေးပါတယ် ဒီလောက်ဆိုရင်တော့နာလည်လောက်ပြီထင်ပါတယ် ။ လိုခြင်ရင်တော့အောက်မှာဒေါင်း
လိုက်ပါ။


Baidu Antivirus 4.4.3.62741 Beta ကိုဒေါင်းရန်။

Anonymous | 10:41 AM | Best Blogger Tips

ဒီဟာကိုတော့သိကြမယ်လိုထင်ပါတယ် အရင်ကလဲ Post ထားပြီးပါပြီး ။ ကျွန်တော်ကတော့သခြာ Antivirus တွေကိုသုံးမနေတော့ဘူး ဒီဟာလေးဘဲအရမ်းကောင်းနေပြီ ။ ပြီးတော့ Windows 7 ကိုင်
တဲ့သူငယ်ချင်းများအတွက်ဆိုရင်တော့ဒီ Antivirus ကတော့အရမ်းကိုကောင်းနေတယ် အောက်မှာ
မြင်ကြတဲ့အတိုင်းပါဘဲ ။ တစ်ခြာပိုက်ဆံ နဲဝယ်ရတဲ့ Antivirus ထက်တော်မှအရမ်းကိုကောင်းနေ
တယ် ။ လိုခြင်ရင်တော့အောက်မှာဒေါင်းလိုက်ကြပါ။



Kali မှာ IDM သွင်းမယ်

Unknown | 3:37 AM | | | Best Blogger Tips

windows မှာ IDM သုံးသလို kali မှာ သုံးချင်ရင်လဲရပါတယ်ဗျာ....wineသွင်းထားဖို့တော့
လိုတာပေါ့....IDMသွင်းချင်ရင်တော့ဒီlink လေးကနေ IDM ဖိုင်လေးကို download ဆွဲရမယ်နော်....

http://www.oldapps.com/internet_download_manager.php?app=11352d543380d0e7aa26922aa77a98a7








ပီးရင် ရလာတဲ့ idm ဖိုင်လေးကို desktop သို့ copy ကူး ပီးရင်terminal မှာ
cd Desktopရိုက် enter ခေါက်
ls ရိုက် enterခေါက်
wine idman505.exeရိုက် enter ခေါက် အောက်က ပုံကိုကြည့်
ဒီနေရာမှာ ပြောချင်တာက directory တွေကို terminal ကနေ သွားတတ်ရင်တော့ desktop မှာ copy မကူး နဲ့ပေါ့လေ(ဆရာကြီးများအတွက်သာ)





ပီးရင်တော့ windows အတိုင်းပါပဲ next next ပေါ့လေ...



အမှားအယွင်းများပါခဲ့ရင် ခွင့်လွှတ်ပါခင်ဗျာ...
MgminLukaLay
ဒါလေးက ကျွန်တော့နေရာ

Wednesday, March 19, 2014

IObit Driver Booster PRO 1.3.0.172 Final ကိုဒေါင်းရန်။

Anonymous | 11:04 PM | Best Blogger Tips

ဒီ Software ကိုသိတဲ့သူတွေလဲရှိမယ် မသိတဲ့သူတွေလဲရှိမယ်လိုထင်ပါတယ် ဒီ Software ကကိုယ် Computer မှာမရှိမဖြစ်လိုအပ်နေတဲ့ Computer လေးပါအရမ်းကိုကောင်းပါတယ် ။ ကိုယ် PC မှာရှိနေ
တဲ Driver တွေကို Update ပေးတယ်လိုနေတဲ့ Driver တွေကိုဒေါင်းပေးပါတယ် ။ Driver တွေမှာပြသ
နာတစ်ခုခုဖြစ်နေရင်တော့ဒီ Software လေးက Error ဖြစ်နေတဲ့ဟာကိုပြင်ပေးပါတယ် ဒီလိုမျီုး Software
ကိုကိုယ့် Computer မှာဆောင်ထားသင့်ပါတယ် ။


Windows8.1 မှာ Net Framework 3.5 ကိုဖွင့်ပေးနည်း.....

Unknown | 2:53 PM | | | Best Blogger Tips

ဒီပို့စ်လေးက မသိသေးတဲ့လူတွေအတွက် ရည်ရွယ်ပါတယ်ဗျာ
သိတဲ့လူလဲကျော်သွားပေါ့လေ...Net Framework3.5ကိုဖွင့်ရတာ တော်တော်လေး တိုင်ပတ်ပါတယ်ဗျာ...turn windows features on/off မှာ သွားဖွင့်ရင် download ဆွဲခိုင်းပါတယ်...ခင်ဗျာ....တော်တော်ကြာပါတယ်ဗျာ..ဒါကြောင့်သူ့ကိုလုပ်ဖို့ ဒါလေးတော့လိုတာပေါ့ဗျာ(လွင်မိုးလေသံဖြင့်)

ပီးရင် Net Framework3.5 offline installer လေးကို ဖွင့်ပီးကျွန်တော် ပြတဲ့အတိုင်းထား
windows ခွေထဲက sxs folder လေးကို ညွှန်ပေးလိုက် ပီးရင် install

ပီးရင် successful ပြမယ်...ဒါဆိုရင်တော့ 3.5 လေးကို install လုပ်ပီးသွားပါပီ....
windows features turn on/off နေရာမှာ သွားပြန်ကြည့်ရင် Net Framework 3.5
 နေရာလေးမှာ အမည်းတုံးလေးပေါ်နေတာ သတိထားမိမှာပါ...

Microsoft Net Framework3.5 Offline Installer အားဒေါင်းရန်

DOWNLOAD


အမှားအယွင်းများပါခဲ့ရင် ခွင့်လွှတ်ပါခင်ဗျာ...
MgminLukaLay
ဒါလေးက ကျွန်တော့နေရာ



MAGIX Audio Music Lab 2014 Premium Multilanguage

Anonymous | 8:55 AM | | Best Blogger Tips

 
ဒီ Software လေးကိုသိကြမလားတော့ မသိဘူးနော် ဒီ Software လေးကတော့အသံလိုပြောရမှာဘော့ အသံတွေကိုထိန်းပြင်တဲ့နေရာမှာတော့ အရမ်းကောင်းတယ် ။ အသံမကောင်းရင်လဲ သီချင်းတွေကိုဆိုလိုက်
ပါပြီးတော့ ဒီကောင်းလေးနဲ့ပြန်ပြီးတော့ ပြင်ပေးလိုက်ရင်တော့ ကောင်းသွားမှာပါ။ ကိုယ်ဆိုထားတဲ့သီချင်း
တွေကိုအသံ Effect လေးတွေထည့်ခြင်ရင်လဲထည့်လိုရပါတယ် ဒီ Software အကြောင်းကိုကောင်းကောင်း
လေးသိခြင်ရင်တော့ ဒေါင်းလိုက်ပါ။ သီချင်းတွေ ပြီးတော့ Movie တွေကို Edit ဝါသနာရှင်များအတွက်ဒီလို
မျိုး Software လေးဟာကို Computer မှာဆောင်ထားသင့်ပါတယ် လိုခြင်ရင်တော့အောက်မှာဒေါင်းလိုက်ပါ


Monday, March 17, 2014

Dracula 4 (Full) v1.0.0 APK

Unknown | 12:39 AM | Best Blogger Tips

 
ဒါလေးကတော့ puzzle ဂိမ်းလေးပါ...graphic တွေကောင်းမွန်ပီး sound effects လေးတွေက လဲတော် တော် မိုက်ပါတယ်
ယူချင်သူများအောက်မှာဒေါင်းပါကုန်....
 

Required Android O/S : 2.3+
 
DOWNLOAD

Saturday, March 15, 2014

Google Play Store v.4.6.17

Thiha Htike | 3:58 PM | Best Blogger Tips

GooglePlayLink 



Android OS အသုံးပြုသူများ အတွက်  မိမိတို့ ဖုန်းမှာ  Google Play Store ကို Update မလုပ်ရသေးရင်အောက်မှာ ဒေါင်းပြီး လုပ်ကြပါအုံး..


http://www.mediafire.com/download/exydcku7j46dd42/Google_Play_Store_v.4.6.17.apk



Thihahtike














နောက်ဆုံးတင်ထားတာလေးတွေ

get this widget here