About

Wednesday, January 29, 2014

အချော့မတော်

Unknown | 1:03 AM | Best Blogger Tips

ချစ်ချစ်သောက်သောက် စိတ်တွေကောက်
အဝေးနေမောင်က သဘောမပေါက်
သဘောပေါက်ပြီးနောက် ချော့ဖို့ရောက်
အချိန်မမီတဲ့ ချော့ခြင်းနောက်
ချစ်နုတ်သီးလေး ကောက်..ကောက်… ကောက်..။

အွန်လိုင်းကပြော မောင့်သဘော
အလိုက်မသိမိတာ ခွင့်လွှတ်နော
ချစ်သူစိတ်သဘော ပြေဖို့စော
ချော့လိုက်ရတာ အမောတကော
မောင့်ရင်ခွင်မှာ မော..မော..မော..။

ယနေ့ယခု ကတိပြု
အတူနေတဲ့အခါ အလိုက်သိမှု
မောင်ကပြုစု ချစ်စိတ်မခု
သက်ဆုံးနေဖို့ အဓိဋ္ဌာန်ပြု။
(မောင့်ချော့သံက ညု..တု..တု..။)

0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here