About

Friday, April 4, 2014

System တစ်ခုလုံးအားထိန်းချုပ် နိုင်သော Windows Power shell မှ Active Directory ကို မည်သို့ ထိန်းချုပ်မည်နည်း

Unknown | 9:40 PM | Best Blogger Tips


 http://www.bollymovies.ucoz.com/images3/powershell_2.jpg

Windows Power shell ဆိုသည်မှာ Windows ၏ အဓိကကျသော အစိတ်အပိုင်းဖြစ်ပြီး အသုံးပြုရန်ခက်ခဲသော အပိုင်းလည်းဖြစ်သည်။ ၄င်း Power shell မှ system တစ်ခုလုံးကိုထိန်း ချုပ်နိုင်သည်။ ထို့အတူ Active Directory ကိုလည်း ထိန်းချုပ်နိုင်သည်။ သို့သော် ထိုကဲ့သို့ထိန်းချုပ်နိုင်ရန် Active Directory Web Services (ADWS) ကို ထိန်းချုပ်လိုသည့် DC (Domain Controller) ပေါ်တွင် run ထားရမည်ဖြစ်သည်။ ၄င်း DC မှာလည်း Windows Server 2008-R2 နှင့်အထက်ပေါ်တွင် အသုံးပြုရမည်။ADWS ကို အသုံးပြုပြီးလျှင် လိုအပ်သော AD Power shell module ကိုအသုံးပြုနိုင်ပြီဖြစ်သည်။

Client Operation System ဖြစ်သော windows 7 ကို အသုံးပြု လျှင် RSAT(Remote Server Administration Tools ) ကိုအသုံးပြုကာ AD module ကို အသုံးပြုနိုင်သည်။ install ပြုလုပ်ပုံမှာအောက်ပါအတိုင်းဖြစ်သည်။

Control Panel မှTurn Windows Features on or off တွင် RSAT section အောက်မှ Role Administration Tools>AD DA & AD LDS Tools အောက်တွင် Active Directory Module for Windows PowerShell ကို check လုပ်ပြီး OK နိပ်ပါ။


၎င်း AD module မှာ Server 2008-R2 နှင့်အထက် တွင် default အနေနှင့် ပါပြီးဖြစ်သည်။ ထို့နောက် Administrative tools မှ Power Shell ကို ခေါ်ကာ အောက်ပါအတိုင်းရိုက်ကာ Active Directory module ကို import လုပ်ရမည်ဖြစ်သည်။ Import-module ActiveDirectory

User Account အသစ်တခုဖန်တီးခြင်း
New-ADUser -Name "Ron Smith" -Enabled $true -Path 'OU=Marketing,DC=contoso,DC=com' -AccountPassword (Read-Host -AsSecureString "pwd") -ChangePasswordAtLogon $true -HomeDirectory "\\server\home\rsmith" -HomeDrive "H:" အထက်ပါ Command ကို ရိုက်ကာ account သစ်တခု ဖန်တီးနိုင်သည်။

New-ADuser –Name : user ၏နာမည်။


-Enable $true : acc အသစ်အား enable ပြုလုပ်ခြင်းဖြစ်သည်။


-Path : user ၏ domain သတ်မှတ်ခြင်း


-AccountPassword (Read-Host-AsSecureString “pwd”): password ကို command ရိုက်ပြီး မှ ထည့်ရန်ဖြစ်သည်။


-ChangePasswordAtLogon $true : login စဝင်လျှင် password change ခိုင်း ခြင်း


-HomeDirectory : user ၏ home directory သတ်မှတ်ခြင်း


-HomeDrive : user အသုံးပြုမည့် drive သတ်မှတ်ခြင်း

Group Members များအား ရှာဖွေခြင်း

Get-ADGroupMember –Identity “Sales Users” –Recursive အထက်ပါ command ဖြင့် Sale group member များအား ရှာဖွေနိုင်သည်။ Figure 2 တွင် command နောက်တွင် Recursive parameter ထည့်ရိုက်လျှင်ကွာခြားပုံကိုဖော်ပြထားသည်။


အခြား Command များ
Get-ADForest : forest ၏ information များရှာဖွေရန်


get-addefaultdomainpasswordpolicy : password policy များအားကြည့်ရှုခြင်း


Unlock-ADAccount –Identity “rsmith” : account များအား unlock ပြုလုပ်ခြင်း



0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here