About
လာရောက်လည်ပတ်သူများကိုလေးစားလျက်
လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ
လာရောက်လည်ပတ်သူများကိုလေးစားလျက်
လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ
လာရောက်လည်ပတ်သူများကိုလေးစားလျက်
လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ
လာရောက်လည်ပတ်သူများကိုလေးစားလျက်
လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ
လာရောက်လည်ပတ်သူများကိုလေးစားလျက်
လာရောက်လည်ပတ်သူများကိုယ်စိတ်နှလုံးသာယာချမ်းမြေ့ကြပါစေဗျာ
Wednesday, July 30, 2014
၁၀ မိနစ်အတွင်း Facebook အလွယ်ဖွင့်နည်း ( Code မတောင်းပါ )
Thiha Htike | 1:02 PM | Best Blogger Tips
ဒီနည်းကို မနေ့ကတည်းက ပြောပြချင်နေခဲ့တာပါ.. ကျွန်တော်လည်း ညီးလေးတစ်ယောက် ပြောပြလို့ လုပ်ကြည့်တာ. ခဏလေးပဲကြာတယ်.. လုပ်နည်း ကြည့်ရအောင်..
ပထမဆုံး ကိုယ့်မှာ Facebook Account မဖွင့်ရသေးတဲ့ Gmail သစ် တစ်ခု ရှိထားရပါမယ်..  မရှိရင် Gmail အမြန်ဖွင့်နည်း ပြောပြပါမယ်..
1. ဖုန်းမှာ Chrome Browser ရှိရပါမယ်.. အခြား Browser တွေက အချိန်ကြာပြီး အဆင်မပြေတာ များလို့ပါ.. မရှိရင် အောက်မှာ ဒေါင်းပြီး Install လုပ်လိုက်ပါ..
Chrome Browser :
2. ဖုန်း အင်တာနက်ကို ဖွင့်ပြီး Chrome Browser ရဲ့ အပေါ်ဆုံးက Address Bar ထဲမှာ https://mail.google.com လို့ရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်ပါ..
Screenshot_2014-07-30-00-46-18
3. ပြီးရင် Create an account ကိုနှိပ်. ဖုန်းနံပတ်ကလွဲလို့ ဖြည့်စရာရှိတာ ဖြည့်ပြီး Continue ဆိုတဲ့ အပြာတန်းကြီးကိုနှိပ်လိုက်ပါ.. အဲဒီမှာ ဖုန်းနံပတ်တောင်းလိမ့်မယ်.. တစ်ခါတစ်လေ မတောင်းဘူး.. တောင်းခဲ့ရင် အကွက်လေးရဲ့ ဘေးက အလံလေးကို တစ်ချက်နှိပ်လိုက်ပြီး Myanmar +95 ကိုရှာပြီးရွေးလိုက်.. ပြီးရင် ကိုယ့်ဖုန်းနံပတ်ကို 09 ကစပြီးဖြည့်လိုက်.. ကျွန်တော် ဖြည့်ပြထားတယ်.. How do we Send you codes? ရဲ့ အောက်နားမှာ Voice Call ကိုရွေး.. ပြီးရင် Continue ကိုနှိပ်လိုက်ပါ..
Screenshot_2014-07-30-00-50-59
ဖုန်း တစ်လုံး( နံပတ်ကတော့ ဘာမဆိုဖြစ်နိုင်ပါတယ်.. ) ခေါ်လိမ့်မယ်.. သူပြောတဲ့ ဂဏန်း ၆ လုံးကို ဖြည့်ရမယ့် အကွက်ထဲဖြည့်လိုက်ပြီး Confirm ကိုနှိပ်လိုက်ပါ..
4. Profile ဖြည့်ခိုင်းမှာဖြစ်ပါတယ်.. ကျော်သွားလို့လည်း ရပါတယ်.. ပြီးရင်တော့ Gmail ထဲကိုရောက်သွားပြီး Gmail Team က ပို့တဲ့ အီးမေး တွေ တွေ့ပါမယ်.. ဒီအတိုင်းထားလိုက်ပါ..
Screenshot_2014-07-30-00-55-53
ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်ပါ.. ( Home Key ဆိုတာ Huawei နဲ့ HTC မှာဆိုရင် အိမ်ပုံလေး.. ဖုန်းရဲ့ အောက်နားလေးမှာရှိတယ်. Samsung မှာဆို အောက်နားက Button အကြီးကြီး. )
ဒီမှာ Gmail ဖွင့်တာ ပြီးသွားပြီ... Gmail ရှိပြီးသားဆိုရင် အဆင့် 3 နဲ့ 4 ကို လုပ်စရာမလိုဘူး.. Sign in ဝင်ထားပြီး Home နဲ့ ထွက်ထားလိုက်ပါ....
Facebook Account ဖွင့်နည်း
1. ဖုန်းမှာ UC Browser တင်ထားလိုက်ပါ.. မရှိရင် အောက်မှာ ဒေါင်းပြီး Install လုပ်ထားလိုက်ပါ..
UC Browser :
2. UC Browser ကိုဖွင့်ပါ.. သူ့မှာပါတဲ့ Facebook ကိုနှိပ်ပါ.
Screenshot_2014-07-30-00-58-06 
ပြီးရင် Create New Account ကိုနှိပ်ပါ..
Screenshot_2014-07-30-00-58-43
3. ဖြည့်ရမယ့် အကွက်တွေထဲမှာ ဖြည့်ပါ.. ဒါကိုတော့ အသေးစိတ် မပြောတော့ပါဘူး.. Email မှာ ခုနက ဖွင့်ထားတဲ့ Email ကို ဖြည့်လိုက်ပါ.. ဆက်နှိပ်သွားရင်တော့ confirm code တောင်းတဲ့အဆင့်ကို ရောက်သွားပါမယ်..
Screenshot_2014-07-30-01-13-10
 ဘာမှ မလုပ်ဘဲ ဖုန်းရဲ့ Home Key ကိုနှိပ်ပြီး ထွက်လိုက်ပါ..
4. ခုနက ပြန်ထွက်ထားခဲ့တဲ့ Chrome Browser ကိုဖွင့်လိုက်ပါ.. အီးမေးထဲမှာ Facebook က ပို့ထားတဲ့ အီးမေးတစ်စောင် ရောက်နေပါမယ်.. မတွေ့သေးရင် မျဉ်းတို သုံးချောင်းရဲ့ ညာဘက်က မျဉ်းကွေးလေးကို တစ်ချက်နှိပ်လိုက်ပါ.. Facebook က အီးမေးကို တွေ့ရင် နှိပ်လိုက်ပါ.. အဲဒီမှာ Code 5 လုံး ပို့ထားတာကို မှတ်လိုက်ပါ.. ပြီးရင် Home Key ကိုနှိပ်ပြီး ပြန်ထွက်လိုက်ပါ..
Code
5. UC Browser ကိုဖွင့်လိုက်ပါ... Code ဖြည့်ရမယ့် အကွက်ထဲမှာ ခုနက မှတ်ထားတဲ့ ဂဏန်း ၅ လုံးကိုဖြည့်ပြီး Confirm ကိုနှိပ်လိုက်ပါ..
Screenshot_2014-07-30-01-13-48
6. ဒီအဆင့်မှာ Profile Information ဖြည့်ရပါမယ်.. ကျွန်တော် ပြထားသလို ဖြည့်လိုက်ပါ.. ဒါက အလွယ် ပြောတာပါ.. အကွက်တွေထဲမှာ ကိုယ်ဖြည့်ချင်တာကို ဖြည့်လို့ရပါတယ်.. Facebook က အသိအမှတ်ပြုထားတာကိုလိုချင်ရင်တော့ မြို့နာမည်၊ ကျောင်းနာမည်တွေကို ရေးပြီး ညာဘက်က Search ကိုနှိပ်.. ပေါ်လာတဲ့ မြို့၊ ကျောင်း တွေကို ရွေးထည့်နိုင်ပါတယ်.. ပြီးရင်တော့ Save ပေါ့..
Screenshot_2014-07-30-01-15-53
7. နောက်တစ်ဆင့်ကတော့ Friend တွေကို Add ပေးရပါမယ်. အနည်းဆုံး Friend 5 ယောက်ကို Search Box ထဲမှာ ရှာပြီး Add လိုက်ပါ.. လက်ခံမယ့်သူဆို ပိုအဆင်ပြေပါတယ်.. ၂၄ နာရီအတွင်း ၅ ယောက်လုံးက Friend အဖြစ် လက်ခံရင် ပိုကောင်းပါတယ်..
Screenshot_2014-07-30-01-16-17
8. နောက်အဆင့်တွေမှာတော့ Skip တွေကိုနှိပ်ပြီး ကျော်နိုင်ပါပြီ.. အားလုံးပြီးသွားရင်တော့ Facebook Account တစ်ခု လွယ်လွယ်ကူကူ ရပြီးသွားပါပြီ...
Screenshot_2014-07-30-01-32-33
 Home Key နှိပ်ပြီး ပြန်ထွက်ကာ Facebook Application ဖွင့်ပြီး ကိုယ့်အကောင့်ကို Log in ဝင်နိုင်ပါပြီ...
ဒီ Facebook App ထဲမှာလည်း မြို့နာမည်၊ ကျောင်းနာမည်တွေ မေးပါတယ်.. အကောင့်လုပ်တုန်းကအတိုင်း ဖြည့်ပေးလိုက်ပါ.. ဒုတိယ အဆင့်နဲ့ တတိယအဆင့်ကို Skip လုပ်ပြီး ကျော်လိုက်ပါ.. ဒါဆို သုံးလို့ရပြီ.. အစ အဆုံး အကောင့်ဖွင့်တာ ၁၀ မိနစ်ပဲကြာပါတယ်.. လိုင်း စုတ်လို့ စောင့်နေရတာတော့ မသိဘူးနှော်...
Screenshot_2014-07-30-03-02-57
Screenshot_2014-07-30-03-03-18
အကောင့်ရပြီဆိုပြီး အားရဝမ်းသာ ဖြစ်မနေခင် သိထားရမယ့် စည်းကမ်းလေးတွေ ပြောပြပါအုံးမယ်..
1. ၂၄ နာရီအတွင်း Friend ၁၀ ယောက်ထက် ပိုပြီး Request မပို့ပါနဲ့
2. အကောင့်သစ်မှာ ပို့စ် အနည်းဆုံး ၃ ခု တင်ပါ.. ပို့စ်မှာ လင့်တွေ မထည့်ပါနဲ့အုံး.. နောက် သက်တမ်း ကြာလာမှ လင့်တွေပါတဲ့ စာတွေ တင်လို့ရပါပြီ..
3. သူများ ရေးထားတာတွေကို အနည်းဆုံး ၅ ခု Like လုပ်ပါ..
4. အကောင့်သစ်ကို ခု ဖုန်းနဲ့ သုံး၊ ခဏနေ ကွန်ပျူတာနဲ့သုံး မလုပ်ပါနဲ့အုံး.. အနည်းဆုံး ၂၄ နာရီတော့ ဖုန်းနဲ့ပဲ သုံးနေလိုက်ပါ...
ဒါဆိုရင်တော့ အဆင်ပြေပါပြီ.. ဘယ်တော့ ဖုန်းနံပါတ်နဲ့ ကုဒ်တောင်းမလဲဆိုတာ မသိပါဘူး....
နောက်တစ်ခုက မိတ်ဆွေတွေကို သေသေချာချာ ရှင်းပြထားပါလျက်နဲ့ Facebook အကောင့်လေး ဖွင့်ပေးပါ.. Facebook အကောင့် ဝယ်ချင်လို့ပါဆိုပြီး လာမပြောပါနဲ့.. ကျွန်တော် အဲဒီဝန်ဆောင်မှု မလုပ်ပေးပါခင်ဗျာ..
အထက်ပါနည်းအတိုင်း တစ်နေ့ကို အရေအတွက်အကန့်အသတ်မရှိ လုပ်နိုင်ပါတယ်.. ဖုန်းရဲ့ Setting> Application> Manage Application သို့မဟုတ် Setting> More> Application Manager ကိုနှိပ်.. Chrome ကိုနှိပ်.. Clear Data လုပ်.. UC Browser ကိုလည်း Clear Data လုပ်ပြီး အကောင့်သစ် နောက်တစ်ခု ထပ်ဖွင့်နိုင်ပါတယ်...
Screenshot_2014-07-29-16-23-52
Screenshot_2014-07-29-16-25-00 
Credit to maungpauk.org
Thiha Htike(THT)
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ရက် 30 ဖုန်းခေါ်ဆိုခလျှော့ချပေးမည့် အစီအစဉ်
Thiha Htike | 1:00 PM | Best Blogger Tips
ယနေ့မှစ၍ သြဂုတ်လ ၃၁ ရက်နေ့အထိ Friends and Family Service ၀န်ဆောင်မှု အစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကြိုတင်ငွေဖြည့်ကဒ်သုံး GSM/WCDMA ဖုန်းသုံးစွဲသူများမှ ပါဝင်ဆင်နွဲနိုင်ရန် ဖိတ်ခေါ်ပါသည်။ အစီအစဉ်တွင် ပါဝင်လိုသူများသည် 1331 သို့ Massage ပေးပို့ရန်သာ လိုအပ်ပါသည်။
(က) ဦးစွာ မိမိမှ ရွေးချယ်ထားသည့် သူငယ်ချင်း/မိသားစုဝင် တို့၏ မိုဘိုင်းဖုန်းနံပါတ်များကို 1331 သို့ စာရင်းပေးသွင်းနိုင်ရန်အတွက် ADD နှင့် (ပေးပို့လိုသော ဖုန်းနံပါတ်) ကို ရိုက်၍ Message ပေးပို့ရပါမည်။ နမူနာ ( ADD 095888999 )  
(ခ) ဖုန်းနံပါတ်များကို ပေးပို့ပြီးသည့်အခါတိုင်း အောက်ပါ Massage ကို လက်ခံရရှိမည်ဖြစ်ပါသည်။ " Success! you can call 095888999 for 25 kyats/min until 2014-8-31"  
(ဂ) အကယ်၍ မိုဘိုင်းဖုန်းနံပါတ် ၃ ခုထက် ပို၍ ပေးပို့မိပါက အောက်ပါ Massage ကို လက်ခံရရှိပါမည်။ " Sorry you have exceded friend list, you can add only 3 friends, for more info please call 1876"  
 (ဃ) စာရင်းပါ ဖုန်းနံပါတ်များကို ပြန်လည်ကြည့်ရှုလိုပါက မိမိ၏ ဖုန်းတွင် VIEW ဟုရိုက်၍ 1331 သို့ Massage ပေးပို့၍ ကြည့်ရှုနိုင်ပါသည်။  
(င) စာရင်းသွင်းထားပြီးသော ဖုန်းနံပါတ် ၃ ခုကို အခြား မိုဘိုင်းဖုန်းနံပါတ်ဖြင့် အစားထိုး ပြောင်းလဲလိုပါက မိမိ၏ ဖုန်းတွင် MODIFY(ပေးပို့ပြီးဖုန်းနံပါတ်) (အစားထိုးပြောင်းလဲလိုသော ဖုန်းနံပါတ်အသစ်) တို့ကို ရိုက်ပြီး 1331 သို့ Message ပေးပို့နိုင်ပါသည်။ (နမူနာ - MODIFY 094111222 094777888)  
(စ) ဖုန်းနံပါတ်ပြောင်းလဲပြီးပါက အောက်ပါ Message ကိုလက်ခံရရှိပါမည်။ " Number 094777888 is now your new friend list"  
သတိပြုရန် အချက်များ ============= 
(၁) ၀န်ဆောင်မှု အစီအစဉ်အတွက် မှတ်ပုံတင်ကြေးအဖြစ် ၂၅၀၀ ကျပ်ကို ၀န်ဆောင်မှုအသုံးပြုမည့်သူ၏ GSM/WCDMA မိုဘိုင်းဖုန်း လက်ကျန်ငွေမှ နုတ်ယူမည်ဖြစ်ပြီး မိမိ ADD ပြုလုပ်ပေးပို့သော မိုဘိုင်းဖုန်း နံပါတ်များသို့ (တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့်) စတင် အသုံးပြုသည့်နေမှစ၍ ရက်ပေါင်း ၃၀ အတွင်း ခေါ်ဆို အသုံးပြုနိုင်မည်ဖြစ်သည်။  
(၂) လောလောဆယ် အနေဖြင့် GSM/WCDMA မိဘိုင်းဖုန်းများသာ အသုံးပြုနိုင်ပြီး မိမိ၏ နံပါတ်တစ်ခုလျှင် မိုဘိုင်းဖုန်း နံပါတ် အများဆုံး ၃ ခုသာ ၀န်ဆောင်မှုကို ခွင့်ပြုထားပါသည်။ CDMA ဖုန်းကိုင်ဆောင်သူများအတွက်လည်း မကြာခင် အချိန်အတွင်း အသုံးပြုနိုင်အောင် စီစဉ်လျှက်ရှိပါသည်။  
(၃) 1331 သို့ Message ပေးပို့ခြင်းအတွက် အခမဲ့ ဖြစ်ပါသည်။ သို့သော်လည်း လက်ကျန်ငွေ ၂၅၀၀ ကျပ်အနည်းဆုံး ရှိရန် လိုအပ်ပါသည်။  
(၄) ADD (သို့မဟုတ်) MODIFY ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် မိုဘိုင်းဖုန်းနံပါတ် ၁ ခုသာ ဆောင်ရွက်ရပါမည်။ 
(၅) စာရင်းပေးသွင်းထားသော ဖုန်းနံပါတ် ၃ ခုအနက် နှစ်သက်ရာ ၁ ခုကို ၁ ကြိမ်သာ လျှင် အစားထိုး ပြောင်းလဲ အသုံးပြုခွင့် ရရှိပါမည်။  
(၆) အသေးစိတ် သိရှိလိုပါက www.mcit.gov.mm သို့ ၀င်ရောက်ကြည့်ရှုနိုင်ပြီး 1876 သို့ လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ 
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
Credit to maungpauk.org
Thiha Htike(THT)
Ooredoo ၏ ကာတာအခြေစိုက် Mobile Internet Pack ဈေးနှုန်းများ
Thiha Htike | 12:58 PM | Best Blogger Tips
10449162_815673711784884_5650738920124539401_n
ထို့အတွက်ကြောင့် မြန်မာနိုင်ငံတွင်လည်း အဆိုပါဈေးနှုန်းအတိုင်းဖြစ်စေ ၊ အဆိုပါဈေးနှုန်းထက်လျော့ နည်းသော ဈေးနှုန်းများဖြင့် ဖြစ်စေ ရရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ ယခု အင်တာနက်တွင် ပြန့်နှံ့နေသော သတင်းများအရ အင်တာနက်ဈေးနှုန်းများမှာ အရမ်းကြီးမြင့်နေသည့်အတွက် အခြေခံတွက်ချက်မှုပြုလုပ် နိုင်စေရန်အတွက် ကာတာနိုင်ငံတွင် ၀န်ဆောင်မှုပေးနေသော ဈေးနှုန်းများကို မြန်မာငွေဖြင့် ခန့်မှန်းတွက် ချက်ပြပေးခြင်း ဖြစ်ပါသည်။
လာမည့် ၈ လပိုင်း ၂ ရက်နေ့တွင်လည်း Ooredoo Myanmar မှ ကျင်းပမည့် စာနယ်ဇင်းရှင်းလင်းပွဲ ရှိကြောင်း သိရသည်။ သို့အတွက် အဆိုပါနေ့တွင် Ooredoo Myanmar မှ မိုဘိုင်းဖုန်းနှင့် ပတ်သက်သော သတင်းအချက်အလက် များ ၊ အင်တာနက်သုံးစွဲမှုနှင့် ပတ်သက်သော အချက်အလက်များကို တိကျစွာ အသေးစိတ် ထုတ်ပြန်လိမ့် မည်ဟု ယူဆရပါသည်။
Ooredoo ၏ ကာတာအခြေစိုက် Mobile Internet Pack ဈေးနှုန်းများ
-----------------------------------------------------------------------------
1GB Plan (QR 60) -> 16000 kyats ( ၀န်းကျင်)
3GB Plan (QR 80) -> 22000 kyats (၀န်းကျင်)
6GB Plan (QR 100) -> 27000 kyats (၀န်းကျင်)
15GB Plan (QR 200) -> 55000 kyats (၀န်းကျင်)
Unlimited Plan (QR400) -> 110000 kyats (၀န်းကျင်)
---------------------------------------------------------------------------------
Ref: http://www.ooredoo.qa/en/MOBILE_INTERNET_PACKS_TEXT
=========================================
Yangon Media Group
 Credi to maungpauk.org
Thiha Htike(THT)
Welcome From My Blog
Tuesday, July 22, 2014
Wondershare MobileGo for Android v5.0.0.276
Thiha Htike | 7:30 PM | Best Blogger Tips
ကျွန်တော်လည်းသုံးနေတာပါ တော်တော်လေးကောင်းပါတယ် သူငယ်ချင်းတို့လည်းကြိုက်ကျမယ်လို့မျှော်လင့်ပါတယ်
ဒီ Tools လေးကို လူတိုင်းလဲသိကြမှာပါ။ နောက်ဆုံး Update လေးမို့တင်ပေးလိုက်ပါတယ်.....
မသိသေးတဲ့သူတွေအတွက်ကိုတော့ အောက်မှာ ရှင်းပြပေးထားပါတယ်။
ဒီ Tools လေးကတော့ မိမိရဲ့ Android တွေ အားလုံးရဲ့ PC Suite တစ်ခုလိုမျိုးပါပဲ။
အထဲမှာရှိတဲ့ Data တွေကို Backup ယူလို့ရတယ်၊ ကွန်ပြူတာကနေ APK (Android Application File) တွေကို ဖုန်းထဲထည့်ပြီး မှတစ်ဆင့် ပြန်ပြီး Install လုပ်စရာမလိုပါဘူး။ ကွန်ပြူတာကနေပဲ One Click လုပ်ရုံပါပဲ။ File Manager တစ်ခုအဖြစ်လဲအသုံးပြုလို့ရပါတယ်။ ကဲကျန်တဲ့ Features တွေကိုတော့ 
Thiha Htike(THT)
Huawei 12 model network unlock tool များ
Thiha Htike | 7:25 PM | Best Blogger Tips
သုံးနည်းက လွယ်ပါတယ်
ဖုန်းမှာ Root ရှိရပါမည်
ပြီးရင် .bat နဲ ဆုံးတာကို run ပေးလိုက်ပါ
Credit to http://naylinaungmdy.blogspot.com/
Thiha Htike(THT)
Huawei နှင့် အခြားသော China MT6582 များ IMEI Restore လုပ်နည်း
Thiha Htike | 7:22 PM | Best Blogger Tips
လိုအပ်တာ ဒေါင်းပါ
         MtkDroidTools+v2.5.3
ပြီးရင် usb ထိုး
1 – Root ဆိုတာကို နှိပ်လိုက်ပါ
2 – su
3- IMEI Backup လုပ်လိုက်တာနဲ့
စောနက  ဒေါင်းလိုက်တဲ့ MtkDroidTools v2.5.3 ဖိုင်ထဲက BackupNVRAM ဆိုတဲ့ ဖိုင်ထဲမှာ
IMEI backup ဖိုင်ရောက်လာလိမ့်မယ်
ဥပမာ နာမည်က
HUAWEI-G730-U00_862751028783038_nvram_140522-125357.bin
HUAWEI-G730-U00_862751028783038_nvram_140522-125357.tar
ပြီးရင် မိမိ လုပ်ခြင်တဲ့ IMEI ပျောက်နေတဲ့ ဖုန်းကို usb ချိတ် ပြီးရင် Restore ဆိုတာကို နှိပ် ပြီးဆုံးပါပြီ
Credit to http://naylinaungmdy.blogspot.com 
Thiha Htike(THT)
Sunday, July 20, 2014
Firefox base ( Security Testing Framework ) - (HconSTF)
Unknown | 2:55 PM | | Best Blogger Tips
Hcon Security Testing Framework (HconSTF) v0.5 [Fire Base] - codename 'Prime'
 http://www.hcon.in/uploads/1/8/1/9/1819392/1796844_orig.png
 ဒီဆော့ဝဲလ်လေးဟာဆိုရင် Mozilla ရဲ့  Firefox Browser ကို အခြေခံထားတာဖြစ်ပြီး  WEB အခြေပြု 
 Penetration Testing   လုပ်ဖို့ အတွက် အကောင်းတစ်ကာအကောင်းဆုံးထဲက Best  of the Best ဖြစ်ပါတယ်၊
Firefox ကိုအခြေထားတာဖြစ်တဲ့အတွက်ကြောင့် ကိုယ်လိုချင်တဲ့ Addons တွေကိုလည်းထပ်သွင်းထည့်လို့ 
ရမှာဖြစ်သလို Browser ကြီးပဲသုံးမယ်ဆိုရင်တောင် အင်တာနက်ကို မြန်ဆန်စေလို့  ရိုးရိုး Firefox ထက်
တော်တော်လေးကို အားသာတာတွေ့ ရပါတယ်၊ 
security testing stages မှာလည်းအများကြီး အသုံးဝင်ပါတယ်၊ ဒီဆော့ဝဲလ်နဲ့  လုပ်လို့ ရတာတွေကတော့
  • Web Penetration Testing
  • Web Exploits Development
  • Web Malware Analysis
  • Open Source Intelligence ( Cyber Spying & Doxing )
တို့ ပဲဖြစ်ပါတယ်၊
ဒီဆော့ဝဲလ်ဟာဆိုရင်
1. IT Security Professionals
2. Web Bug bounty Hunters
3. Web Developers
4. IT students or any one interested in IT security    တို့ အတွက်လည်းအင်မတန်မှအသုံးဝင်ပြီး သင့်တော် ကောင်းမွန်ပါတယ်၊
Version Info :
Current version : 0.5 codename 'PRIME'
Type : Portable (no need to install , run from pendrive or any memory card)
Platform : Windows : XP , Vista , 7 both x32 & x64, 8, Linux (wine)
                  Linux : All Linux distributions are supported including Kali, Backbox, Blackbuntu, Weakerthan
Best of the Best ထဲကမှ ကျွန်တော်ပြောဖို့  မေ့သွားတာ ဒီဆော့ဝဲလ်လေးက ထာဝရ Open Source ပါ။
Portable Version ဖြစ်ပြီး  USB drive လို  memory stick or card တွေထဲမှာလည်း ထည့်ပြီး လိုတဲ့အချိန်
ထုပ်သုံးနိုင်မှာဖြစ်ပါတယ်၊
https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-xaf1/t1.0-9/375128_454575947949770_1212086733_n.jpg    
YGN Ethical Hacker Group ကဖန်တီးလိုက်တဲ့   Hackerfox အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်၊
Hacker Friendly
Picture
Fully Customizable, Versatile in Usage can be used in many Web related hacking needs, Simple and easy to use interface, small in size and light on resources. contains hundreds of features for :
  • Web Penetration Testing
  • Web Exploits Development
  • Web Malware Analysis
  • OSINT & Cyber spying
Exploitation ready
Picture
Very comprehensive and plenty of tools for exploitation and supports verbose debugging features for Web Exploit Development.
WebUI
Picture
HconSTF contains blend of online and offline tools for Pentesting called 'WebUI'.
includes scanners, encoders, and much more
IDB
Picture
IDB is Integrated database with huge amount of Web payloads like :
  • Xss
  • Sqli
  • LDAP
  • Command execution
Osint Ready
Picture
Helps in many Open source intelligence based tasks like
  • Passive Web & Network Reconnaissance
  • Doxing
  • Cyber Spying
  • Hash cracking
Huge amount of Plugins more than 165
Obfuscation Ready
Picture
Encoding / Decoding & hashing Features and tools, supports wide variety of formats, character set and algorithms for making payloads undetectable.
Decoy Ready
Picture
Darknets and proxies integrated, Spoofing tools. supports integration with many decoy options, includes many tools for proxies and anonymizing networks
readily configured for :
  • Tor
  • AdvOR
  • I2P
  • Https, Socks 4 / 5
Enhanced Reporting
Picture
Contains many integrated useful reporting features like :
  • Screenshots
  • Note taking
  • Session saving & exporting
  • Custom Url Logging
  • Automated Request logging
Hacker Helper
Picture
Includes Hackery-Hybrid, collection of huge amount of learning bookmarks for learning any techniques, tools.
More Features :
  • Available for both all Windows and Linux based systems
  • Easy to use & collaborative Operating System like interface
  • Includes Custom scripts for doing many pentesting tasks
  • Includes Cleaner for running HconSTF smoothly
  • Light on Hardware Resources & Small in size
  • Portable - no need to install, can work from any USB storage device
  • Multi-Language support (Partial)
  • Works side-by-side with your normal web browser without any conflict issues
  • Works on both architectures x86 & x64 on windows XP, Vista, 7 and on Linux with Wine
  • Netbook compatible - User interface is designed for using framework on small screen sizes
  • Free & Open source and always will be
Categories of tools :
  • Recon / Mapping
  • Editors / Debuggers
  • Exploitation / Audit
  • Anonymity
  • Passwords
  • Cryptography
  • Database
  • Scripting / Automation
  • Network Utilities
  • Reporting
ကားတွင် အသုံးပြုသည့် ဆော့ဖ်ဝဲကို ဟက်ကာများက အဝေးမှ ထိန်းချုပ်ပြီး ကားမောင်းပြခဲ့
Unknown | 2:52 PM | | Best Blogger Tips
http://www.yatanarpon.com.mm/sites/default/files/imagecache/9-col-350x262-px/news/2013/07%20/hard.jpeg
မောင်းသူမဲ့ကားများ ခေတ်စားနေချိန်တွင် တိုယိုတာနှင့် ဖို့ဒ်ကားများတွင် အသုံးပြုထားသော ဆော့ဖ်ဝဲကို ဟက်ကာများက အဝေးမှ ထိန်းချုပ်ပြီး ဟွန်းတီးခြင်း၊ ကားကွေ့ခြင်း၊ ကားမောင်းခြင်းနှင့် ဘရိတ်အုပ်ခြင်းများကိုပါ လုပ်ပြနိုင်ခဲ့ကြသည်။  လက်ပ်တော့တစ်လုံးကို အသုံးပြုရုံဖြင့် ကားတစ်စီးလုံးကို အဝေးတစ်နေရာမှ ကြိုးမဲ့ထိန်းချုပ်နိုင်ကြောင်း ဆော့ဖ်ဝဲ အင်ဂျင်နီယာနှစ်ဦးဖြစ်သည့် ချာလီမေလာနှင့် ခရစ္စဘာလာဆက်တို့က လက်တွေ့ သက်သေပြခဲ့သည်။ ခေတ်မီကားများ၏ အားနည်းချက်များကို ဖောက်ထွင်းအဖြေရှာရန် သူတို့နှစ်ဦး၏ အဆိုပါစီမံကိန်း ဖြစ်မြောက်လာရေးအတွက် အမေရိကန် အဆင့်မြင့် ကာကွယ်ရေး သုတေသနစီမံကိန်းမှ ရန်ပုံငွေ မတည်ပေးခဲ့သည်ဟု သိရသည်။ ယင်းတို့နှစ်ဦးက ကားများကို အဝေးတစ်နေရာမှ ထိန်းချုပ်ရာတွင် လူကိုယ်တိုင် မောင်းနှင်နေသကဲ့သို့ပင် ထိုင်ခုံခါးပတ်များအား တင်းကြပ်စွာ ပတ်ထားစေခြင်း၊ အချက်ပြမီးများကို မှန်ကန်စွာ ပြသခြင်း၊ ဆီစားနှုန်းကို လိုသလိုတွက်ချက်ပြီး မြန်နှုန်းကို အတိုးအလျှော့ ပြုလုပ်နိုင်ခြင်းတို့ကိုပါ လုပ်ပြနိုင်ခဲ့သည်။
ကားများတွင် အသုံးပြုသော ကြိုးမဲ့ကွန်ရက်စနစ်သည် ဖုန်းများနှင့် ကွန်ပျူတာများတွင် အသုံးပြုသော စနစ်နှင့် ဆင်တူကြောင်း ဂရင်းဘာ့ဂ်ျ သုတေသနအဖွဲ့၏ စာတမ်းများအရ သိရသည်။ တိုယိုတာပရိုင်းရပ်စ်ကားများတွင် အသုံးပြုသည့် လုံခြုံရေးကွန်ရက်နှင့် ဖို့ဒ်ကားများတွင် အသုံးပြုသည့် SYNC ဆော့ဖ်ဝဲစနစ်၏ အားနည်းချက်များကို ယခင်ကတည်းက ဆော့ဖ်ဝဲအင်ဂျင်နီယာများက ထောက်ပြသတိပေးဖူးသည်။ ချာလီမေလာနှင့် ခရစ္စဘာလာဆက်တို့၏ အဆိုအရ ၎င်းတို့သည် ကား၏ လုံခြုံရေးကွန်ရက်များကို အဝေးတစ်နေရာမှ ထိန်းချုပ်ရာတွင် လက်ပ်တော့များမှတစ်ဆင့် အမိန့်ပေးစေခိုင်းခြင်းများကို လိုသလိုပြုလုပ်နိုင်ကြောင်း သိရသည်။ 
mm One Click Recon (Web base ထောက်လှမ်းရေး Tools)
Unknown | 2:47 PM | | | Best Blogger Tips
http://s28.postimg.org/7cetvo764/image.jpg
YGN ethical hacker group ကဖန်တီးထားတဲ့ web base ultimate web recon ကို အခြေခံပြီး
 ကျွန်တော် နဲနဲလေးပြင်ဆင် ဖြတ်ညှပ်ကပ်လုပ်ထားတာပါ ၊ ဒီ Web အခြေပြု ထောက်လှမ်းရေး tool
လေးဟာဆိုရင် အင်မတန်မှအသုံးဝင်တဲ့ Web Base Tools တစ်ခုဖြစ်ပါတယ်၊
Web Pentest တစ်ခုလုပ်ဖို့ အတွက် အရမ်းကို ကောင်းမွန်ပါတယ်၊ install လုပ်စရာမလို 
                     Brower တစ်ခုရှိရင်ကိုပဲ တော်တော်လေး အသုံးဝင်လို့  စမ်းသုံးကြည့်ကြပါဗျာ၊
Thursday, July 17, 2014
Mobile Hardwareသမားများနှင့်လေ့လာခါစသူများအတွက် MOBILE USER Apk For Android
Thiha Htike | 12:14 AM | Best Blogger Tips
Mobile Hardware သမားများနှင့်အခုမှစပြီးလေ့လာခါစ သူများအတွက် Hardware site လေးတစ်ခုရဲ့ Apk လေးကို တင်ပေးလိုက်ပါတယ် ၊ ကျွန်တော်တို့ Hardware ပိုင်းနဲ့ပတ်သတ်ပြီးဖုန်းတစ်ခုခုဖြစ်ရင် ဘယ်ကဘာဖြစ်မှန်းမသိကြဘူးလေ ဒီလိုမျိုး Apk လေးဆောင်ထားခြင်းအားဖြင့် (ဥပမာ ။ ။ ဟိုဘက်ကပြောတာကြားရပြီး ဘက်ကပြောတာမကြားရဘူးဆို(တစ်ချို့ ဆိုရင)ဘာဖြစ်တာမှန်းမသိကြဘူးလေ သို့ပေမဲ့ဒီApk လေးကိုဆောင်ထားခြင်းအားဖြင့်(Mic ကဖြစ်မှန်သိပြီး )ီ Hardware ပိုင်းတွေကို ကျွမ်းကျင်စွာမသိပေမဲ့ Basic လောက်သိကြပါမယ် .. ဒီတော့ဆောင်ထားသင့်ပါတယ် .. နည်းပညာဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် လေ့လာထားသင့်ပါတယ် ဒါကြောင့်အောက်က Apk လေးအားဒေါင်းပြီး ဗဟုသုတတိုးပွားနိုင်ကြပါါစေဗျာ.. ။ ။
Thiha Htike(THT)
Wednesday, July 16, 2014
ကျွန်တော့် ဘလော့ကို APK နဲ့ ကြည့်ဖို့အတွက် ပို့ပေးတာပါခင်ဗျာ
Thiha Htike | 5:36 PM | | Best Blogger Tips
ကျွန်တော့်ဘလော့ခ်ဖုန်းကနေ Offline အနေဖြင့်ကြည့် ချင်သူများအတွက်ပါခင်ဗျာ
ကျွန်တော်က လေ့လာနေဆဲ လူငယ်တစ်ယောက်ဖြစ်ပါတယ် ကိုယ့် သိသလောက်ကို အများအားမျှဝေနေပါတယ် ဒါပေမဲ့ ကျွန်တော် မအားလို့မရေးဖြစ်တဲ့ အတွက် ကိုယ်တိုင်စမ်းသပ်ထားသော နည်းပညာများ အပြင်အခြား ဘလော့ ၊ဆိုဒ်များမှကျွန်တော် ကူးယူပြီးတော့လညးဖော်ပြပါတယ်ခင်ဗျာ နားလည်ပေးကြပါလို့ တောင်းဆိုပါတယ်နော်....အောက်မှာဒေါင်းပြီးဗဟုသုတများ တိုးပွားနိုင်ပါစေဗျာ...
 http://pro.downloadmm.com/0o5fxdxnhqx7/com.thihahtike.apk.apk.html
မှတ်ချက်။ ။ ကျွန်တော် APK က  Updateများမတတ်ခဲ့လို့ချင်ရင် Phone>Menu>Update All ကို ပြုလုပ်ပေးပါနော် ကျေးဇူးတင်ပါတယ်။
Thihahtike
09-73151297
Saturday, July 12, 2014
BuddhaDhamma Apk For Android
Thiha Htike | 1:18 PM | Best Blogger Tips
 ကျွန်တော် မနေ့လပြည့်နေက ဘုရားသွားရင် ဘုရားမှာ ဝေမျှနေတာလေးတွေ့လိုပြန်လည်ဝေမျှတာပါ .. အင်တာနက်မကေင်းတော့ချက်ခြင်းမတင်ဖြစ်တာပါ.. ကုသိုလ် ၊ အကုသိုလ် တွေရဲ့ အကျိုးတွေနဲ့ကျွန်တော်တို့ တွေသိထားသင့်တဲ့ အကြောင်းအရာအချက်အလက်လေးတွေကို စုစည်းထားတာလေးတွေပါ  အင်တာနက်ဖွင့်တိုင်း သူ့ဘာသာသူ Update လုပ်သွားပါလိမ့်မယ်  ဒီ့ထက်ပိုကောင်းတာက နောက်ခံ Background မှာ တရားသံစဉ်လေးတွေပါထည့်ဆိုထားပါတယ် မိမိညအိပ်ချိန်မှာ ဘာဝနာပွားလိုချင်ရင် Application လေးကို ဖွင့်ပြီး သီချင်းနားထောင်သလို နားဆင်နိုင်ပါတယ် အင်တာနက်ဖွင့်ထားရင် နေ့ဘက်ဆို ရွေတဂုံ ဘုရားပုံက နေ့ဘက် ဒီဇိုင်းပြောင်းပြီး ညဘက်ဆိုညဘက်ပုံစံ ဒီဇိုင်းပြောင်းပါတယ် ကျွန်တော်ကတော့မိမိဘာသာသုံးပြီးမှ အစုံအစိသိကြမယ်လိုထင်ပါတယ် ဒါကြောင့်အောက်မှာပုံလေးတွေကိုလေ့လာပြီး App လေးကိုဒေါင်းလိုက်ပါအုံး အဲ ဒီApp လေးကို သုံးမယ်ဆို Adobe air app လေးလည်းလိုပါတယ် ဒါကြောင့် သူ့ပါဒေါင်းပါနော်... အားလုံးအဆင်ပြေကြပါစေ..
BuddhaDhamma Apk
http://downloads.ziddu.com/download/23899732/www.thihahtike.blogspot.com-BuddhaDhamma-1.apk.apk.html
adobe.air-1.apk
Thiha Hike
Facebook မှာ POKE လုပ်တယ်ဆိုတာ
Thiha Htike | 12:32 PM | Best Blogger Tips
Facebook ရဲ့  Timeline ဗားရှင်းအသစ်မှာလည်း Poke ဆိုတဲ့ Function လေးပါတယ်။ လူတစ်ယောက်ကို Poke လုပ်တယ်၊ Poke လုပ်တယ် ဆိုတာ အစက သေသေချာချာ မသိပါဘူး။
နည်းနည်းလေးတော့ သိပါတယ်။ စစချင်း သိထားတုန်းက Poke တယ်ဆိုတာ စတယ်လို့သိထားခြင်း ဖြစ်ပါတယ်။ စာတွေပြန်ရှာ ဖတ်ကြည့်တော့လည်း Poke တယ်ဆိုတာ စ,တာပါပဲ။
ဇူကာဘတ် အနေနဲ့ Timeline အသစ်မိတ်ဆက်ပွဲတုန်းက Poke အကြောင်းကို ပြောပြခဲ့ပါတယ်။ Poke တယ်ဆိုတာ လူတစ်ယောက်ယောက် ကို ကိုယ့်ကို သတိထားမိအောင် စိတ်ဝင်စားအောင် လက်သွားတို့တဲ့ သဘောဖြစ်ပြီး သူ Poke, ကိုယ် Poke နဲ့ တစ်ဖက်က မရပ်မချင်း Poke War ဖန်တီးနိုင်တယ်လို့ ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မခင်သေးသူများ၊ ခင်ချင်သူများအတွက် အပျော်တန်း သုံးဖို့ထားထား တာလေးပါ။ ခင်ပြီးသား Friend တွေလည်း အားအားနေ လိုက် Poke နိုင်ပါတယ်။ Friend List ထဲ ရှိပြီးသား သူငယ်ချင်းတွေလည်း တစ်ယောက်တစ်လည့် Poke နိုင်ပါတယ်။
ဒီတော့ ကိုယ်က Friend မဖြစ်သေးတဲ့ သူတစ်ယောက်ယောက်ကို သွား Poke ပြီဆိုရင် အ Poke ခံရသူအနေနဲ့ လာ Poke တဲ့ သူရဲ့  Wall ကို အတားအဆီးမရှိ ဝင်ကြည့်လို့ရပါပြီ။ Friend List ထဲကလူတွေ မြင်ရ သလိုပဲ မြင်နိုင်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒါက ၃ ရက်အတွင်းမှာပါပဲ။ ဒီလိုနဲ့ သူက ကိုယ့်ကို လာ Poke လို့ တို့လည်း ပြန် Poke ပြီဆိုရင် နှစ်ဖက် စလုံးက တစ်ဖက်ဆီကို ၃ ရက် မြင်ခွင့်၊ ကြည့်ခွင့် ရမှာ ဖြစ်ပါတယ်။
ဒီတော့ တစ်ယောက်နဲ တစ်ယောက် ဓာတ်ပုံတွေကြည့်၊ Profile တွေဖတ်ပြီး ခင်ချင်ရင် Add လုပ်နိုင်ပြီး မခင်ချင်လည်း မ Add ပဲ နေလို့ရပါတယ်။ သို့တည်းမဟုတ် အ Poke ပြိုင်ပွဲ (Poke War) စေဆာ့ချင်တယ်ဆိုရင် လည်း ဆော့လို့ရပါတယ်။ ကိုယ်ကချည်း လိုက် Poke နေပြီး ဟိုက ပြန်မPoke ဘာလားဖြစ်နေလည်း ကိစ္စမရှိပါဘူး။ ဟိုက Block တာ ခံရရင်တော့ တစ်မျိုးပေါ့။
Poke မယ်ဆိုရင် Friend ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုယ် Poke ချင်တဲ့ သူရဲ့  Timeline ကိုဝင် Timeline Cover အောက်က Message ဆိုတဲ့ စာလေးက Setting sign ကို ကလစ်နှိပ်လို့ Poke ဆိုတာလေးကို ရွေး Click နှိပ်ရ မှာ ဖြစ်ပါတယ်။
Credit to aungkyaw.net
Thiha Htike
နောက်ဆုံးတင်ထားတာလေးတွေ
get this widget here