About

Tuesday, January 28, 2014

တွေ့မိတွေ့ရာဒဿနလေးတွေပါ.....

Unknown | 2:13 PM | Best Blogger Tips

အပြုံးပေါ် အလှဆင်
ယှဉ်တကာ တင်ပါလို့
မြင်သူငေး စွဲမက်အလှက
ကြည်တိုင်းရင်ကို အေးချမ်းစေတယ်
ဒီအလှပေါ် အရောင်ဆိုးလို
ရောင်စုံမြင်ကွင်းက
ခေတ်ကို ပျက်စေခဲ့ ပြီလား
သာကီနွယ်တဲ့ ဒို့မြန်မာတွေ
အနာဂတ်ယဉ်ကျေးမူကို
မပျက်သုန်းကြပါစေနဲ့လား ...








ကျလိကျလိနဲ့ ငှက်ကလေးတွေ
အိမ်ပြန် အိပ်တန်းတက်နေပြ
သူတို့လေးတွေ အေးချမ်းတယ်လို့
လူတွေက ပြောတက်ကြတယ်
ဟုတ်ပမလား
ကိုယ်နေဖို့ အသိုက်
စားဖို့အစား
ကိုယ်တိုင်လုပ်နေ ရှာဖွေရတာပါ
မမျှော်လင့်တဲ့ အန္တရယ်ဆိုတာလည်း
ရှိတက်သေးပါတယ်
ရုန်းကန်မူမရှိ
အေးချမ်းတယ်လို့
မမြင်ပါနဲ့လား
အရာရာဟာ ခက်နေတက်ပါတယ်ဆိုတာ
သင်သိထားပါ...










 စကားတန်ဖိုးက အချိန် နဲ့ နေရာကို သိဖို့ အရေးပါတယ်။
ပြောမယ့်စကားကို ပြောသင့်တဲ့ အချိန် ပြောရမယ့် နေရာ ကိုသိဖို့ အရေးပါပါတယ်။
ဒါကို လွဲမှားပြီး ပြောရင် ဘာစကား ဘာအလုပ်ဖြစ်ဖြစ် မဖြစ်ထွန်းနိုင်ဘူး။
အချိန်ခါ မရွေး နေရာမရွေး ပြောလို့ရတဲ့ စကားဆိုတာ မရှိပါဘူး။






စေတနာအမှား ဆိုတာ အမြင်မတော်တာက စတာပဲ။

အမြင်မတော်လို့ တည့်သွားအောင် ပြောလိုက်မှ ပြဿနာဖြစ်ရော။

ဒါကြောင့် လူတိုင်းအပေါ်စေတနာ လွန်းကဲစွာ ထားတာက မကောင်းဘူး။






အရာရာကို ဆုံးဖြတ်ခွင့် ကိုယ့်မှာ မရှိပါဘူး။

အရာရာကို လုပ်ဆောင်နိုင်ခွင့်တော့ ရှိပါတယ်။

ကိုယ်ရဲ့ လုပ်ဆောင်မူကို တခြားသောသူကသာ ဆုံးဖြတ်ကြမှာပါ

ကိုယ်လုပ်ဆောင်ပြီး ကိုယ့်ကိုယ်တိုင် ဆုံးဖြတ်တာဟာ ဒိုင်မပါတဲ့ ဘောလုံးပွဲလိုပဲ
လူကျွံလို့ ကျွံမှန်းမသိ ဖြစ်နေတက်ပါတယ်။












စိတ်ပျော်စေဖို့ တခဏသာ အပျော်မရှာပါနဲ့
တစ်ဘဝမှာ တစ်ခဏသာ အပျော်ကြောင့်
ဘဝပျက်ခဲ့သူတွေ ဒုနဲ့ဒေး
ဒါကို ဆင်ခြင် ပြင်ဆင်မယ့်အစား
မလုပ်မိအောင် ထိန်းထားခြင်းက
တစ်ဘဝစာကို လုံခြုံပါတယ်
ဘယ်လိုနည်းနဲ့မဆို ဆွဲဆောင်ကြပါစေ
သတိအမြဲထားပါ...
 
 
 
 

0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here