ယနေ့မှစ၍ သြဂုတ်လ ၃၁ ရက်နေ့အထိ Friends
and Family Service ၀န်ဆောင်မှု အစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်ပါသဖြင့်
ကြိုတင်ငွေဖြည့်ကဒ်သုံး GSM/WCDMA ဖုန်းသုံးစွဲသူများမှ
ပါဝင်ဆင်နွဲနိုင်ရန် ဖိတ်ခေါ်ပါသည်။ အစီအစဉ်တွင် ပါဝင်လိုသူများသည် 1331
သို့ Massage ပေးပို့ရန်သာ လိုအပ်ပါသည်။
(က)
ဦးစွာ မိမိမှ ရွေးချယ်ထားသည့် သူငယ်ချင်း/မိသားစုဝင် တို့၏
မိုဘိုင်းဖုန်းနံပါတ်များကို 1331 သို့ စာရင်းပေးသွင်းနိုင်ရန်အတွက် ADD
နှင့် (ပေးပို့လိုသော ဖုန်းနံပါတ်) ကို ရိုက်၍ Message ပေးပို့ရပါမည်။
နမူနာ ( ADD 095888999 )
(ခ)
ဖုန်းနံပါတ်များကို ပေးပို့ပြီးသည့်အခါတိုင်း အောက်ပါ Massage ကို
လက်ခံရရှိမည်ဖြစ်ပါသည်။ " Success! you can call 095888999 for 25
kyats/min until 2014-8-31"
(ဂ)
အကယ်၍ မိုဘိုင်းဖုန်းနံပါတ် ၃ ခုထက် ပို၍ ပေးပို့မိပါက အောက်ပါ Massage
ကို လက်ခံရရှိပါမည်။ " Sorry you have exceded friend list, you can add
only 3 friends, for more info please call 1876"
(ဃ)
စာရင်းပါ ဖုန်းနံပါတ်များကို ပြန်လည်ကြည့်ရှုလိုပါက မိမိ၏ ဖုန်းတွင် VIEW
ဟုရိုက်၍ 1331 သို့ Massage ပေးပို့၍ ကြည့်ရှုနိုင်ပါသည်။
(င)
စာရင်းသွင်းထားပြီးသော ဖုန်းနံပါတ် ၃ ခုကို အခြား
မိုဘိုင်းဖုန်းနံပါတ်ဖြင့် အစားထိုး ပြောင်းလဲလိုပါက မိမိ၏ ဖုန်းတွင်
MODIFY(ပေးပို့ပြီးဖုန်းနံပါတ်) (အစားထိုးပြောင်းလဲလိုသော ဖုန်းနံပါတ်အသစ်)
တို့ကို ရိုက်ပြီး 1331 သို့ Message ပေးပို့နိုင်ပါသည်။ (နမူနာ - MODIFY
094111222 094777888)
(စ) ဖုန်းနံပါတ်ပြောင်းလဲပြီးပါက အောက်ပါ Message ကိုလက်ခံရရှိပါမည်။ " Number 094777888 is now your new friend list"
သတိပြုရန် အချက်များ =============
(၁)
ဝန်ဆောင်မှု အစီအစဉ်အတွက် မှတ်ပုံတင်ကြေးအဖြစ် ၂၅၀၀ ကျပ်ကို
ဝန်ဆောင်မှုအသုံးပြုမည့်သူ၏ GSM/WCDMA မိုဘိုင်းဖုန်း လက်ကျန်ငွေမှ
နုတ်ယူမည်ဖြစ်ပြီး မိမိ ADD ပြုလုပ်ပေးပို့သော မိုဘိုင်းဖုန်း
နံပါတ်များသို့ (တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့်) စတင် အသုံးပြုသည့်နေမှစ၍
ရက်ပေါင်း ၃၀ အတွင်း ခေါ်ဆို အသုံးပြုနိုင်မည်ဖြစ်သည်။
(၂)
လောလောဆယ် အနေဖြင့် GSM/WCDMA မိဘိုင်းဖုန်းများသာ အသုံးပြုနိုင်ပြီး
မိမိ၏ နံပါတ်တစ်ခုလျှင် မိုဘိုင်းဖုန်း နံပါတ် အများဆုံး ၃ ခုသာ
ဝန်ဆောင်မှုကို ခွင့်ပြုထားပါသည်။ CDMA ဖုန်းကိုင်ဆောင်သူများအတွက်လည်း
မကြာခင် အချိန်အတွင်း အသုံးပြုနိုင်အောင် စီစဉ်လျှက်ရှိပါသည်။
(၃) 1331 သို့ Message ပေးပို့ခြင်းအတွက် အခမဲ့ ဖြစ်ပါသည်။ သို့သော်လည်း လက်ကျန်ငွေ ၂၅၀၀ ကျပ်အနည်းဆုံး ရှိရန် လိုအပ်ပါသည်။
(၄) ADD (သို့မဟုတ်) MODIFY ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် မိုဘိုင်းဖုန်းနံပါတ် ၁ ခုသာ ဆောင်ရွက်ရပါမည်။
(၅) စာရင်းပေးသွင်းထားသော ဖုန်းနံပါတ် ၃ ခုအနက် နှစ်သက်ရာ ၁ ခုကို ၁ ကြိမ်သာ လျှင် အစားထိုး ပြောင်းလဲ အသုံးပြုခွင့် ရရှိပါမည်။
(၆) အသေးစိတ် သိရှိလိုပါက www.mcit.gov.mm သို့ ၀င်ရောက်ကြည့်ရှုနိုင်ပြီး 1876 သို့ လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
Credit to maungpauk.org
Thiha Htike(THT)
0 comments:
Post a Comment
cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ