About

Sunday, July 20, 2014

ကားတွင် အသုံးပြုသည့် ဆော့ဖ်ဝဲကို ဟက်ကာများက အဝေးမှ ထိန်းချုပ်ပြီး ကားမောင်းပြခဲ့

Unknown | 2:52 PM | | Best Blogger Tips

http://www.yatanarpon.com.mm/sites/default/files/imagecache/9-col-350x262-px/news/2013/07%20/hard.jpeg


 
မောင်းသူမဲ့ကားများ ခေတ်စားနေချိန်တွင် တိုယိုတာနှင့် ဖို့ဒ်ကားများတွင် အသုံးပြုထားသော ဆော့ဖ်ဝဲကို ဟက်ကာများက အဝေးမှ ထိန်းချုပ်ပြီး ဟွန်းတီးခြင်း၊ ကားကွေ့ခြင်း၊ ကားမောင်းခြင်းနှင့် ဘရိတ်အုပ်ခြင်းများကိုပါ လုပ်ပြနိုင်ခဲ့ကြသည်။  လက်ပ်တော့တစ်လုံးကို အသုံးပြုရုံဖြင့် ကားတစ်စီးလုံးကို အဝေးတစ်နေရာမှ ကြိုးမဲ့ထိန်းချုပ်နိုင်ကြောင်း ဆော့ဖ်ဝဲ အင်ဂျင်နီယာနှစ်ဦးဖြစ်သည့် ချာလီမေလာနှင့် ခရစ္စဘာလာဆက်တို့က လက်တွေ့ သက်သေပြခဲ့သည်။ ခေတ်မီကားများ၏ အားနည်းချက်များကို ဖောက်ထွင်းအဖြေရှာရန် သူတို့နှစ်ဦး၏ အဆိုပါစီမံကိန်း ဖြစ်မြောက်လာရေးအတွက် အမေရိကန် အဆင့်မြင့် ကာကွယ်ရေး သုတေသနစီမံကိန်းမှ ရန်ပုံငွေ မတည်ပေးခဲ့သည်ဟု သိရသည်။ ယင်းတို့နှစ်ဦးက ကားများကို အဝေးတစ်နေရာမှ ထိန်းချုပ်ရာတွင် လူကိုယ်တိုင် မောင်းနှင်နေသကဲ့သို့ပင် ထိုင်ခုံခါးပတ်များအား တင်းကြပ်စွာ ပတ်ထားစေခြင်း၊ အချက်ပြမီးများကို မှန်ကန်စွာ ပြသခြင်း၊ ဆီစားနှုန်းကို လိုသလိုတွက်ချက်ပြီး မြန်နှုန်းကို အတိုးအလျှော့ ပြုလုပ်နိုင်ခြင်းတို့ကိုပါ လုပ်ပြနိုင်ခဲ့သည်။

ကားများတွင် အသုံးပြုသော ကြိုးမဲ့ကွန်ရက်စနစ်သည် ဖုန်းများနှင့် ကွန်ပျူတာများတွင် အသုံးပြုသော စနစ်နှင့် ဆင်တူကြောင်း ဂရင်းဘာ့ဂ်ျ သုတေသနအဖွဲ့၏ စာတမ်းများအရ သိရသည်။ တိုယိုတာပရိုင်းရပ်စ်ကားများတွင် အသုံးပြုသည့် လုံခြုံရေးကွန်ရက်နှင့် ဖို့ဒ်ကားများတွင် အသုံးပြုသည့် SYNC ဆော့ဖ်ဝဲစနစ်၏ အားနည်းချက်များကို ယခင်ကတည်းက ဆော့ဖ်ဝဲအင်ဂျင်နီယာများက ထောက်ပြသတိပေးဖူးသည်။ ချာလီမေလာနှင့် ခရစ္စဘာလာဆက်တို့၏ အဆိုအရ ၎င်းတို့သည် ကား၏ လုံခြုံရေးကွန်ရက်များကို အဝေးတစ်နေရာမှ ထိန်းချုပ်ရာတွင် လက်ပ်တော့များမှတစ်ဆင့် အမိန့်ပေးစေခိုင်းခြင်းများကို လိုသလိုပြုလုပ်နိုင်ကြောင်း သိရသည်။ 


0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here