About

Monday, January 27, 2014

Files Upload & Sharing with Google Drive (Google Drive မှာ ဖိုင်တင်ပြီး ပြန် ရှယ် တဲ့ နည်းလေးပါ။ Gmail အကောင့် မပျက် သရွေ့ လင့်မသေ)

Unknown | 3:24 PM | Best Blogger Tips


ကျွန်တော့်အနေနဲ့ ဖိုင်တစ်ခုခုကို Upload တင်တော့မယ်ဆိုရင် ကိုယ်တင်ထားတဲ့ ဖိုင်လေးတွေ ရေရှည် ခံမှာလား၊ စိတ်ချရလား၊ ကိုယ် Upload တင်ရတာနဲ့ ဒေါင်းယူမယ့်လူတွေအတွက်ရော အားလုံး လွယ်ကူ အဆင်ပြေမှာလားဆိုတာ အမြဲစဉ်းစားပါတယ်။ ဟိုအရင်တုန်းက ကျွန်တော် Mediafire ဆိုဒ်ကို သုံးခဲ့တယ်။ နောက်ပိုင်း Copyright ငြိတာတွေနဲ့ ခဏခဏ ဖိုင်တွေ အဖျက်ခံရတယ်။ 
ဥပမာ ဆော့ဝဲလ်တစ်ခုကို မူရင်းဆိုဒ်က ရောင်းစားတယ်။ အဲဒါကို ကိုယ်က Patch ဖိုင်တွေနဲ့ တင်တာ၊ Portable လုပ်ပြီး တင်တာတို့ဆို ဖျက်ပါတယ်။ တစ်ခြားဖိုင်တွေဆိုလည်း တစ်နှစ်လောက် ပီးရင် ဖျက်ပစ်တာပါပဲ။ ဒါက Mediafire ဆိုဒ်တင် မဟုတ်ပါဘူး။ Free File Hosting တိုင်းလိုလိုပဲ လုပ်နေကြတာ။ နောက် Flash Song တွေ Upload တင် [ လင့်ချိတ် ] တဲ့ သူငယ်ချင်းတွေ အများစုက Ning ဆိုဒ်တွေမှာပဲ သွားပြီး လုပ်နေကြတာပါ။ 
ခုနောက်ပိုင်း Ning ဆိုဒ်တွေဆို အများကြီးကို ပေါ်လာနေပါတယ်။ လင့်ချိတ်တဲ့လူတွေကလည်း အလွယ်တစ်ကူပါပဲ။ နောက် အဲဒီဆိုဒ်က အကြောင်းအမျိုးမျိုးကြောင့် ဆိုဒ်ပျက်သွားခဲ့ရင် ကိုယ်တင်ထားတဲ့ လင့်တွေက အလုပ် မလုပ်တော့ပါဘူး။ ပြီးတော့ ကိုယ် အဲဒီဆိုဒ်ကို မဝင်ချင်တော့လို့ အပြီးထွက်ရင်လည်း လင့်တွေ ပျက်ပါတယ်။ 
Google Drive မှာ ကျွန်တော်တို့ Blogger တွေ၊ Flash Song Creator တွေအားလုံး အတွက် ဆော့ဝဲလ်တွေနဲ့ ဖလပ်သီချင်းတွေ Mp3 သီချင်းတွေ၊ ပုံတွေ၊ PDF ဖိုင်တွေ နဲ့ တစ်ခြား ဖိုင်တွေအားလုံးကို အွန်လိုင်းပေါ်မှာတင် သိမ်းဆည်းပြီး ပြန်လည်မျှဝေဖို့ကို သင့်အနေနဲ့ Gmail အကောင့် တစ်ခု ရှိရုံနဲ့ 15 GB အထိ Upload လုပ်နိုင်ပါတယ်။ 
.zip .rar နဲ့ ချုံ့ထားတဲ့ ဖိုင်တွေဆိုရင် လင့်ကို တစ်ချက်နှိပ်လိုက်ရုံနဲ့ ဒေါင်းလုပ်ကျပြီး Flash Song တွေရင်လည်း လိုင်းပေါ်မှာတင် နားထောင်လို့ရပါတယ်။ Download အတွက် ပေးချင်တယ် ဆိုရင်လည်း လင့်တစ်ခုနဲ့တင် ရပါပြီ။ MP3 သီချင်းတွေဆိုရင်လည်း ဒေါင်းလုပ်ပေးလို့ရတယ်။ Flash Mp3 Player တွေနဲ့ ကုတ်ထည့်ပြီး တင်လို့ရတယ်။ 
ကိုယ့်ဝဘ်ဆိုဒ်မှာ အသုံးပြုဖို့ .css , .js ဖိုင်တွေကိုလည်း ကုတ်နဲ့ထည့်ပြီး သုံးလို့ရတယ်။ html ဖိုင်တွေကိုလည်း လိုင်းပေါ်မှာတင် ကြည့်လို့ရပါတယ်။ ဒီတော့ ကျွန်တော်တို့အတွက် Google Drive ထက်ကောင်းတာ ဘာရှိဦးမလဲ။ Google Drive ဆိုတာ www.google.com ကို သွားလိုက်ရင် Gmail ရဲ့ ညာဘက်မှာ ရှိပါတယ်။

0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here