Nokia အနေဖြင့် ၄င်းတို့သည်လည်း Android နှင့်ပတ်သက်၍
နားလည်သိရှိကြောင်းကို အသိပေး သည့် အနေဖြင့် X ၊ X+ ၊ Xl ဟုအမည်ပေးထားသော
Hansets သုံးမျိုးကို ထုတ်လုပ်ပြသခဲ့ပါသည်။ အဆိုပါ ဟန်းဆက်များတွင် Nokia X
ဟန်းဆက်သည် မျက်နှာပြင် ၄ လက်မရှိ၍ IPS LCD Display ကိုအသုံးပြုထား ကာ RAM
512 MB ရှိ၍ ကင်မရာမှာ 3MP ဖြစ်ပါသည်။ တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၂၅
ရှိပြီး 1GHz Dual-Core Qualcomm Snapdragon Processor ကိုအသုံးပြုထားကာ
အဖြူ၊ အနက်၊ အစိမ်း၊ အ၀ါ၊ ခရမ်းနှင့် အနီရောင်တို့ဖြင့် ထုတ်လုပ်ထားပါသည်။
Nokia X+ Handset တွင်လည်း Nokia X ကဲ့သို့ပင် မျက်နှာပြင် ၄ လက်မနှင့်
Dual-Core Qualcomm Snapdragon Processor ကိုအသုံးပြုထားပါသည်။ သို့သော်
768MB RAM အသုံးပြုထားပြီး 4GB MicroSD Card ဖြစ်ကာ ကုန်ကျငွေမှာ
အမေရိကန်ဒေါ်လာ ၁၃၅ ဖြစ်ပါသည်။
Nokia XL သည် မျက်နှာပြင်အကျယ် ၅ လက်မရှိ၍ ၄င်းတွင်လည်း Qualcomm Chip
နှင့် IPS Display ကိုအသုံးပြုထားပါသည်။ ၄င်းတွင်လည်း 768MB RAM ဖြစ်ပြီး
ကင်မရာမှာ 2 လုံးပါဝင်၍ အနောက်တွင် 5MP အရည်အသွေးရှိပြီး ရှေ့တွင် 2MP
ဖြစ်ကာ ဟန်းဆက် ၃ ခုတွင် ဈေးနှုန်းအနေဖြင့် ၁၅၀ ဒေါ်လာဖြစ်သောကြောင့်
ဈေးအကြီးဆုံးလည်းဖြစ်ပါသည်။
ဟန်းဆက်များတွင် Skype အား Install ထားကြောင်းပြသထားသလို Nokia ၏ကိုယ်ပိုင် Store တွင်လည်း Android Apps များစွာအား ထည့်သွင်းထားသည်ဟု သိရှိရပြီး ဈေးကွက်တွင် မကြာမီဖြန့်ချိတော့မည် ဖြစ်ပါသည်။
ဟန်းဆက်များတွင် Skype အား Install ထားကြောင်းပြသထားသလို Nokia ၏ကိုယ်ပိုင် Store တွင်လည်း Android Apps များစွာအား ထည့်သွင်းထားသည်ဟု သိရှိရပြီး ဈေးကွက်တွင် မကြာမီဖြန့်ချိတော့မည် ဖြစ်ပါသည်။
===============
ပြန်ဆိုသူ-World Wide
Ref:thetechjournal
Ref:TechSpace Journal
Thihahtike
0 comments:
Post a Comment
cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ