About

Tuesday, January 28, 2014

HP Pavilion 14-Sleekbook (Touch)

Unknown | 5:37 PM | Best Blogger Tips


 
 
 
 
 
 
 
 
 
 
 
မြန်မာပြည်၏တရားဝင် ဖြန့်ချီရေးကိုယ်စားလှယ်ဖြစ်သော Royal Smart Trading Co.,Ltd. မှနေ၍ HP ၏ Sleekbook Series ဖြစ်သော b151TU Model အသစ်တစ်မျိုးထပ်မံမိတ်ဆက်ပေးလိုက်ပါသည်။

Processer (i3) ကို Window 8 License Window ဖြင့်ပေါ့ပေါ့ပါးပါးအသုံးပြုချင်သူများအတွက် အထူးပင်နှစ်ခြိုက်စေမှာဖြစ်ပါသည်။ တည်ငြိမ်ရင့်ကျက်သော အနက်ရောင် နှင့် ပုလဲရောင်ကို အချိုးကျ ရောယှက်ပေါင်းစပ်ထားပြီး License Window အဖြစ် Window 8 ကို ခန့်ခန့်ညားညား အသုံးပြုနိုင်အောင် ဖန်တီးထားပါသည်။ Pavilion 14-Sleekbook (Touch) Laptop Weight မှာ 2kg အလေးချိန်သာ ရှိပြီးအထူမှာ လက်မဝက်ခန့်သာ ရှိသည့်အတွက် အသုံးပြုသူနှစ်ခြိုက်စေမှာဖြစ်ပါသည်။


Window 8 အသုံးပြုရာတွင် လွယ်ကူအဆင်ပြေချောမွေ့စေရန်အတွက် Touch Smart Technology (Touch Screen) ကို အသုံးပြုနိုင်အောင်ပြုလုပ်ထားပြီး Processor အဖြစ် Core (i3) 2375M (1.5GHz) အသုံးပြုထားသည့်အပြင် Memory မှာ 4GB အထိပါဝင်ပြီး Data Storage အဖြစ် 500GB ပါဝင်ထားပါသည်။ HP ၏ နည်းပညာသစ်တစ်ခုဖြစ်တဲ့ Protect Smart ကိုအသုံးပြုထားသည့်အတွက် Laptop အားထိခိုက်မှုဖြစ်ခဲ့ရင်တောင် မိမိ Harddisk ထဲမှ Data များ ဆုံးရှုံးမှုများကို ကာကွယ်စေမှာပါ။ နောက်ထပ်နည်းပညာသစ် Cool smart ကလည်း မိမိတို့၏ Laptop အပူချိန်ကို လိုအပ်သလိုချိန်ညှိပေးသွားမှာပါ။ Audio ပိုင်းမှာလည်း ကမ္ဘာကျော် ALTEC LANSING CO.,Ltd. မှ ထုတ်လုပ်သည့် dts sound system speaker များကို အသုံးပြုထားသည့်အတွက် စစ်မှန်တဲ့ အသံအရည်အသွေးကို ခံစားရရှိစေမှာပါ။


Super-speed USB (3.0) ကိုထည့်သွင်းအသုံးပြုထားသည့်အပြင် ခေတ်နှင့်လျော်ညီသော အသုံးပြုမှုကို ပြုလုပ်နိုင်မည်ဖြစ်ပြီး မရှိမဖြစ်လိုအပ်သော HDMI, Bluetooth တို့ပါရှိပါသည်။ Webcam တွင် တစ်မူထူးခြားလှသော HP မှထုတ်သည့် HP True vision HD Webcam ကို အသုံးပြုထားပြီး High Definition Low Light Technology အသုံးပြုထားသဖြင့် အလင်းရောင်နည်းပါးသည့်အခြေအနေများမှာပင် မိမိ၏ ပုံရိပ်များကို စိတ်ကျေနပ်မှုရရှိစေမှာပါ။ နောက်ထပ်ထူးခြားမှုမှာ Webcam တွင် built-in ပါဝင်သော microphone မှာ internet အသုံးပြုသူများအတွက် အဆင်ပြေလှပါသည်။ Screen Size မှာ 14” HD Brightview LED Backlit ဖြစ်သည့်အပြင် Battery မှာ 4 Cells ပါဝင်သည့်အတွက် ပုံမှန် Laptop အသုံးပြုနိုင်သလိုအသုံးပြုနိုင်ပါသည်။

ပေါ့ပေါ့ပါးပါးနှင့် အဆင့်မြင့်မြင့် Laptop ရှာနေသူများအတွက် Royal Smart Trading Co.,Ltd. မှ တင်သွင်းထားသော HP Pavilion 14-Sleekbook (i3) Laptop ကို အသုံးပြုသူများအတွက် HP Reseller ဆိုင်များတွင် Global Warranty အာမခံ သက်တမ်း (၁)နှစ် ဖြင့်ဝယ်ယူရရှိနိုင်ပါသည်။

Enduser – 579 USD
Authorized Distributor of Myanmar
Royal Smart Trading Co.,Ltd.
Tel: 092500 88599, 88600, 88699 01-379564,379835
office@smart-myanmar.com

0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here