ရုပ်ရှင်ရိုက်ကူးခွင့်ကို ၁၅ နှစ်ကျော်ကြာ ပိတ်ထားသည့်
ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်း ပထမဆုံးအနေ ဖြင့် ပြန်ရိုက်ခွင့်ရသည့်
“ဂျက်စင်ထိပ်က ပြားကိုးဆယ်” ဇာတ်ကားတွင် “တစ်ချိန်တုန်းက တက္ကသိုလ်” သီချင်း
မျိုးနှင့်သက်ဆိုင်သည့် တေးသီချင်းများကိုသာ ထည့်သွင်း
အသုံးပြုသွားမည်ဖြစ်ပြီး ယခုအခါ ရွေးချယ်နေဆဲ ဖြစ်သည်” ဟု ဒါရိုက်တာ ပြည်ဟိန်းသီဟက ပြောသည်။
“ဒီနေ့ အပြီးရိုက်ကူးမှာပါ။ ပထမဆုံး ရန်ကုန်တက္ကသိုလ်ထဲမှာ
ပြန်ရိုက်ခွင့်ရတဲ့အတွက် ဒီကားကို အမြန်ဆုံး ဖြန့်ချိဖို့တော့ အစီအစဉ်
ရှိပါတယ်။ မဟုတ်ရင် နောက်လူတွေလဲ ကျောင်းထဲမှာ ရိုက်လာမှာဖြစ်တဲ့အတွက်
အမြန်ဆုံး ဖြန့်နိုင်မှဖြစ်မှာပါ။ ဟာသကားရိုက်တဲ့
ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့အတွက် ဒီကားလေးကလည်း ဟာသကားလေး တစ်ကားပါပဲ။
ထူးခြားချက်ကတော့ မမြင်ရတာကြာပြီဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ရဲ့ပုံရိပ် တွေကို
ပြန်လည်မြင်တွေ့ရတော့မှာပါ” ဟု ပြောသည်။
“ဂျက်စင်ထိပ်က
ပြားကိုးဆယ်” ဇာတ်ကားသည် ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ပြည်ဟိန်းသီဟ
က ရိုက်ကူးထားခြင်းဖြစ်ပြီး မြင့်မြတ်၊ အိန္ဒြာကျော်ဇင် အပါအ၀င် ဇာတ်ပို့၊
ဇာတ်ရံ၊ ဟာသသရုပ်ဆောင် ပေါင်းများစွာဖြင့် ရိုက်ကူးထားသည့်
ဟာသဗီဒီယိုဇာတ်ကားဖြစ်သည်။ ယင်း ဇာတ်ကား၏ ထုတ်လုပ်ရေး သည်
အောင်တိုင်းကျော်ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးဖြစ်ပြီး
ဒါရိုက်တာပြည်ဟိန်းသီဟ၏ ကားရိုက် ကူးမှု ၅၀ မြောက်ဖြစ်သည့် ဇာတ်ကား
တစ်ကားဖြစ်သည်။
ယင်းဇာတ်ကားသည် “ချမ်းသာ”ဆိုသည့်
ပြားကိုးဆယ်မပြည့်သည့် ကောင်လေးသည် အမြဲတမ်း အလွဲလွဲ အချော်ချော်ဖြစ်နေသည့်
တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်သည်။ ယင်းကို ကျောင်းသား၊ ကျောင်း သူများက
“ပြားကိုးဆယ်” ဟု ခေါ်ကြပြီး “မီမီကျော်”ဆိုသည့် ကောင်မလေးကိုတွေ့ပြီး
ချစ်သူဖြစ်သွားချိန် တွင် လွဲချော်မှုများရှိနေခြင်းများကိ
“ဒီကားအတွက် မြင့်မြတ်ကို ရွေးရတာက သူက သဘာဝကျကျ သရုပ်ဆောင်တတ်တယ်။
ပြီးတော့ ပြားကိုး ဆယ်ပုံစံမျိုးနဲ့လဲ လိုက်တဲ့အတွက် ရွေးတာပါ။ တက္ကသိုလ်
ကျောင်းသူ အိနြေ္ဒရှိရမယ်၊ တည်ငြိမ်ရမယ်၊ ပြီးတော့ လုံချည်နဲ့လဲလိုက်ဖက်ပြီး
ငြိမ်မယ့်ကာရိုက်တာကို သရုပ်ဆောင်နိုင်မယ့်သူ လိုချင်တာကြောင့်
အိန္ဒြကျော်ဇင်ကို ရွေးလိုက်တာပါ” ဟု ဒါရိုက်တာက ထပ်မံပြောသည်။
ယင်းဇာတ်ကားတွင် တက္ကသိုလ်ကျောင်းသူများသည် မြန်မာဆန်ဆန်ဝတ်စုံများဖြင့်သာ
ယနေ့ခေတ်ပုံစံ ၀တ်စားဆင်ယင်မှုမျိုးဖြင့် သရုပ်ဆောင်ထားကြသည်။
Mizzima - News in Burmese
Saturday, January 25, 2014
“ဂျက်စင်ထိပ်က ပြားကိုးဆယ်” ဇာတ်ကားတွင် “တစ်ချိန်တုန်းက တက္ကသိုလ်” သီချင်းမျိုး ထည့်သွင်းမည် Friday, January 24, 2014
Unknown | 1:22 AM | သတင်းများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ