About

Saturday, March 29, 2014

ဆန်းသစ်လာတဲ့ အနာဂတ် စားသောက်ဆိုင် ၀န်ဆောင်မူ များ

Thiha Htike | 3:00 PM | Best Blogger Tips

concept 






အရင်လို စားသောက်ဆိုင်တွေမှာ နှုတ်နဲ့ မှာကြားခြင်းတွေကို ကျော်လွှားနိင်မဲ့ အနာဂတ် Concept တစ်ခု ဖြစ်ပါတယ်။ ဒီ လို စားသောက်ဆိုင် နဲ့ ပတ်သက်တဲ့ တီထွင်မူနည်းပညာတွေကိုတော့ နည်းပညာ တိုးတက်လှတဲ့ ဂျပန်နိင်ငံမှာ တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ စားပြီးတာနဲ့ အဆင်ပြေစွာ ငွေရှင်းနိင်တဲ့ ၀ိုင်ယာလစ် ငွေပေးချေခြင်းတွေ ၊ စားခင်မှာ Interface တွေကိုသုံးကာ ခြေဟန်လက်ဟန်တွေကို သုံးပြီး အစားအစာ မှာကြားနိင်မဲ့ နည်းပညာတွေ ဖြစ်ပါတယ်။ 

အခု ထို နည်းပညာတွေကို ဖြစ်ထွန်းလာအောင်လို့ ကြိုးပမ်းနေတုန်း ဖြစ်ပါတယ်။ အဆိုပါ စမ်းသပ်မူတွင်
Apple ရဲ့ iBeacon နည်းပညာ လည်းပါဝင်ခဲ့ပါတယ်။ စားပွဲများကြားထဲကနေ စားပွဲတစ်ခုချင်းစီရဲ့ မှာကြားမူတွေကို တိကျမြန်ဆန် စေမဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ i Device ထဲမှာ ဘလူးတုမ့်လ် ထောက်ကူမူတွေနဲ့ အတူ Manu App တွေမှ တစ်ဆင့် အော်ဒါတွေကို မှာ ကြားနိင်မှာ ဖြစ်ပါတယ်။ 

ထို App ဟာ i Beacon ကနေတစ်ဆင့် မိတ်ဆွေရဲ့ စားသောက်မူ ပြီးဆုံးပါက ငွေပေးချေမူတွေကို လည်း အလွယ်တကူ ဆောင်ရွက်နိင်စေမှာ ဖြစ်ပါတယ်။ နောက်ထပ် နည်းတစ်ခုကတော့ စားပွဲပေါ်က touch PC ဖြစ်ပါတယ်။ 2D မျက်နှာပြင်ထက်မှာ စားစရာတွေကိုရွေးချယ်နိင်မှာ ဖြစ်ပြီး စားသောက်ဖွယ်ရာတွေက အမယ်တွေ အရသာအကြောင်းတွေကိုပါ အသေးစိတ်ဖတ်ရူနိင်မှာ ဖြစ်ပါတယ်။ 

ထိုသို့ ဖြစ်ဖို့ကို စားပွဲပေါ်မှာရှိတဲ့ ဖယောင်းတိုင်မီးခွက်ကို ကွန်ပျုတာ မြှားလို့ အသုံးပြုပြီးထောက်ညွှန်နိင်မှာ ဖြစ်ပါတယ်။ ထို စားပွဲဟာ HDMI ဆက်သွယ်ထားတဲ့ TV set တစ်ခု ဖြစ်ပြီး ထို PC ထိုစားပွဲရဲ့ အပေါ်မှာ ရှိတဲ့ အနီအောက်ရောင်ခြည် ဖြတ်သန်းထားတဲ့ Wii Remote ကိုအသုံးပြုထားပြီး စားပွဲပေါ်ကို အလင်းသက်ရောက် ထားတာ ဖြစ်ပါတယ်။ ကောင်းမွန်တိုးတက်ကာ အဆင်ပြေလှတဲ့ နည်းပညာတွေပါပဲ။




Thihahtike

Welcome from My Blog


Mobile နည်းပညာများကိုမေးမြန်းလိုပါက thihahtike.it@gmail.com ကိုမေးမြန်းနိုင်ပါတယ်နော်....



Credit-smart pro journal

0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here