About

Saturday, January 25, 2014

ကျုံးအတွင်း ကျောက်ရိုးနံရံများ ဆေးသုတ်

Unknown | 1:31 AM | Best Blogger Tips

မန္တလေးကျုံးနှင့်မြို့ရိုး၏ လှပမှုခန့်ညားမှုကို ပိုမိုအမြင်တင့်တယ်ရန် အစိမ်းရင့်ရောင်ဆေးကို ကျုံးအတွင်း ကျောက်ရိုးနံရံ လေးဘက်လေးတန်တစ်လျှောက် ဆေးသုတ်ခြင်းလုပ်ငန်းကို ဇန်န၀ါရီ ၂၃ ရက်မှ စတင် ကာ ဆောင်ရွက်လျက်ရှိသည်ဟု မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံ ဌာနမှ ဌာနမှူးဦးမျိုးအောင်က ပြောသည်။

“ကုန်ကျစရိတ်က ကျွန်တော်တို့ တွက်နေတုန်းပါ။ သိန်းတစ်ရာကျော်လောက် ကုန်မယ်။ လုပ်ငန်းက တော့ စနေပါပြီ။ ဒီဘတ်ဂျက်နှစ်အတွင်း အပြီးဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။

အဆိုပါလုပ်ငန်းအတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာ နမှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး အရှေ့ကျုံးနှင့် တောင်ကျုံးထောင့်ရှိ ကျောက်ရိုးနံရံမှ စတင် ဆောင်ရွက်လျက်ရှိကာ ၂၀၁၃-၂၀၁၄ စည်ပင်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်သည်။

“လက်ရှိအရောင်က အဖြူရောင်ဆိုတော့ ကျုံးမြို့ရိုးကြီးရဲ့ လှပမှုနဲ့ခန့်ညားမှုကို အနှောင့်အယှက်မဖြစ် စေတဲ့ ဆေးအရောင်မျိုးကို စမ်းသပ်ပြီးမှ ဆောင်ရွက်တာပါ။ ဒီနှစ်ဘတ်ဂျက်ထဲမှာ အပြီးလုပ်သွားမှာပါ” ဟု ဆိုသည်။

ယခင်က အဆိုပါလုပ်ငန်းအတွက် ကျုံးမြို့ရိုးအတွင်း ပေါက်နေသော အပင်များနှင့် လိုက်ဖက်ညီသည့် ငြိမ်သောအရောင်ကို စမ်းသပ်ကာ သုတ်ထားခြင်းဖြစ်ပြီး ယခုဘတ်ဂျက်နှစ်အတွင်း မန္တလေးကျုံးမြို့ရိုး နှင့်ပတ်သက်၍ ကျုံးနံရံများ အသေးစား ပြုပြင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here