About

Wednesday, January 22, 2014

Funny Virus ရေးနည်း

Unknown | 2:03 PM | Best Blogger Tips

Virus မရေးခင် virus ဆိုတာဘာလဲသိဖို့တော့လိုမယ်ထင်တယ်နော်...virus ဆိုတာရှင်းရှင်းလေးပါ...
ကွန်ပြူတာကိုဖျက်စီးဖို့ code အနည်းငယ်နဲ့ရေးဆွဲထားတဲ့ Program လေးတခုပေါ့...ကဲကလိကြတာ
ပေါ့မကလိပဲမနေနိုင်တဲ့သူတွေအတွက်ကလိဖို့နည်း....virus ရေးပီး ကလိကြမယ်..ရေးဖို့ထွေထွေ
ထူးထူးတော့မလိုပါဘူး computer က notepad လေး shortcut လေးတွေနဲ့တင်အလုပ်ဖြစ်ပါတယ်။
အခုပြောပေးမှာ က သူငယ်ချင်းကိုစဖို့ Funny Virus ရယ် တကယ့်အန္တရာယ်ရှိတဲ့ virus ရယ်
နှစ်မျိုးပါ။......

အရင်ဆုံး Funny virus ရေးနည်းလေးအရင်ပြမယ်....
Funny Virus-1
Shutdown virus (Funny)
အရင်ဆုံး desktop ပေါ်မှာ mouse right click ကိုနှိပ်ပါ။ new ကိုသွားပြီး shortcut လေးတခုလုပ်လိုက်ပါ။
creat shrotcut ဆိုတဲ့ box လေးပေါ်လာပါမယ်။ပေါ်လာရင် browse ဘေးကအကွက်ထဲမှ အောက်ကဟာ
လေးတွေ ကူးထည့်ပေးလိုက်ပါ။

shutdown -s -t 60 -c "WARNING A Virus has been detected on your computer,emergency shutdown initiated"

အောက်ကပုံကြည့်

အနီပြထားတဲ့ နေရာတွေမှ မိမိထည့်လို့တဲ့ဟာပြောင်းရေးထည့်လို့ရပါတယ် 60 ဆိုတာ Shutdown ကျစေချင်တဲ့ အချိန် စက္ကန့်ပါ။ကုဒ်ရေးထည့်ပြီးရင် Next နှိပ်ပါ။Virus အတွက်နာမည်တခုပေးပါ။နောက် Finish နှိပ်ပါ။Virus shortcut လေးရပါပြီ။အဲဒါလေးကို Run လိုက်ရင်တော့ ဒန်တန်တန်...
အဲဒါနဲ့ ဒီလို shortcut ပုံစံကြီးဆိုတော့ဘယ်သူကဖွင့်ကြည့်မှာလဲ စိတ်ဝင်တစားဖွင့်ကြည့်အောင် icon လေးချိန်းရမယ်။ icon ချိန်းဖို့ shortcut ကို right click နှိပ်ပါ။properties ထဲဝင် change icon ကိုသွားကိုယ်ကြိုက်တဲ့ပုံလေးနဲ့ချိန်းလိုက် အိုကေပီ.......ကဲအဲဟာလေးဖွင့်တာနဲ့ ဘာမှနှိပ်မရပိတ်မရပဲ Virus ကြောင့် Shutdown ကျတာ ထိုင်ကြည့်ရပီပေါ့.


0 comments:

Post a Comment

cOmmEnT လေးများ အားတပ်မက်ပါသောသူပါခင်ဗျာ

နောက်ဆုံးတင်ထားတာလေးတွေ

get this widget here