About

Tuesday, January 28, 2014

မိုက်ခရိုဆော့ဖ်မှ ၄င်း၏ Cloud ဝန်ဆောင်မှု Sky Drive အား One Drive ဟုအမည်ပြောင်း

Unknown | 6:00 PM | Best Blogger Tips


မိုက်ခရိုဆော့ဖ်မှ Sky Drive အား One Drive ဟု ယနေ့ ၂၇-ဇန်နဝါရီ-၂၀၁၄တွင်အမည်ပြောင်းခဲ့ပြီး ဝက်ဘ်ဆိုက်အနေဖြင်www.onedrive.com အားတရားဝင်မှတ်ပုံတင်ခဲ့ကာ You Tube တွင် One Drive အတွက် promotion ဗီဒီယိုဖိုင်အား(www.youtube.com/watch?feature=player_embedded&v=e4NsPPUDjyU )လွှင့်တင်ခဲ့သည်။

မိုက်ခရိုဆော့ဖ်မှ ထုတ်ပြန်ကြေညာချက်အရ မကြာမီမှာ ပြောင်းလဲထားသော အမည်ဖြင့် ဝန်ဆောင်မှုများကို စတင်ပေးသွားတော့မည်ဖြစ်ကြောင်းနှင့် သင်၏ contents များနှင့် သင်မျှော်လင့်ထားသောအရာများကို One Drive တစ်နေရာတည်းမှာ လုပ်ဆောင်ရယူသုံးစွဲနိုင်မည်ဖြစ်ပြီး One Drive နှင့် One Drive for Business ဟူ၍ဝန်ဆောင်မှု နှစ်မျိုးထွက်ရှိလာပါလိမ့်မည် ဟု ဆိုသည်။

ယင်းကဲ့သို့ အမည်ပြောင်းလဲခဲ့ရခြင်းမှာ မိုက်ခရိုဆော့ဖ်အနေဖြင့် British Sky Broadcasting Group (BSkyB) နှင့် ၄င်း၏ Sky Drive မှာ နာမည်တူသောကြောင့် US တရားရုံးတစ်ခုမှာ အမည်ပြောင်းလဲရန် အမိန့်ပေးခြင်းခံခဲ့ရပြီး microsoft အနေဖြင့် တစ်စုံတစ်ရာ စောဒကမတက်ခဲ့ပဲ BSkyB နှင့် သဘောတူညီမှုများလုပ်ဆောင်ခဲ့သည်။

Microsoft ကမူ ၄င်း၏ OneDrive အတွက် များစွာစိတ်လှုပ်ရှားမှုများရှိနေသည်ဟုဆိုသည်။ မကြာမီကာလတွင် OneDrive ကိုသုံးစွဲသွားနိုင်တော့မည်ဖြစ်ကာ လက်ရှိ SkyDrive သုံးစွဲသူများအနေဖြင့် ၄င်းတို့၏ account များဖြင့်ဆက်လက်သုံးစွဲနိုင်မည်ဖြစ်သည်။ User အသစ်များကတော့ onedrive.com တွင် email လိပ်စာပေးထားနိုင်ပြီး One Drive ဝန်ဆောင်မှုစတင်သုံးစွဲနိုင်သည့်အချိန်မှာ အကြောင်းကြားလာပါလိမ့်မည်။


Photo: မိုက်ခရိုဆော့ဖ်မှ ၄င်း၏ Cloud ဝန်ဆောင်မှု Sky Drive အား One Drive ဟုအမည်ပြောင်း
========================================

          မိုက်ခရိုဆော့ဖ်မှ  Sky Drive အား  One Drive ဟု ယနေ့ ၂၇-ဇန်နဝါရီ-၂၀၁၄တွင်အမည်ပြောင်းခဲ့ပြီး ဝက်ဘ်ဆိုက်အနေဖြင့် www.onedrive.com အားတရားဝင်မှတ်ပုံတင်ခဲ့ကာ You Tube တွင် One Drive အတွက် promotion ဗီဒီယိုဖိုင်အား(www.youtube.com/watch?feature=player_embedded&v=e4NsPPUDjyU )လွှင့်တင်ခဲ့သည်။

        မိုက်ခရိုဆော့ဖ်မှ ထုတ်ပြန်ကြေညာချက်အရ မကြာမီမှာ ပြောင်းလဲထားသော အမည်ဖြင့် ဝန်ဆောင်မှုများကို စတင်ပေးသွားတော့မည်ဖြစ်ကြောင်းနှင့် သင်၏ contents များနှင့် သင်မျှော်လင့်ထားသောအရာများကို One Drive တစ်နေရာတည်းမှာ လုပ်ဆောင်ရယူသုံးစွဲနိုင်မည်ဖြစ်ပြီး One Drive နှင့် One Drive for Business ဟူ၍ဝန်ဆောင်မှု နှစ်မျိုးထွက်ရှိလာပါလိမ့်မည် ဟု ဆိုသည်။

        ယင်းကဲ့သို့ အမည်ပြောင်းလဲခဲ့ရခြင်းမှာ မိုက်ခရိုဆော့ဖ်အနေဖြင့် British Sky Broadcasting Group (BSkyB) နှင့် ၄င်း၏ Sky Drive မှာ နာမည်တူသောကြောင့် US တရားရုံးတစ်ခုမှာ အမည်ပြောင်းလဲရန် အမိန့်ပေးခြင်းခံခဲ့ရပြီး microsoft အနေဖြင့် တစ်စုံတစ်ရာ စောဒကမတက်ခဲ့ပဲ BSkyB နှင့် သဘောတူညီမှုများလုပ်ဆောင်ခဲ့သည်။

      Microsoft ကမူ ၄င်း၏ OneDrive အတွက် များစွာစိတ်လှုပ်ရှားမှုများရှိနေသည်ဟုဆိုသည်။ မကြာမီကာလတွင် OneDrive ကိုသုံးစွဲသွားနိုင်တော့မည်ဖြစ်ကာ လက်ရှိ SkyDrive သုံးစွဲသူများအနေဖြင့် ၄င်းတို့၏ account များဖြင့်ဆက်လက်သုံးစွဲနိုင်မည်ဖြစ်သည်။ User အသစ်များကတော့ onedrive.com တွင် email လိပ်စာပေးထားနိုင်ပြီး One Drive ဝန်ဆောင်မှုစတင်သုံးစွဲနိုင်သည့်အချိန်မှာ အကြောင်းကြားလာပါလိမ့်မည်။

=========================================

Nyein Chan(TSJ Tech Team)

=========================================

0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here