About

Saturday, January 25, 2014

ရတနာပုံတွင် ကစားသမားများစည်းလုံးမှုပြိုကွဲနေဟု နည်းပြချုပ်ဝန်ခံ

Unknown | 2:24 AM | Best Blogger Tips

ရတနာပုံတွင် ကစားသမားများစည်းလုံးမှုပြိုကွဲနေဟု နည်းပြချုပ်ဝန်ခံ

ရဲရင့်ဋ္ဌေး|ဇန်န၀ါရီ ၂၄ ရက်၊ သောကြာနေ့၊ ၂၀၁၄ ခုနှစ်

ရတနာပုံအသင်းနည်းပြချုပ် ဦးခင်မောင်တင့်ကရတနာပုံအသင်းတွင် စီနီယာကစားသမားများနှင့် လူငယ်ကစားသမားများအကြား စည်းလုံးမှုပြိုကွဲနေသည်ဟု ၀န်ခံပြောကြားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ထိပ်သီးကလပ် အသင်းတစ်သင်းဖြစ်သော ရတနာပုံအသင်းအနေဖြင့် သုံးနှစ် ဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့ပြီးနောက် ၂၀၁၄ ဘောလုံးရာသီအတွက်အသင်းကိုပြောင်းလဲမှုများ ပြုလုပ်ခဲ့ကာ ကစားသမား ၁၂ ယောက်ကို ထွက်ခွာခွင့်ပေးခဲ့သလို နည်းပြသစ်အဖြစ် ယခင်နည်းပြ ဟောင်း ဦးခင်မောင်တင့်ကို ပြန်လည်ခန့်အပ်ခဲ့သည်။ “ကျွန်တော် အသင်းကိုပြန်ရောက်တော့ ရတနာပုံ အသင်းက တော်တော်လေးပြောင်းလဲနေပြီ။ အမှန်အတိုင်းပြောရရင် စီနီယာတွေနဲ့ အငယ်တွေကြားမှာ စည်းလုံးမှုပျက်နေတယ်။ တော်တော်လေး ပြင်ဆင်ခဲ့ရတယ်။ ပြီးတော့ လေ့ကျင့်ရေးမှာ လူမစုံဘူး။ နိုင်ငံ ခြားသားကစားသမားတွေကလည်း စမ်းသပ်ဆဲပါ။ လာမယ့်ရာသီမှာ အဆင့်သုံးအတွင်းဝင်ဖို့ မျှော်မှန်း ထားပါတယ်” ဟု ဦးခင်မောင်တင့်က မဇ္ဈိမသို့ပြောသည်။

ရတနာပုံအသင်းနည်းပြချုပ် ဦးခင်မောင်တင့်မှာ၂၀၀၉ ခုနှစ်မှစ၍ ၂၀၁၁ ဘောလုံးရာသီအထိ ရတနာ ပုံအသင်းတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ဘောလုံးရာသီမှစ၍ မနောမြေအသင်းသို့ ပြောင်းရွှေ့ခဲ့ကာ ယခုနှစ်တွင် ရတနာပုံနည်းပြချုပ်အဖြစ် ပြန်လည်ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် ရတနာပုံအသင်းမှ ၀ါရင့်ကစားသမားများဖြစ်သော ဂိုးသမားယဉ်မင်းအောင်နှင့် ကွင်းလယ်ကစားသမား အောင်ကျော်မိုးတို့မှာလည်းအသင်းတွင် နည်းပြအဖွဲ့ဝင်များအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်မည် ဖြစ်သည်။

ရတနာပုံအသင်းအနေဖြင့် လာမည့်နှစ် ဘောလုံးရာသီအတွက် နိုင်ငံခြားသားကစားသမားလေးဦးစလုံး ခေါ်ယူမည် ဖြစ်ပြီး မက်ဆီဒိုးနီးယား နောက်ခံလူတစ်ဦးနှင့် ဂျပန်ကွင်းလယ် ကစားသမားတစ်ဦးတို့ကို ရက်ပိုင်းအတွက် စာချုပ်ရန် စီစဉ်ထားကာ ကျန်ကစားသမားများကိုလည်း
ယခုလအတွင်း ခေါ်ယူမည် ဖြစ်သည်။

0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here