ကားတစ်စီးထဲမှာ သူငယ်ချင်း ၃ ယောက် အတူပါလာပြီး ခရီးသွားကြပါတယ်။
တစ်ယောက်က ရူပဗေဒ ပညာရှင်၊ တစ်ယောက်က အင်ဂျင်နီယာ၊ တစ်ယောက်က ပရိုဂမ်မာ။
လမ်းတစ်နေရာရောက်တော့ ကား ဘရိတ်ပေါက်လေရော။ အရှိန်က ထိန်းမရတော့ပဲ
ပိုပိုလို့ မြန်လာ ပါတယ်။
ချောက်ထဲ ကျခါနီးနီးကားကို ကြိုးစားပန်းစားနဲ့ ပြန်မောင်းယူရပြီး အသက်ဘေးမှ သီသီလေး လွတ်သွားပါတယ်။
( မသီသီလေးကို ဆိုလိုခြင်းမဟုတ်ပါ) ဒီလို ရင်တမမနဲ့ ပြီးသွားတော့
ရူပဗေဒ ပညာရှင် လူငယ်က - “ဘရိတ်ပေါက်တယ်ဆိုတာ Brake pad မှာ
ပွတ်တိုက်မှု - Friction များပြီး အပူလွန်ကဲလို့။ အဲဒါကို
လျော့ချနိုင်အောင် ပြန်ပြင်ရမယ်”
အင်ဂျင်နီယာ လူငယ်က - “ကားနောက်မှာ Spanner တွေ ငါထည့်လာတယ်။ အဲဒါသုံးပြီး ဘာအမှားအယွင်းရှိလဲ ပြန်ကြည့်ရအောင်”
ပရိုဂမ်မာ က ယခုလို ပြောပါတယ်။ “နောက်တစ်ခါ ထပ်စမ်းပြီး စီးရအောင်။ သေချာတဲ့ Error တွေ့မှ တို့တွေ ပြန်ပြင်ကြတာပေါ့” .
Ref:techjoke
0 comments:
Post a Comment
cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ