About

Saturday, January 25, 2014

ပြင်ဦးလွင်တောင်တက်လမ်းကို ပိတ်လျက် ပြုတ်ကျခဲ့သည့် ဆင်းတုတော်ကို လမ်းလွတ်ရာသို့ ပင့်ဆောင်

Unknown | 2:22 AM | Best Blogger Tips

ပြင်ဦးလွင် တောင်တက်လမ်းတွင် ၁၂ ရက်ကြာ လမ်းပိတ်ဆို့ပြုတ်ကျခဲ့သည့် တရုတ်နိုင်ငံသို့ ပင့်ဆောင်မည့် တန်ချိန် ၄၆ တန်ရှိ စကျင်ဗုဒ္ဓရုပ်ပွားတော်ကို လမ်းလွတ်ရာသို့ ဇန်န၀ါရီ ၂၃ ရက်က ပြောင်းရွှေ့ပူ ဇော်လိုက်ပြီဖြစ်သည်။

ဇန်န၀ါရီ ၁၀ ရက် မွန်းလွဲ ၄ နာရီခန့်တွင် ပြင်ဦးလွင်မြို့၊ တောင်တက်လမ်း မိုင်တိုင် ၁၉ မိုင်ငါးဖာလုံတွင် ၂၄ ဘီးယာဉ်ဖြင့် မတ္တရာမြို့နယ် စကျင်တောင်မှ ရွှေလီမြို့သို့ ပို့ဆောင်ရန် သယ်ယူလာသည့် ဥာဏ် တော်၂၂ ပေ၊ ဒူးခွင်အကျယ် ၁၃ ပေ၊ ထုရှစ်ပေခန့်နှင့် တန်ချိန် ၄၆ တန်ရှိ စကျင်ကျောက်ဖြင့် ထုလုပ် ထားသည့် ဗုဒ္ဓရုပ်ပွားတော်သည် တောင်တက်ကွေ့တွင် စည်းနှောင်ထားသည့် သံကြိုးများပြေကာ ပြုတ် ကျခဲ့ခြင်းကြောင့် ဇန်န၀ါရီ၂၃ ရက် မွန်းလွဲတွင် ကရိန်းနှစ်စီးဖြင့် လမ်းလွတ်ရာသို့ ပင့်ဆောင်ခဲ့ကြောင်း ပြင်စာရဲကင်းစခန်းမှ တပ်ကြပ်ကြီးဦးသန်းဝင်းထံမှ သိရှိရသည်။

“ဆင်းတုတော်ကြီးကြောင့် အတက်ကားကြီးတွေ လမ်းကျပ်တည်းသွားရပါတယ်။ အနီးဆုံး တစ်ဖာလုံ လောက်မှာရှိတဲ့ အဓိဋ္ဌာန်အောင်ဘုရားဝင်းအနီး ကရိန်းကားနဲ့ ပင့်ဆောင်ထားရှိဖို့ စီစဉ်ခဲ့ပေမယ့် အား လုံးတိုင်ပင်ပြီး ဖြစ်ပွားတဲ့နေရာအနီး လမ်းလွတ်ရာမှာ ယာယီထားသွားမှာပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ ကျောက်ဆင်းတုရုပ်ပွားတော်ကြီးမှာ တောင်တက်လမ်းဘေး၌ ၁၂ရက်ကြာသည်အထိ ရှိခဲ့ရပြီး၊ တောင်တက်ကုန်ကားများမှာ ပိတ်ဆို့နေမှုကြောင့် တောင်တက်ယာဉ်များ အခက်အခဲများရှိခဲ့ရပြီး ဇန်န၀ါ ရီလ ၂၂ ရက်က မှိုများတင်ဆောင်လာသည့် ၂၄ ဘီးကားမှာ ရုပ်ပွားတော်ကို ရှောင်လွှဲကွေ့ရာမှ အရှိန် လွန်ပြီး တင်ဆောင်လာသည့်ပစ္စည်းများ ပြုတ်ကျခဲ့ကြာင်း၊ အလားတူဖြစ်ရပ်များ ဆင်းတုတော်ပိတ်နေ သည့် ၁၂ ရက်အတွင်း ကြိမ်ဖန်များစွာဖြစ်ခဲ့သည်ဟု အနီးဝန်းကျင်မှ ဒေသခံများက ဆိုသည်။

0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here