iOS ဆိုရင် Apple, Android ဆိုရင် Google နဲ့ မတူညီတဲ့
လမ်းကွဲပြားမူတွေရှိကြကာ ယခုတစ်ခါ Google မိတ်ဆက်လိုက်တဲ့ Android Wear
ကတော့ အံ့သြသင့်စရာ ကောင်းမွန်လွန်လှပါတယ်။ စမတ်နာရီတစ်လုံးထက်ကို
ပိုပါတယ်။ Google ကုမ္ပဏီဟာ အသစ်အသစ်သော မိုဘိုင်းအမျိုးအစားအသစ်တွေကို
ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။ လက်ကောက်ဝတ်မှာ ၀တ်ဆင်ရပြီး "OK Google "
လို့ခေါ်တဲ့ Google ရဲ့ အသံအမိန့်ပေးခြင်းခိုင်းစေမူတွေကို
အပြည့်အ၀အသုံးချထားပါတယ်။ ကားဆီဖြည့်ခြင်း၊ စားသောက်ဆိုင်
ကြိုတင်နေရာမှာထားခြင်းတို့ကို အသံအမိန့်ပေးခြင်းတို့ဖြင့်
ဆောင်ရွက်လာနိင်တဲ့ နည်းပညာ တစ်မျိုးပါ။ လက်မှာ ပတ်ထားပြီး
အသံပိုင်းရှာဖွေမူတွေထက်ကို ပိုပါတယ်။ သင့်ရဲ့ ဆိုရှယ်နက်ဝပ်တွေ၊ Google
Talk , Hangout တွေက မက်ဆေ့တွေနဲ့ noti တွေ ကိုလည်း ပြန်လည် ဖြေဆိုနိင်မှာ
ဖြစ်ပါတယ်။ မနက်လင်းလို အလုပ်သွားရမဲ့ အချိန်ကိုသတိရှိစေဖို့
ပြောကြားပေးမဲ့ သတိပေးမူတွေ၊ ကမ်းခြေမှာ ရေကူးခါနီး
အကောင်ဘလောင်တွေရှိနေရင် သတိပေးမဲ့ နည်းပညာတွေနဲ့ မက်ဆေ့တွေကိုလည်း reply
လို့ပြောပြီးတာနဲ့ အသံနဲ့ ပြန်လည်ပေးပို့နိင်မဲ့ အဆင်ပြေတဲ့
ဝတ်ဆင်စရာမျိုးပါပဲ။ မကြာမီလာတော့မှာပါ။
0 comments:
Post a Comment
cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ