About

Saturday, January 25, 2014

ဖုန်းဆင်းမ်ကတ် ၅၀,၀၀၀ ပင်စင်စားများအတွက် စချပေးပြီ

Unknown | 2:21 AM | Best Blogger Tips

ဇန်န၀ါရီလတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေးမည့် မိုဘိုင်းဆင်းမ်ကတ်လုံးရေ ၃၅၀,၀၀၀ တွင် အငြိမ်းစားသက်ပြည့်ပင်စင်စားဝန်ထမ်းများအတွက် ခွဲတမ်း ၅၀,၀၀၀ ပါဝင်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်သည်။

ထိုသို့သက်ပြည့်ပင်စင်စား အငြိမ်းစား ၀န်ထမ်းများကို တန်ဖိုးနည်းဖုန်းဆင်းမ်ကတ်များ ခွဲတမ်းချကာ ရောင်းချပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အင်းစိန်မြို့နယ်ရှိ အငြိမ်းစားကျောင်း ဆရာမကြီး ဒေါ်မြစောက “ဖုန်းဆင်းမ်ကတ်တွေ အငြိမ်းစားဝန် ထမ်းတွေကို ချထားပေးတာကောင်းပါတယ်။ ဒါပေမဲ့ ဖုန်းဆင်းမ်ကတ်ကို သွားလျှောက်ထားဖို့က ဘယ် လို ပုံစံမျိုးလျှောက်ထားရမယ်ဆိုတာ မသိဘူး။ ရပ်ကွက်ရုံးမှာပဲ စုံစမ်းရမှာပဲ”ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သက်ပြည့်ပင်စင်စား အငြိမ်းစားဝန်ထမ်းများသို့ WCDMA ဖုန်းဆင်းမ် ကတ်အလုံးရေ ၅၀,၀၀၀ ချပေးသွားမည်ဖြစ်သည်။

ဇန်န၀ါရီလတွင် တစ်နိုင်ငံလုံးအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များချထားပေးရာတွင် CDMA 800 MHzမိုဘိုင်းဆင်းမ်ကတ် ၁၅၀,၀၀၀၊ GSM မိုဘိုင်းဆင်းမ်ကတ် ၁၀၈, ၁၀၀ နှင့် WCDMA ဆင်းမ်ကတ် ၉၁,၉၀၀ ကို ချထားပေးမည်ဖြစ်သည်။

ကျပ် ၁၅၀၀ မိုဘိုင်းဆင်းမ်ကတ်များကို ၂၀၁၃ ခုနှစ် ဧပြီလအတွင်းက စတင်ချထားပေးခဲ့ပြီး လက်ရှိ အချိန်အထိ မိုဘိုင်းဆင်းမ်ကတ်ပေါင်း ၃ ဒသမ ၂ သန်းကျော် ချထားပေးပြီဖြစ်သည်။ တစ်နိုင်ငံလုံးအနေ ဖြင့် စုစုပေါင်း မိုဘိုင်းဖုန်း ခုနစ်သန်းကျော် ချထားပေးပြီးဖြစ်ရာ အိမ်ထောင်စု တစ်စုပေါင်း ၈ ဒသမ ၇ သန်းနှင့် အချိုးကျတွက် ချက်ကြည့်ပါက အိမ်ထောင်စု ၁ ဒသမ ၃၄ စုတွင် မိုဘိုင်းဖုန်းတစ်လုံးနှုန်းသာ အသုံးပြုနိုင်သေးသည်။

အစိုးရဌာနအသီးသီးမှ အငြိမ်းစား ပင်စင်စားဝန်ထမ်း ရှစ်သိန်းကျော်ရှိပြီး နိုင်ငံရေးပင်စင်စား ၄၀,၀၀၀ ကျော်ရှိသည်။

0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here